သည်ရက်ပိုင်း
နယူးယောက် မြို့တော်ကြီးဟာ အပူအအေး တော်တော်လေး မမျှမတ ဖြစ်နေခဲ့သလို ရာသီဥတုကလည်း
မှန်းရခပ်ခက်ခက် ဖြစ်နေခဲ့တယ်။ အရင်တစ်ပတ်က အပူချိန် အနုတ်အောက် ၁၈ ဒီဂရီ စင်တီဂရိတ်လောက်ထိ
ကျသွားခဲ့သလို လွန်ခဲ့တဲ့ နှစ်ရက်လောက်ကကျတော့လည်း တိမ်ညိုတွေ တစ်နေကုန် အုံ့မှိုင်းပြီး
မိုးတွေ တစွပ်စွပ် ရွာနေခဲ့တယ်။ မနေ့က မြူတွေဆိုင်းနေပြီး သည်နေ့ကျပြန်တော့ လေတွေက
ကျွတ်ဆတ်ဆတ်နဲ့ အေးခဲနေပြန်ရော။ ဖုန်းထဲက Weather Apps လေးကို ကြည့်ရုံနဲ့တင် မလုံလောက်ဘဲ
ကိုယ်တိုင် အပြင်ထွက်ပြီး လမ်းလေး နည်းနည်းလျှောက်ကြည့်လိုက်မှပဲ အင်္ကျီဘယ်လောက်ထူထူ
ဝတ်သင့်တယ်၊ လက်အိတ်ဆောင်သင့်၊ မဆောင်သင့်ကို ဆုံးဖြတ်လို့ရတယ်။
Tuesday, January 12, 2016
Saturday, January 02, 2016
Saturday, December 12, 2015
အလွမ်းသင့်ဒိုင်ယာရီ...
တစ်ခါတလေတော့လည်း ဘာရယ်မဟုတ်ဘူး။ ကောင်းကင်ပြာမှာ ပြေးချင်တိုင်းပြေးနေတဲ့
တိမ်လွှာဖြူဖြူလေးတွေကို ငေးကြည့်ရင်း စိတ်ကူးတွေ ပျံ့လွင့်နေမိတယ်။ ဟုတ်တယ်လေ။ ကလေးတွေမှပဲ
တိမ်တွေကို အကန့်အသတ်မဲ့ ငေးကြည့်ခွင့် ရထားတာမှ မဟုတ်တာ။ တကယ်ဆို ငေးကြည့်ဖြစ်ဖို့
စိတ်လေးရယ်၊ ငေးကြည့်ဖြစ်ဖို့ အချိန်လေးရယ်ပဲ လိုတာပါ။
Saturday, August 31, 2013
Thursday, August 29, 2013
အိတ်မှောက်သွန်ပစ် နှစ်ဆယ့်ရှစ်
“လူတစ်ယောက်အကြောင်း
ကောင်းကောင်းသိချင်ရင် သူနဲ့ခရီးအတူတူ ထွက်ကြည့်” တဲ့။ ခရီးတူတူထွက်တဲ့ အခါကျတော့မှ
အဲဒီ့လူဟာ ကြုံလာသမျှ အခက်အခဲတွေကို ပြုံးပြုံးရွှင်ရွှင်နဲ့ ရင်ဆိုင်ဖြေရှင်းတတ်သူလား၊
ခြူသံပါအောင် ညည်းညူပြစ်တင်ပြီး ဇီဇာကြောင်တတ်သူလား ဆိုတာတွေကို သိလာနိုင်သလို ထကြွလုံ့လရှိမရှိ၊ တစ်ကိုယ်ရေ သန့်ရှင်းမှုရှိမရှိ၊
တစ်ဖက်သားအပေါ် စိတ်စေတနာကောင်း ထားမထား စတာတွေကိုပါ အကဲခတ်လေ့လာနိုင်ပါတယ်တဲ့။ ဘလော့ဂါမသက်ဝေကတော့
သူနဲ့အတူတူ ခရီးတူတူထွက်ဖို့ မဖြစ်နိုင်တဲ့ အဝေးက လူတွေအကြောင်းကို လှမ်းပြီး စနည်းနာချင်ပုံ
ပေါက်ပါတယ်။ ပညာသားပါပါနဲ့ သူတို့တွေရဲ့ အိတ်တွေဖာတွေကို သွန်ခိုင်းမှောက်ခိုင်းပါလေတော့တယ်။
အထဲမှာ ဘာတွေများ ရှိမလဲဆိုပြီးတော့ပေါ့လေ။
Friday, June 07, 2013
Saturday, May 25, 2013
Thursday, May 09, 2013
Subscribe to:
Posts (Atom)





