Tuesday, April 24, 2007

နေ့စဉ်သုံးစကားများထဲမှ သတ္တ၀ါလေးများ


သတ္တ၀ါလေးတွေကို စကားပြောတဲ့အထဲမှာ ခိုင်းနှိုင်းပြီး ပုံပေးပြော တတ်ကြတယ်နော်. အဲဒါလေးတွေကို အပျင်းပြေလေး စာရင်းလုပ်ကြည့် ထားတာပါ. ညီအစ်ကိုတို့ သိတာလေးတွေကိုလည်း Comment ထဲမှာ ရေးပေးခဲ့ပါလား. ဒါလေးတွေကို မူတည်ပြီး ဇာတ်လမ်းလေးတစ်ပုဒ်လောက် ရေးမယ်စဉ်းစားထားလို့ပါ… ကျေးဇူးတင်ပါတယ် ကိုကိုမမ ညီလေး ညီမလေးတို့ရေ….


ခုလိုအားတက်သရော ၀င်ရောက်ဆွေးနွေးပေးကြတဲ့ ဘလော့ဂါကိုကို မမများကို ကျေးဇူးဥပကာရ အထူးပင် တင်ရှိပါ၏.

အကောင်ပလောင်များ ကျန်နေသေးလျှင်လည်း ဒီပို့စ်လေးရဲ့အောက်မှာ ဆက်ပြီးလာမွေးပေးကြပါ. (အကောင်လေးတွေကို ပြောတာနော်.) တော်ကြာ ဘုန်းကြီးအမှုရွာပတ်ပြီး ဖွတ်မရဓားမဆုံးဖြစ်နေခဲ့ရင်တော့ မိုးကြိုးပစ်တာကို ထန်းလက်နဲ့မကာပါနဲ့. (မှန်အောင်ကိုပစ်မှာ)

ပစ်ကာမှ ပစ်ပါပြီဆိုပြီး လက်ပံပင်ဆက်ရက် ကျသလိုအော်ရင်တော့ မျောက်မီးခဲကိုင်မိတာထက် ပိုဆိုးသွားမယ်. ခုဟာက ကုလားသိုက်ကို ၀င်ကိုက်မယ့်ကျားမဟုတ်ဘူး. အကြံကုန်လို့ ဂဠုန်ဆားချက် မယ့်လူစားမျိုးလည်း မဟုတ်ဘူး. ဒီပို့စ်ကို ကမ္ဘာကျော်သွားအောင် ရေးပြမလို့ ကတွတ်ပေါက်က စောင့်တဲ့ ဗျိုင်းလို စောင့်နေတာ. ရေတွင်းထဲက ဖားသူငယ်လေးပါလို့ အမနာပ ပြောမယ်ဆိုရင်တော့ နဂါးတို့မျက်စောင်း အကြောင်းမရွေးဘူးဆိုတာ သိသွားစေရမယ်….

လောလောဆယ်တော့ နှစ်ဦးနှစ်ဘက် ပြေရာပြေကြောင်းလေးနဲ့ပဲ လောကကောင်းကျိုးသယ်ပိုးကြတာပေါ့ဗျာ. ဟုတ်တယ်မလား ရှဉ့်လည်းလျှောက်သာ ပျားလည်း စွဲသာပေါ့. မြွေမသေ တုတ်မကျိုး နည်းလမ်းက အသင့်တော်ဆုံးပါပဲလေ. ပညာရှာနေတဲ့အချိန်မှာ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးလို နေမှ ပညာပိုရမယ်လို့ ဆရာတစ်ယောက်က မှာခဲ့ဖူးတယ်ဗျ. နေရာတကာ နဂါးမှန်းသိအောင် အမောက်မထောင်သင့်ဘူး. ကိုယ့်ကိုယ်ကိုမှ မထိန်းချုပ်နိုင်ရင်တော့ မျောက်လောင်းမျောက်လောင်းဘ၀ ပြန်ရောက်မှာပဲလေ.. ဘယ်သူက ဘယ်ဝါဆိုတာ တစ်ချိန်ချိန်ကျရင် လယ်ပြင်ဆင်သွားသလို ထင်ရှားလာမှာပဲ မဟုတ်လားဗျ….

ခွေးလှေးခုန်လို့ ဖုန်မထဘူးလို့လည်း မှိုချိုးမျှစ်ချိုး ပြောချင်နေသူများ ရှိမှာပေါ့. ဒါပေမယ့်ဗျာ. ဆင်လည်း ဆင်အထွာနဲ့ ကြွက်လည်းကြွက်အထွာနဲ့ပဲ မဟုတ်လားဗျ. ပညာရှင်ကြီးတွေတောင် ဒီလိုစာသားမျိုးလေးတွေနဲ့ စာမူတစ်ပုဒ်ရေးဖြစ်ဖို့ စဉ်းစားမိဖြစ်ချင်မှ စဉ်းစားမိမယ်. ရေးမိရင်တောင် ကျွန်တော့်လို ပြောင်ချော်ချော်နဲ့ ရီစရာ ဖြစ်အောင်ရေးမှာ မဟုတ်ဘူး။ ဒါဆိုရင်တော့ ဘယ်သူကမှ စိတ်ဝင်တစားဖတ်ဖြစ်မှာ မဟုတ်ဘူးဗျ. မြင်းကောင်းခွာလိပ်ပြီပေါ့ဗျာ.

ကျွန်တော်ကတော့ ဝေ့လည်ကြောင်ပတ်နဲ့ လိုရင်းကို ရောက်အောင် ဖြည်းဖြည်းချင်း ဆွဲခေါ်သွားတတ်တဲ့သူမျိုးပါ. ဒါကြောင့် ငယ်သာငယ် ပင်လယ်ကို ကူးဖြတ်ဖို့ ကြိုးစားနေတဲ့ ပုစွန်ဆိတ်လေးတစ်ကောင်လို့ မှတ်ယူစေချင်ပါတယ်. ခါချဉ်ကောင်မာန်ကြီးလို့ တောင်ကြီးကို ဖြိုမယ်ကြံနေသလို ဖြိုနိုင်ဖို့အင်အားကိုလည်း စုဆောင်းနေသူတစ်ယောက်ပါ. ဆင်ကန်းတောတိုး အလုပ်လုပ်တတ်သူတစ်ယောက် မဟုတ်ဘူးဆိုတာ မှတ်ယူစေချင်ပါတယ်. ဘယ်သူမှ မရေးနိုင်ဘူးထင်လို့ တောမီးလောင် တောကြောင်လက်ခမောင်းခတ်နေတာလည်း မဟုတ်ပါဘူး. တစ်ချို့ကတော့ ထင်မှာပါ. အလုပ်မရှိကြောင်ရေချိုးတယ်ပြောပြီး ငါးခူပြုံးလေးပြုံး နေကြမှာပေါ့. ရပါတယ်ဗျာ.

ဒါဆိုရင်လည်း ခုပဲ ရေးပါတော့လားလို့ ပြောရော့မယ်. ရေးမှာပါခင်ဗျာ. လောလောဆယ်မှာ လိုအပ်တဲ့ ကုန်ကြမ်းလေးတွေ လိုက်လံ စုဆောင်းနေလို့ပါ. တစ်ချိန်တည်းမှာပဲ လိုအပ်မယ့် စကားလုံးလေးတွေကို တစ်ယောက်တည်းမရှာဘဲ မိတ်ဆွေအပေါင်း အသင်းများကိုပါ အကူအညီတောင်းပြီး စုဆောင်းနေတာပါ. ပမာဆောင်ရရင်တော့ ကြက်လည်းမောစေ ယာလည်းညက်စေပေါ့ဗျာ.. လောလောဆယ်မှာတော့ စာမေးပွဲနဲ့ ပျားတုပ်နေတာလည်း ပါပါတယ်.အများကြီးတော့လည်း ထည့်မရေးချင်ပါဘူး. နည်းနည်းလေးပဲ ရေးရင်လည်း ဆင့်ပါးစပ်နှမ်းပက်သလို ဖြစ်သွားမှာပေါ့. ဘာလို့လဲဆိုတော့ ကျွန်တော်တို့ မြန်မာစကားက ကျယ်ပြန့်လွန်းတာကိုး… လိုအပ်တဲ့ အတိုင်းအတာတစ်ခုထိ စကားလုံးလေးတွေ စုဆောင်းမိရင်တော့ စရေးပါတော့မယ်. ရော့ပတ္တမြားဆိုမှတော့ ရော့နဂါးပေါ့ဗျာ...

ဟဲဟဲ ဥပမာရေးပြတာနော်. ဒီလောက်ဆို ယုံပြီမဟုတ်လား. ဆက်သာပံ့ပိုးပေးကြပါဦး ကိုကိုမမတို့ရေ… အားလုံးကို လေးစားချစ်ခင်လျက်ပါ ခင်ဗျာ...





ဥပမာလေးတွေ ဖြည့်စွက်ပေးသူများကို နာမည်နဲ့တကွ ဒီပို့စ်လေးမှာ update လုပ်ပေးသွားမယ့်အပြင် ဇာတ်လမ်းလေးပြီးသွားရင်လည်း Credit ပေးထားပါမယ်…

ကြောင်ခံတွင်းပျက်နဲ့ ဆက်ရက်တောင်ပံကျိုး
အလုပ်မရှိ ကြောင်ရေချိုး
ကြောင်ကျကျ
ကြောင်သူတော် ကြွက်သူခိုး

ကျားချောင်းချောင်း
ကျားနာတစ်ကောင်လို
ကျားနဲ့ဆင် လယ်ပြင်မှာတွေ့
ခြင်္သေ့လည်ဆံလို
ငါးကြော်မကြိုက်ကြောင်မိုက်
စားနေကျ ကြောင်ဖား

ကြွက်စုတ်ကျနေတာပဲ
ခိုညည်းညည်း
ခါချဉ်ကောင်မာန်ကြီးလို့ တောင်ကြီးကိုတဲ့ ဖြိုမယ်ကြံ

ပျားအုံတုတ်နဲ့ထိုး
ပျားတုပ်နေတယ်
ဒေါင်းမျိုး၊ ခွေးမျိုး

သမင်လည်ပြန်
သမင်လည်တိုင်

မျောက်ရှုံးအောင်ဆော့
မျောက်အုန်းသီးရသလို
မျောက်မီးခဲ ကိုင်မိသလို
မျောက်သားစားချင် မျောက်မျက်နှာ မကြည့်နဲ့
မျောက်လောင်းမျောက်လောင်းဘ၀ ပြန်ရောက်တာပါပဲ

ဆင်ကြံကြံ
ဆင်သွားရင်လမ်းဖြစ်
ဆင်ဝှေ့ရန်ရှောင်
ဆင်ကန်းတောတိုး
မုန်ယိုနေတဲ့ ဆင်လို
ဆင်မယဉ်သာ
ဆင်ဦးကင်းပုံစံ နဖူးလေး
လယ်ပြင်မှာ ဆင်သွားသလို
ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးသလို
အမြင်မတော် ဆင်တော်နှင့်ခလောက်
ဆင်လည်းဆင်အထွာ၊ ကြွက်လည်း ကြွက်အထွာ

ကျီးသိုက်ပြိုသလို
ကျီးအာအာ
ထန်းသီးကြွေခိုက် ကျီးနင်းခိုက်

အောက်ချင်းမောင်နှံ

မြင်းကောင်းခွာလိပ်

ပုစဉ်းရင်ကွဲ
ကတွတ်ပေါက်ကစောင့်နေတဲ့ ဗျိုင်းလို

ဂဏန်းသွားသွားနေတယ်
ယုန်သွားလေးနဲ့ချစ်စရာလေး
ယုန်လေးလိုအပြစ်ကင်းတယ်.

တိုင်ချည်ထားတဲ့ နွားသိုးလို
နွားသိုးကြိုးပြတ်
လယ်ထွန်သွား နွားမေ့
ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားက နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်
နွားရိုင်းသွင်းချိန်
ကျွဲပါးစောင်းတီး

ဖားတုလို့ ခရုခုန် အိုင်ပျက်ရုံပဲရှိတော့မှာပေါ့
ရေတွင်းထဲက ဖားသူငယ်
ငါးသလဲထိုးပြုံး ပြုံးနေတယ်
ငါးခူပြုံး ပြုံးနေတယ်.
ငါးဇင်ရိုင်း နှုတ်ခမ်းမွှေးနဲ့
ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်

ချီးထဲကလောက် ချီးထဲမှာပဲပျော်

သိုးရေခြုံထားတဲ့ မြေခွေး

မိကျောင်းမျက်ရည်ကျပြမနေနဲ့
မိကျောင်းမင်း ရေခင်းပြ

ရည်းစားလူလု အူနု ကျွဲခတ်
သာလိကာကျနေတာပဲ
လှောင်ချိုင့်ထဲက ငှက်ငယ်
အပျံသင်ခါစ ငှက်ငယ်လို

အိမ်မြှောင် အမြီးပြတ်
ဆင်သေနဲ့ကျီးမိုက်

ကြက်မတွန်လို့ မိုးမလင်း
တီကောင်ဆားတို့သလို
လင်းယုန်မျက်စိလို

ပိုးဟပ်ဖြူ
ဖြူကောင်
ခြေသုတ်ပုဆိုး မြွေစွယ်ကျိုး
အစွယ်ကျိုးနေတဲ့ မြွေလို
စပါးကြီးမြွေ ညှို့ခံထားရသလို
မြွေပွေးခါးပိုက်ပိုက်ထားသလို
မြွေမသေတုတ်မကျိုး

ဘီလူးဆိုင်းတီး
ဘီလူး သံပုရာသီး ငုံထားသလို
ဘီလူး သဘက်များစီးသလို

နဂါးတို့မျက်စောင်း အကြောင်းမရွေး
နဂါးမင်းစည်းစိမ်ခံစားနေ
ကာလနဂါး

ကြိုးကြာလည်တိုင်လေးနဲ့
ဇီးသီးသည် မဗျိုင်း
အမိမဲ့သားရေနည်းငါး
ကုန်းပေါ်တင်လိုက်တဲ့ငါးလို တဖျတ်ဖျတ်ဖြစ်နေ

သောင်ပြင်မှာ ကြိုးပြတ်တဲ့ခွေးလို
ဟောင်လွန်းတဲ့ခွေး လူမလေး
ခွေးအိုကြီး လက်ပေးသင်သလို
ခွေးရူးရေကြောက်သလို
ခွေးအကြီးလှည်းနင်း
ဆင်သေနဲ့ မြေခွေးမိုက်

တစ်ဂူတည်း ခြင်္သေ့ နှစ်ကောင် မအောင်းကောင်းဘူး

လင်းတလောက်တော့ ငှက်တိုင်းလှပါတယ်.
ခဲမှန်ဖူးတဲ့ စာသူငယ်


ဖြည့်စွက်ချက်များ
=========

(ကိုအောင်မော်ဟိန်း)

သမင်မျက်လုံး ကျားအပြုံး

(ကိုနတ္ထိ)

ကြွက်တွင်း။
ဆင်ကျီစားရာ ဆိတ်မခံသာ။
ဝက်ကန်း မစင်တွင်းထဲကျ။
ကျီးကန်းတောင်းမှောက်။
ဒေါင်းယောင်ဆောင်တဲ့ကျီး။
ကြွေတလှည့် ကြက်တစ်ခုန်။
ငါးပိနဲ့ လောက်။
တိုင်ဖျားပုဇင်းနား, ကျီးကန်းချီးပါ။
ဇီးကွက်မျက်ပြူး။
စာကလေး အမွှေးနှုတ်ထားသလို။
ဆိတ်ပါးစပ်။

(မဂျစ်တူး)

ခွေးမြီးကောက် ကျည်တောက်စွပ်

(Thunder)

ရွှေပင်နားတော့ရွှေကျီး .ငွေပင်နားတော့ငွေကျီး

အသားထဲကလောက်ထွက်

ကြက်တူရွေး ကတော်တော်..

(မဟေမာ)

ကျားကြောက်လို့ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး။

ကျားဆရာကြောင်
ကြောင်ဆရာကြွက်။

ဆင်သေကိုဆိတ်သားရေနှင့်ဖုံး။ (ဖော်ပြပြီး)

ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ။

မီးခိုးကြွက်လျှောက်။


51 comments:

Anonymous said...

သမင်မျက်လုံး ကျားအပြုံး

နတ္ထိ said...

ကြွက်တွင်း။
ဆင်ကျီစားရာ ဆိတ်မခံသာ။
ဝက်ကန်း မစင်တွင်းထဲကျ။
ကျီးကန်းတောင်းမှောက်။
ဒေါင်းယောင်ဆောင်တဲ့ကျီး။
ကြွေတလှည့် ကြက်တစ်ခုန်။
ငါးပိနဲ့ လောက်။
တိုင်ဖျားပုဇင်းနား, ကျီးကန်းချီးပါ။
ဇီးကွက်မျက်ပြူး။
စာကလေး အမွှေးနှုတ်ထားသလို။
ဆိတ်ပါးစပ်။
ဘာကျန်သေးလဲဗျ။ အင်း…ခေါင်းမူးနေလို့ လူလဲ ကြောင်တောင်တောင်ဖြစ်နေပြီ။

Anonymous said...

ခွေးမြည်းကောက် ကျည်တောက်စွတ် (စာလုံးပေါင်းမှားတယ် ထင်တယ်)

ဟီဟီ အစည်းအဝေးထဲမှာ စိတ်မ၀င်စားပဲ တိတ်တိတ်လေး ၀င်လာပြီး ရေးသွားတယ်

Anonymous said...

ရွှေပင်နားတော့ရွှေကျီး .ငွေပင်နားတော့ငွေကျီး

အသားထဲကလောက်ထွက်

ကြက်တူရွေး ကတော်တော်..

Hay Mar said...

ကျားကြောက်လို့ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး။

ကျားဆရာကြောင်
ကြောင်ဆရာကြွက်။

ဆင်သေကိုဆိတ်သားရေနှင့်ဖုံး။

ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းဆွဲသာ။

မီးခိုးကြွက်လျှောက်။

ဟဲဟဲနောက်မှဆက်ရေးမယ်။အခု classroom ထဲကရေးနေတာ။ဝါသနာ ဝါသနာ။

MELODYMAUNG said...

sorry, I cannot type in Burmese.

Sin see pyi myin yan
Sin phyu taw mhe pyi kyan sote
Myauk pya pyi san taung:
Ka lar thite kywat(mouse) win

MELODYMAUNG said...

I find this out in your cbox:

(shae saung nwar lar phyaung phyaung thwar ka naut nwar ta thite phyaung phyaung liet ei tel)

ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားက နောက်နွားတသိုက် ဖြောင့်ဖြောင့်လိုက

Anonymous said...

ကောက်ရိုးပုံစောင့်တဲ့ ခွေး
စီးတဲ့မြင်း အထီးလား အမလား မသိ
ငှက်ဆိုးထိုး သံ
ငါးရှင့်/ရံ့ နှစ်ကောင် တပြိုင်ထဲဖမ်း

Anonymous said...

ငါးဖမ်းမတကောင်ကြောင့် တလှေလုံးပုတ်
nga far lar, nga fam lar, ti buu.

Anonymous said...

အလုပ်မရှိအလုပ်ရှာကြောင်သန်းရှာ

အမွဲတကထပ်ခေါင်ဖွတ်မင်းနောင်

စူဠလိပ်ရေထဲလွှတ်သလို

Anonymous said...

လက်ပံပင်ဆက်ရက်ကျ

Anonymous said...

ဇာတ်တူသားစားရင် ဟသာင်္ကိုးသောင်းလိုပျက်စီးတတ်တယ်

Anonymous said...

ကြမ္မာဆောင် သားကောင်ဆိတ်ဖြစ်
ကျီးအာသီးလိုလူ
ကျီးကိုဘုတ်ရိုသေ၊ ဘုတ်ကိုကျီးရိုသေ
ကျီးထိုးထိုး ခွေးစားစား
ကျားသေကို အသက်မသွင်းရာ
ကျွဲပါးဆောင်းတီး
ကမ္ဘာမီးလောင် သားကောင်ချနင်း
ကြက်ကန်းဆန်အိုးတိုး
ကြက်ဆုတ်ခွပ်ပစ်
ကြက်လည်းမောစေ ယာလည်းညက်စေ
ကြက်တူရွေးကတော်တော် မယ်ဘော်က ကဲကဲ
ကြွက်သေတခုအရင်းပြု
ခွာရာချင်းတိုင်းသည်
ခွေးစကားယုံသည့် ပုဏ္ဏား
ဆင်ဝှေ့ရန်ရှောင်
ဆင်ကန်းတောတိုး
ဆင်ကျီစားရာ ဆိတ်မခံသာ
ဆင်သေကို ဆိတ်ရေဖြင့်မဖုံးရာ
ဆြင်ဖြူတော်ဝင်မယ့်ကိန်း ချည်တခင်နဲ့ ကျိန်းကျေ
ဖွတ်မရ ဓားမဆုံး
ဗိုနေမြဲ ကျားနေမြဲ
မြွေပါလည်းဆုံး သားလည်းဆုံး
မုတ်ဆိတ်ပျားဆွဲ
နွားပျိုသန်လှ နွားအိုပေါင်ကျိုးသလောက်ရှိ
နွားအိုမြက်နုကြိုက်
နွားပြာကြီး အောက်သွားမရှိ
သံကိုကြွက်စား၊ သားကိုစွန်ချီ
သမင်မွေးရင်း ကျားစားရင်း
သောင်ပြင်လွှတ်တဲ့ခွေး
ရည်းစားလူလု အူနုကျွဲခတ်
လူတွင်ပါမှ နွားကျားကိုက်
လက်ပံပင်ဆက်ရက်ကျသလို
လိပ်ခဲတည်းလည်း
တည်မိသည့်ဘုရား လင်းတနားနား
အကြံကုန် ဂဠုန်ဆားချက်

တော်လောက်မှနဲ့တူတယ် တော်နေကြာ သူများတွေ ရေးစရာ မကျန်ပဲနေမယ်။ :P

Anonymous said...

့ဖျာလိပ်ခေါင်း/သစ်ခေါင်း ထဲဝင်မိတဲ့ခွေးလို
ချဥ့်မတက်ပင်
ဖွတ်တက် သလို/ ဖွတ်ဝင်နေတယ်
ပုတ်သင်ညို အပျိုလိုရင် ခေါင်းငြိမ့်
လင်းတမှိုင်မှိုင်
ခွေးအ လှည်းနင်း
အလုပ်မရှိအလုပ်ရှာကြောင်မရေချိုး

Anonymous said...

ငါးရံ့ကိုယ်လုံးလေးလို

Yan said...

ဟား. မယုံနိုင်စရာကောင်းလောက်အောင် စိတ်ဝင်စားမှုတယ်ရှိကြပါလားဟရို့.
တောမီးလောင် တောကြောင်တော့ လက်ခမောင်းခတ်ပြီနဲ့တူတယ်.
ဘယ်သူမှ မပြောခင် ဦးအောင်ပြောထည့်လိုက်တာ

:D

အားလုံးကို အရမ်းချစ်သွားပြီဗျာ. ပြန်လာရင် update လုပ်ပေးမယ်. တာ့တာ

Anonymous said...

Kyar kyee chay yar kyee

Anonymous said...

snake snake see the leg =P

မြွေမြွေချင်းခြေမြင်

Anonymous said...

ဘုရားလည်းဖူးရင်း လိပ်ဥလည်းတူးရင်း

Anonymous said...

ဂဏန်းအောက်ကညှပ်နေတာတော့ မသိဘူး၊ မိအေးအော်နေတာတော့ကြားကြတယ်

Anonymous said...

အတတ်ကြူး ဘီလူးဖြစ်

Anonymous said...

ကြက်မှာအရိုး လူမှာအမျိုး

Anonymous said...

နွားရှေ့ထွန်ကြူး

Anonymous said...

ခွေးဟောင်၍ တောင်ပို့မပြေး

နှံပြည်စုတ်ကိုအမြှေက်နှင့်ချိန်

Anonymous said...

ငှက်တွေဟာ ပျံရင်းနဲ့သေကြတယ် လူတွေက ကြံရင်းနဲ့သေကြတယ်

Tesla said...

ပုန်းနေတဲ့ နဂါး နဲ့ ချောင်းနေတဲ့ ကျား

sisain said...

ဟဟား- ဘာညာရေးထားတာတွေက ဆိတ်ဝှေးစေ့ ကျနေတာပဲ။ သောက်ရမ်းရယ်ရတယ်။ (ရိုင်းတာမဟုတ်ပါဘူး၊ အဲဒီလိုပြောတာမျိုးကြားဖူးလို့ပါ)

Anonymous said...

အွန်..ကိုတတ်ဟာကြီးက ရုပ်ရှင်နာမယ်ကြီး...တီတီ...ပယ်ပါတယ်...ကွိကွိ

Anonymous said...

ကြက်ပျံမကျစည်ကားသည်

Anonymous said...

wow.. so impressive..

Anonymous said...

ကျွဲပါးစောင်းတီး၊နွားပလာကျွေး၊ သပွတ်အူနဲ့ စာဘူးတောင်း၊ ဆင်ကျီစားရာ ဆိတ်မခံသာ၊ ကျားသနားမှ နွားချမ်းသာ၊ သမင်မွေးရင်း ကျားစားရင်း၊ ရေလိုက်ငါးလိုက်၊ ငါးကြင်းဆီနဲ့ ငါကြင်းကြော်၊ မြွေမြွေချင်းခြေမြင်၊ မပြောကောင်းမဆိုကောင်း တောက်တဲ့ခေါင်းပေါင်းပေါင်း၊ ဆက်ရက်တောင်ပံကျိုးနဲ့ ကြောင်ခံတွင်းပျက်၊

Anonymous said...

he is fat, like a pig.
he is very lazy rat who want to make sex with other's people wife.
whatever he say ( kyan poe might be Late )
Kywel par saung tee and
playing CD in front of cow
rabbit run south, dog follow north
who care, i don't think that each dog is people
i don't want to touch the tail of Tiger.
kaung ka mwle (poor) ko yin lay ka foot fan lar tel.
Tiger and Elephant meet on the field.
don't do tiger or cat
A nyi shi yar yin lar ( smell like a fish so fly come)
His brain is like a ant.(phyote)
Myee (like a horse i think) lo eigh nigh nay lar
late lo slow dal
wan pa lwai (wolf) lo kauk kyit
Lamb lo brave
i don't think you ride Myinn Larr
hei , hei
if i make mistake sorry , and i can't type burmese font.

Anonymous said...

မျောက်မီးခဲကိုင်မိသလို
မျောက်အုန်သီးရသလို
မျောက်ခေါင်းသန်းရှာ
အလုပ်မရှိ ကြောင်ရေချိုး
ကြက်မတ၀ပ်စာ
ကြက်ခေါင်းဆိတ်မခံ
ပျံလေသည့်ငှက်ခါး နားခါမှသိ
ဆင့်ပါးစပ်နှမ်းပက်

ထပ်စဉ်းစားလို့ရရင် ထပ်လာရေးပေးဦးမယ် ;)

Anonymous said...

ဘုံလုံတလှည့်. ငါးပျံတလှည့်

ပေါ့စေလိုလို့ကြောင်ရုပ်ရေး

(အနော် ကျေးနှင့်ကျီးမှားရေးသွားတယ်ထင်တယ်.ပြင်လိုက်နော်)

ကြက်တူရွေးကတော်တော် (နောက်ဆက်တွဲ)မယ်တော်ကသဲ

Anonymous said...

ဆင့်ပါးစပ်နှမ်းပက် (ဗိုက်ဆာနေတုန်းရေးလိုက်တာ)

MELODYMAUNG said...

These are be floating in my brain.

Lei htun thwar nwar meit.
Thaung pyin thwar khway kyi tha lo
Kyi Swe Swe Lin ta nar nar
Mwe pu yar king mhaungt

(kyan thay tel but meit thwar pyan pyi)

Anonymous said...

ဝေ့လည်ကြောင်ပတ်

Anonymous said...

ပေတစ်သီး ကျီးတစ်သား

Anonymous said...

မြင်းလွတ်လိုက်သလို၊ ကျီးဘုတ်မြှောက်လိုက်၊ ဘုတ်ကျီးမြှောက်လိုက်၊ ကမ္ဘာမီးလောင် သားကောင်ချနင်း၊ ငါးပိနဲ့လောက် ရွှေနဲ့ကျောက်၊ ပြုံးစိစိနဲ့ မြှုံးမိတဲ့ငါး၊ ကြောင်သူတော် ကြက်သူခိုး၊ ဆင်ပြောင်ကြီး အမြီးကျမှ တစ်၊ ဘုရားမှတ်လို့ကိုးကွယ်နေ ဖွတ်ထွက်မှ တောင်ပို့မှန်းသိ၊ ခင်သန္တာသက်ချိုပြုံး ဆင်ခန္ဒာဝက်ကိုယ်လုံး၊ ကျားနဲ့ဆင် လယ်ပြင်မှာတွေ့၊ လူမလေး ခွေးမခန့်၊ ခါချဉ်ကောင်မာန်ကြီးလို့ တောင်ကြီးဖြိုမယ့်အကြံ၊ ဆင်ကြီးဂဠုန်ချီ၊ မျောက်ငပိထိ၊ ရီးတီးယားတားမလုပ်နဲ့ ဆီးသီးနွားစားသွားမယ်၊ ခွေးအကြီး လှည်းနင်းခံရသလို
ဂျူးဂျူး

Anonymous said...

စာတွေပြတ်ကုန်လို့ ပြန်ရေးကြည့်တာ
သေချာတော့မလုပ်တတ်ဘူး ဟီးဟီး
ကျီးဘုတ်မြှောက်လိုက်၊ ဘုတ်ကျီးမြှောက်လိုက်၊ ကမ္ဘာမီးလောင် သားကောင်ချနင်း၊ ငါးပိနဲ့လောက် ရွှေနဲ့ကျောက်၊ ပြုံးစိစိနဲ့ မြှုံးမိတဲ့ငါး၊ ကြောင်သူတော် ကြက်သူခိုး၊ ဆင်ပြောင်ကြီး ငါ့လှေငါထိုး ပဲခူးရောက်ရောက်၊ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်၊ ငါ့သမီးလေး တော်လှချည့်၊စောင်းတန်းကအမြီးကျမှ တစ်၊ ဘုရားမှတ်လို့ကိုးကွယ်နေ ဖွတ်ထွက်မှ တောင်ပို့မှန်းသိ၊ ခင်သန္တာသက်ချိုပြုံး ဆင်ခန္ဒာဝက်ကိုယ်လုံး၊ ကျားနဲ့ဆင် လယ်ပြင်မှာတွေ့၊ လူမလေး ခွေးမခန့်၊ ခါချဉ်ကောင်မာန်ကြီးလို့ တောင်ကြီးဖြိုမယ့်အကြံ၊ ဆင်ကြီးဂဠုန်ချီ၊ မျောက်ငပိထိ၊ ရီးတီးယားတားမလုပ်နဲ့ ဆီးသီးနွားစားသွားမယ်၊ သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနား၊ ကိုယ်စီးတဲ့မြင်း အထီးမှန်း အမမှန်းမသိ၊ ကြက်ပျံမကျစည်ကားသည်၊
ဂျူးဂျူး

Hay Mar said...

"ခေါက်ရှာငှက်ပျံလောကဓံ"ံ ဆိုတော့လေ
ရေခြားမြေခြားမှာ ဒို့ဘဝက"အမိမဲ့သားရေနည်းငါး" ပမာဖြစ်နေတော့
ဘာဆက်လုပ်ရင်ကောင်းမလည်းလို့"ဆင်ကြံကြံ" မိလို့
ရန့်ဘလောက်ကိုလာလာပြီး"မိကျောင်းမင်းရေကင်းပြ" လုပ်နေမိတာ
"ယုံတောင်ပြေးခွေမြောက်လိုက်"များဖြစ်နေမလားမသိပါ
ဘူး
"ဆင်ပြောင်ကြီးအမြီးကျမှတစ်"လည်းမဖြစ်ချင်တာနဲ့
"ငါး ရန့်နှစ်ကောင်ဖမ်း"လိုက်တာ
နောက်ဆုံးတော့ "မြွေပါလည်းဆုံးသားလည်းဆုံး"ပဲ

Yan said...

မဟေမာကတော့ကွာ.
လုပ်ချလိုက်ပြန်ပြီ. စာရေးပြီးရင် မဟေမာကို ပရုဖ်ဖတ်ခိုင်းရမယ်နဲ့တူတယ်.

Anonymous said...

ဟိုပင်ဒီပင်ကူးပါလို့ မျောက်ကြီးဖင်ခေါင်းကျယ်
မျောက်သစ်ကိုင်းလွတ်
ယုန်တောင်ပြေး ခွေးမျောက်လိုက်
ပျံလေသည့်ငှက်ခါး နားခါမှသိ

TZA said...

လိပ်ခါးဖားဖင်
ခွေးကျိန်ဆဲတိုင်း ကျွဲမသေ
ကျီးသာရင်ဧည့်လာမယ်
ဗုံလုံတစ်လှည့် ငါးဖျံတစ်လှည့်
အလုပ်မရှိလိပ်ဥသန်းရှာ

TZA said...

လိပ်အစ လိပ်အဆုံးပြီး သကာလ

ပြောင်ခေါင်းစိမ်း
ခိုသွေးရည်
ကြက်သွေးရောင်
ဒေါင်းမြီးစိမ်းရောင်
ကျီးကန်းဥရောင်
ကြက်တူရွေးစိမ်းရောင်
ပုဇွန်ဆီရောင်

စတဲ့အရောင်တွေဟာလည်း သတ္တဝါတွေနဲ့ ပတ်သက်ပါကြောင်း..

Inner Voice said...

မျောက်ငါးပိထိ
တီကောင်ဆားထိ
ဂျပိုးကိုလိပ်ဖြစ်အောင်ပြော
နွားပျိုသန်လှ နွားအိုပေါင်ကျိုး
ဖွတ်ထွက်မှတောင်ပို့မှန်းသိ

well, i don't know if they are correct. hehe...don't use blog that much either and just found it this blog while i was looking for မြီးရှည် recipe. LOL..what a google.

Inner Voice said...

Wait, there's one more that i know and might be more but i can't ring any bell anymore. So, here's the one..

အသံကြောင့်ဖားသေ

I don't really know how to use Zawgyi font. I tried my best. :P

blacksun said...

သူများတွေ ရေးတာတွေတွေတော့ မျောက်မီးခဲကိုင် မိသလို မနေနိုင်လို့ ၀င်ရေးမယ်ကြံတော့လည်း မိကျောင်းမင်း ရေခင်းပြတယ် ဖြစ်အုံးမယ် နောက်ပြီး ငါးခုံးမှ တစ်လှေကြောင့် တစ်ကောင်လုံး ပုတ်ဖြစ်မှာ ဆိုးလို့ မရေးဘူးလို့နေတာ ဒါပေမယ့် ကိုယ့်ခြံက ကြက် ဘယ်အချိန် ရိုက်ချက်ချက် ဆိုပြီး နေရင်လည်း သူများဦးသွားမှာဆိုးလို့ ဆင်ကန်းတောတိုးသလို ဖြစ်ချင်ရာဖြစ်ဆိုပြီ ၀င်ရေးလိုက်ပါတယ် အမှားပါရင် ပြင်ဖတ်လိုက်ပါ ကျွန်တော်လည်း ကြောင်ပုဇွန်စား ကျွတ်ကျွတ်ဝါး သလို မကျွမ်းကျင်တော့ သိသလောက် ၀င်ပေါလိုက်တာ မှားလို့ ၀င်ပြောလိုက်တာ နော်.....

Unknown said...

ဆင်ကိုးစီး စားမကုန်တဲ့ခန္ဓာကို ထိန်းနေရတာဆိုတော့.....သြော် ဘ၀ ဘ၀ ပလိုင်းပေါက်နဲ့ ဖားကောက်နေရသလိုပဲ.. :P

Unknown said...

ဆိပ်လစိလိုဟိုပေါင်ကပ်ဒီပေါင်ကပ်

Unknown said...

လိပ်ပက်လက်လန်ထားသလိုယက်ကန်ယက်ကန်