Monday, April 16, 2007

အနှစ်ရွှဲရွှဲလေးနဲ့ ဘဲဥချဉ်ရည်ဟင်း

မနက်က ၆ နာရီလောက်နိုးတယ်ဗျာ. ဘာရယ်မဟုတ်ပါဘူး လုပ်စရာလေးတွေ နည်းနည်းများနေတာနဲ့ စောစောထလိုက်တာပါပဲ. နေ့ခင်းကျရင် ဟင်းချက်ဖို့ အချိန်မီမှာ မဟုတ်တော့ဘူးလေ. အဲဒါနဲ့ စောစောစီးစီး မီးဖိုချောင်ဝင်ပါတယ်.

ဘဲဥချဉ်ရည်ဟင်းချက်မယ်လို့ စိတ်ကူးတယ်ဗျ။ အဲဒါနဲ့ ဘဲဥ ၈ လုံးကို ကျက်အောင် ပြုတ်ထားခဲ့တယ်။ Gmail ကိုစစ်ကြည့်လိုက်တော့ မသဉ္ဇာကို online မှာတွေ့တာနဲ့ အတော်ပဲဆိုပြီး Chatting နည်းနည်းလုပ်တယ်။ ပြီးတာနဲ့သူ့ကို ခွင့်တောင်းလိုက်ပါတယ်. ကျွန်တော်တစ်ခုလောက် ပြောလို့ရမလားလို့ဆိုတော့ မသဉ္ဇာ ငြိမ်ကျသွားတယ်. ပြီးတော့မှ မပွင့်တပွင့် အသံလေးနဲ့ “Okay, go ahead!” တဲ့. ပြောတဲ့သူတောင် နည်းနည်းရှိန်သွားတယ်ဗျာ. ဘာများမှားသွားလို့လည်းပေါ့။ ပြီးတော့ ကျွန်တော်လည်း ရင်ခုန်စွာနဲ့ပဲ စိတ်အားတင်းပြီး မေးလိုက်ပါတယ်.

`ဘဲဥချဉ်ရည်ဟင်း ဘယ်လိုချက်ရလဲ´ လို့… lol

အဲဒီ့အခါကျမှပဲ မသဉ္ဇာက စာတွေ တဖြောင်းဖြောင်းရိုက်ပြီး instruction တွေ ပေးပါတော့တယ်. သူလည်း ခုမှပဲ သက်ပြင်းချနိုင်တော့တယ်နဲ့ တူပါတယ်ဗျာ.

ဘဲဥကိုကျက်အောင် ပြုတ်ထားဖို့က ပထမအဆင့်ပေါ့ဗျာ. အဲဒီ့အချိန်လေးအတွင်းမှာ ကြက်သွန်ဖြူနီကို ဆီသတ်ပါ. ကြက်သွန်နည်းနည်းလောက် ၀ါလာရင် ပါးပါးလေး လှီးထားတဲ့ ခရမ်းချဉ်သီးလေးတွေကို ထည့်ပါ။ ဆား၊ အချိုမှုန့်၊ အရောင်တင်မှုန့်တွေကို သင့်တော်သလို ထည့်ပါ။ တစ်ခြားဟင်းခတ်အမွှေးအကြိုင်တွေကိုလည်း ထည့်ချင်ထည့်လို့ရပါတယ်။ မဆလာ၊ Cinnamon၊ အစပ်ကြိုက်ရင်တော့ ငရုတ်သီးနည်းနည်းပါးပါးပေါ့ဗျာ. ကိုယ့်စိတ်ကြိုက်လုပ်ပါ။

ကျွန်တော့်ဆီမှာတော့ မကျည်းသီးမှည့် မရှိလို့ မထည့်ဖြစ်ဘူး။ ရှိတဲ့သူတွေ ထည့်ပါ။ ပိုကောင်းပါတယ်။ တစ်ခြားထည့်ကောင်းမယ့်ဟာတွေလည်း ထည့်ပါ။ ဆေးခြောက်တော့ မထည့်မိပါစေနဲ့။ တစ်ခုခုဖြစ်ရင် ကျွန်တော်လည်း တာဝန်မယူနိုင်ဘူး။ ဘာညာလည်း တာဝန်ယူနိုင်မှာ မဟုတ်ဘူး။ သူ့ခမျာ အာလူးကြော်ရောင်းရလို့ ပင်ပန်းနေရတဲ့အထဲ သနားပါတယ်။ အေးအေးလေး နေပါစေဗျာ. ဟုတ်တယ်နော်…

ခရမ်းချဉ်သီးကို ကြေသွားတဲ့ အထိတည်ပေးဖို့လိုပါတယ်။ ကျွန်တော်ကတော့ မီးခပ်ပြင်းပြင်း တင်ထားပြီး အုပ်ဆောင်းနဲ့ အုပ်ထားလိုက်တယ်။ အပူရှိန်ပိုပေးလိုက်တာပေါ့ဗျာ။ အိုးမကပ်အောင်တော့ မကြာမကြာ မွှေပေးဖို့လိုတယ်နော်။

အဲဒီ့အချိန်မှာ ဘဲဥကျက်လောက်ပါပြီ။ ရေအေးအေးလေးထဲ ပြောင်းထည့်ပြီး အခွံနွှာပါ။ ပြီးရင် ဒီတိုင်းထားလည်း ရပါတယ်။ မကြေသွားအောင် (၀ါ) အပြင်ခွံလေးတွေ မာသွားအောင်ဆိုရင်တော့ ဆီပူနဲ့ နည်းနည်းလေး ကြော်လိုက်ပါ။ အတိုင်းအရှည်ကတော့ ကိုယ့်စိတ်ကြိုက်ပါပဲ။ ဘဲဥဟင်းချက်မှာဆိုတော့ ဘဲဥလုံးကြော်ချည်းတော့ မဖြစ်စေနဲ့ပေါ့ဗျာ.

ရပြီလား။ အိုကေ။ ခရမ်းချဉ်သီးလည်း ကြေပြီပေါ့နော်။ Good! ရောလိုက်ပါတော့။ အလုံးလိုက်ရောချင်လည်းရော၊ ခြမ်းပြီးရောချင်လည်းရော ကြိုက်သလိုသာရောပါ။ နည်းနည်းလောက် မီးအေးအေးနဲ့ ထပ်တည်လိုက်ပါဦး။ အထဲကို အရသာလေးတွေ ၀င်သွားအောင်လို့လေ။

အဲဒီ့အချိန်မှာ ထမင်းအိုးလေးများ တည်ထားပြီးခဲ့မယ်ဆိုရင် ခုဆိုရင် ကျက်နေလောက်ပါပြီ။ အားလုံးကို အဆင်သင့်ပြင်ပြီးရင် ဘောင်းဘီဝတ်သူက ခါးပတ်ကိုလျှော့ပါ၊ ကျန်တာတွေဝတ်သူတွေကလည်း လျှော့လို့ရတာမှန်သမျှ လျှော့လိုက်ပါ။ ဩော်. စားတော့မှာလေ။ အပီအပြင် လွေးတော့မှာမို့လို့ပါ။ အထင်အမြင်တော် မလွဲကြပါနဲ့ဗျာ…

ဒါပါပဲခင်ဗျာ။ စားမြိန်ဟင်းကောင်းလေး တစ်ခွက်ပါပဲ။

ဥပုသ်စောင့်ထားတဲ့ မမေဓာဝီကိုတော့ အားနာပါတယ်ဗျာ။ ဒါပေမယ့် ကျွန်တော်ကတော့ အများအကျိုးအတွက် ရည်ရွယ်ပြီး ရေးလိုက်ရတာဆိုတော့ နားလည်ပါဗျာ။ မမေ ဥပုသ်ကထွက်ရင် ကျွန်တော် ဒါမျိုးတွေ ထပ်မရေးတော့ပါဘူး။

ဒီပို့စ်လေး ဖြစ်မြောက်ရေးအတွက် တိုက်ရိုက်အားဖြင့်သော်လည်းကောင်း၊ သွယ်ဝိုက်အားဖြင့် သော်လည်းကောင်း အကူအညီများပေးခဲ့ကြတဲ့ ဘဲဥရောင်းတဲ့ Walmart Supermarket, ကားနဲ့လိုက်ပို့ပေးတဲ့ သူငယ်ချင်း Eric Whimpkey, ဘဲဥဟင်းချက်နည်းကို စိတ်ရှည်လက်ရှည် ရှင်းပြပေးတဲ့ မသဉ္ဇာ၊ ဘဲဥလေးတွေကို ဥပေးတဲ့ ဘဲမကြီး၊ ဘဲဥလေးတွေ ဥဖြစ်အောင် တိုက်တွန်းကူညီပေးခဲ့တဲ့ ဘဲထီးကြီးနဲ့ ဘဲဥဖြစ်မြောက်ရေး ကံကံ၏ အကျိုးတရားများ အားလုံးကို လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း ဒီနေရာကနေ ပြောကြားလိုက်ပါရစေ…






smile


12 comments:

Anonymous said...

Hi Pal,

As far as I know, male duck (how to say in appropriate term, I don't know) is unessential for Bee\ Oo.

Anyway, I like this recipe.

Cheers.

Happy New Year to you.

Your regular customer.

Yan said...

>ko tian...ရပါတယ်ဗျာ. ဘဲထီးကြီးလည်း တစ်ထောင့်တစ်နေရာကတော့ ပါရှာမှာပေါ့. သူ့ကို credit ပေးလိုက်တာ မမှားပါဘူး. ဟားဟား လာလည်တာ ကျေးဇူးပါ အစ်ကိုရေ...

Anonymous said...

ကိုရန်ကြီးကတော့ ချက်ပြန်ပြီ.. ဟိုနေ့ကတော့ ကြက်သား ဒီနေ့ကတော့ ဘဲဥ..အင်း... Bird Flu လမ်းစတော့ပေါ်နေပါပြီ...။ ဘာညာတော့လာတော့ဝူး..ကူးလိမ့်မယ်..ကွိ

july said...

ကို၇န်အောင်ကြီး
ကိုရန်အောင်ကြီးရဲ့ဘဲဥ post ကအရမ်းရယ်ရတယ်..........ဟားဟားဟား.....
ခုထိရယ်နေရတယ်.....ကျေးဇူးပါပဲ...မြန်မာနှစ်သစ်ကူးရဲ့
နှစ်ဆန်းတစ်ရက်နေ့မနက်ခင်းမှာခင်းဖတ်လိုက်ရတဲ့
အတွက်...ပျော်ရွှင်သောနှစ်သစ်မနက်ခင်းလေးဖြစ်ခဲ့ရပါတယ်။

Anonymous said...

တော်ပါသေးတယ် … ဒီပို့စ်ကို မနက်မှ ဖတ်ဖြစ်လို့။
နောက်ကို ညဘက် မဖတ်တော့ဘူး။
ဗိုက်ဆာတဲ့အချိန် ဆို ဒုက္ခရောက်လွန်းလို့။
ကိုရန်အောင်ရဲ့ ဘဲဥဟင်းပုံကို ကြည့်ရင်းနဲ့ အနံ့တောင်ရလာသလားပဲ။
တံတွေးတောင် မြိုမိတယ် ဂလု ကနဲ။
ဒါပေမဲ့ ကြက်သားရော ဘဲဥရော ရှောင်ထားတာမို့ ပုံနဲ့သာ စိတ်ဖြေရတော့မယ်။

Yan said...

ဘာညာ>>ဘာညာရေ. စိတ်ချ. ဒီမှာတုပ်ကွေးရှိဝူး ကြက်ငှက်လူကီးမီးယားဆိုလားတော့ မကြာခင် ဈေးကွက်ထဲတင်ဖို့ရှိတယ်လို့ပြောတယ်. မကွိနဲ့နော်. ကျွန်တော်တစ်ယောက်လုံး ဘာညာ့နောက်မှာ ရှိနေမယ်. ရှေ့မှာတော့ ဘာညာပဲနေပေါ့. ဟားဟား
July>>ကောင်းပါ့ဗျာ. July ရီရတာကို ဖတ်ပြီး ကျွန်တော်လည်း ရီလိုက်ရသေးတယ်. နောက်ထပ်ဘာချက်ရင်ကောင်းမလဲစဉ်းစားနေတာဗျ. မင်္ဂလာနှစ်သစ်ပါခင်ဗျာ…
မမေဓာဝီ>>ကြည့်စမ်း. မလာတော့ဘူး အောက်မေ့နေတာ. ဥပုသ်စောင့်ထားတယ်ဆို. ဒီလိုမှန်းသိရင် ဘဲဥဟင်းလေးထဲကို သံပုရာသီးလေး အပေါ်ကညှစ်ပြီး ချဉ်ဖြုံးဖြုံးလေး ဖြစ်အောင် လုပ်ထားပါတယ်. ပိုပြီး မွှေးတတ်လာအောင်လို့လေ. ဟောကြည့် နောက်တစ်ခေါက်. ဂလု တဲ့…

Thinzar said...

ဘဲဥဟင်းချက်တာကို ပုံပြင်ဖြစ်အောင် ရေးလည်း ရေးတတ်တယ်။ ပြောသာပြောလိုက်တာ။ သဉ္ဖာတောင် အဲဒီပုံမျိုး စားကောင်းအောင် မချက်တတ်ဘူး။ :D

Yan said...

မသဉ္ဇာ>> မသဉ္ဇာ မချက်ရပါဘူးဗျာ. ကျွန်တော်ချက်ကျွေးမှာပေါ့. ရေတောင် ကြိတ်ပြီးတိုက်လိုက်ချင်သေး.

Anonymous said...

Thank you for sharing the way to cook " bae oo chin yay"
nay. time bar hin cook ya ma lae so tar nae. sate shote nay tar..ku taw. ah taw pel...
yummy yummy :)

Yan said...

ahmei>>ချက်စားပြီးရင်လည်း ကျွေးဖို့ခေါ်ဦးနော်. များများလေးချက်. လာကိုစားဦးမှာ. သံပုရာသီးလေးအပေါ်က ညှစ်ဖို့မမေ့နဲ့ဦး..

Anonymous said...

hahah zoot .
sate chart..sar pii yin call lite mel.:P

soe222 said...

Hi! Yan,don't forget to put dried
shrimp when you Sithut chain naw,
or Ngabout Chaut. Don't thank the
BeiHti, here it's all chicken eggs
at Walmart, on top of that it's
artificially inseminated in the chicken feed with hormones, so don't need to thank the ChetPhat
either. Pretty soon, even in humans
they might not need males anymore, testtube techniques already in use. They might comeup with cyber
something, ha ha, just kidding!!
Don't worry, that might be a long
way to go. Well, you are my favorite, takecare, bye Soe222