Thursday, April 05, 2007

မနက်ခင်းရဲ့ အတွေးအမျှင်လေးတစ်စ

ဟိုဟာကို ဟိုလိုလုပ်ကြည့်တာ အဆင်မပြေတာနဲ့ ဒီလို ပြောင်းလုပ်ကြည့်တယ်။ မရဘူး။ ဘာလို့လဲဆိုတော့ သူက ဒီဟာကို ဒီလိုပဲလုပ်ရမယ်လို့ နဂိုကတည်းကိုက သတ်မှတ်ထားလို့တဲ။ ဟိုလိုသွားလုပ်ပေမယ့် ဒီလိုဖြစ်လာဖို့ဆိုတာ မလွယ်ဘူးတဲ့။ အချိန်နည်းနည်းလိုတယ်တဲ့။ လောလောဆယ်မှာ ဒီလိုလိုချင်ရင် ဒီလိုပဲ လုပ်ပါတဲ့။ ဟိုလို မလုပ်ပါနဲ့ဦး။ ဟိုအချိန်ကျမှပဲ ဟိုလိုလုပ်ရင် ဒီလိုဖြစ်လာနိုင်ပါမယ်တဲ့။ ဒီအချိန်မှာ ဒီလိုလုပ်တာပဲ ကောင်းပါတယ်တဲ့… အဲဒီတော့ ကျွန်တော်လည်း ဒီလိုပဲ လုပ်လိုက်ရတယ်ဗျာ.

အဲဒါဘာလဲ…

ကျွန်တော်လည်း မသိဘူး။ မသိလို့ မေးနေတာလေ….

လျှောက်မတွေးပါနဲ့. ဘလော့ဂ်ကို EOT လုပ်ကြည့်တော့ ဖြစ်လာတဲ့ အပိုင်းအစလေးတွေပါ. ကိုင်တော့ကိုင်ထည့်ပစ်လိုက်တာပဲ. ရလည်းရသွားတယ်. ပုံလည်းတော်တော်ပျက်သွားတယ်. သိပ်မကြိုက်သေးတာနဲ့ နောက်တစ်နည်း ပြောင်းစမ်းကြည့်ဦးမယ် ဆိုပြီး အားခဲထားတယ်. ခုတော့ EOT File တွေကို သပ်သပ်သိမ်းထားပြီး ဘလော့ဂ်ကို အရင်အတိုင်းပဲ ခဏပြန်ထား ထားတယ်။

ကိုယ်မှန်းသလို မဖြစ်လာတတ်တဲ့ အရာမျိုးဟာ ကိုယ်လုပ်ရင်ဖြစ်ရမယ်ဆိုတဲ့ စိတ်ဓာတ်ကို တိုက်စားခြင်းမှာ ပျော်မွေ့ပုံပေါက်တယ်. ဒီတော့လည်း ကိုယ့်ကို ဆွဲချနေတဲ့ စိတ်ညံ့ စိတ်ယုတ်တွေ အသာစီးမရလေအောင်၊ ၀မ်းမမြောက်ရ လေအောင် ဘယ်လိုလုပ်ရပါ့မလဲ စဉ်းစားလိုက်တော့ ကိုယ်မှန်းတိုင်းမဖြစ်လည်း မမှုဘူး၊ ဒီဟာကို လုပ်ချင်လို့ကို လုပ်တယ် ဆိုတယ် စိတ်ဓာတ်မျိုးလေး ပြန်ထားပေးလိုက်ရင် ဘယ်နှယ့်လဲပေါ့။ အဲဒါဆို ကိုယ့်ကို အောက်ကို ဖြိုဖျက်ချင်နေတဲ့ အဖျက်အင်အားတွေကို အေးဆေးစွာ အောင်နိုင်လိုက်မှာပဲနော်.

သည်းခံခြင်းဟာ အောင်နိုင်ခြင်းတဲ့လား

သည်းခံတယ်ဆိုတာ စော်ကားမှုကို သည်းခံတယ်ဆိုတဲ့ အရာမျိုးနဲ့ပဲ မြင်တတ်ကြတယ်နော်. တစ်ခြားအဓိပ္ပါယ်တစ်ခုက ခံနိုင်ရည်ရှိတာကိုလည်း သည်းခံတယ်လို့ ဆိုတာပဲ မဟုတ်လား.

ရည်မှန်းချက် မအောင်မြင်သေးခင် စပ်ကြားကာလမှာ ကြုံတွေ့လာရတဲ့ အခက်အခဲတွေကို ခံနိုင်ရည်ရှိတာ၊ သူများတွေ အောင်မြင်ပေမယ့် ကိုယ်မအောင်မြင်သေးတာမှာ အချိန်တစ်ခု လိုနေသေးတယ်ဆိုတာကို သိမြင်လက်ခံနိုင်တာ၊ ကိုယ်လုပ်တိုင်း မဖြစ်လာတာကိုလည်း ယောနိသော မနသိကာရဆိုတဲ့ အပြုမြင်စိတ်ဓာတ်လေး ထားနိုင်တာ… ဒါတွေဟာလည်း သည်းခံခြင်းပဲလေ….

ဒီတော့ကာ……….

……………………

……………………

Attitude.

Attitude....

Attitude.........

5 comments:

Hay Mar said...

Your first paragraph is very clear.
I should learn from you how to teach the students. Actually I also taught like that, ha ha.

Anonymous said...

Thanks for this post. phat p sate chann thar par the..

Yan said...

Ma Hay Mar>> I have spent 6 years to be able to write like that. LOL...

Yan said...

ACM>>Glad to hear that, Ma Ain Chann Myay. I will come and enjoy the scene of the canadian ranges again. Haha.

Thinzar said...

ဟိုဟာတွေကော ဒီဟာတွေကော နဲ့ ဘာများလည်းလို့ အလန့်တကြား။ EOT မြန်မြန်ပြီးအောင် လုပ်ဦးနော်။ ကျောင်းကနေ ဖတ်လို့ မရလို့။ နောက်တစ်ပါတ်ဆိုရင် ကျောင်းပြန်ရောက်တော့မှာ။