Friday, January 30, 2009

ဘလော့ဂ်နာကျ... လေပွသောခါ... (မော်ဒန်တျာချင်း)

ဘလော့ဂ်နာကျ လေပွသောခါ။
ကီးဘုတ်ကိုဆွဲ၊ စိတ်အားကို ခဲကာ။
ရှည်ကြာထိုင်လစ်၊ ပို့စ်အသစ် ထွက်မလာ
မုဒ်ပျောက်စိတ်ထွေ၊ ဝေလေလေ.
ရေသာသောက်၍ အိပ်သည်နှင့်လေး။ ။

ဂူဂယ်လ်ရီဒါ၊ ပို့စ်သစ်တွေ တက်လာ
သူများတကာရေးပုံ၊ နည်းစုံကြည့်ကာ
ငါလည်း ဒီတစ်ခါ၊ အဟုတ်တကယ်ရေးမှာ
လုပ်မယ်တကယ်ဟ၊ အားမာန်ပြ
နွမ်းလျစိတ်လေ၊ ပို့စ်မရချေ
လိပ်ခွေနုံးလျက်၊ ဂျီတော့ခ်မှာချက်
လက်သာညောင်း၍ အိပ်သည်နှင့်လေး။ ။

စာရွက်ပေါ်ဝယ်၊ အသွယ်သွယ်ရေးခါ
သုတရသ၊ နည်းပညာခွဲရာ
ဝမ်းသာအားရ၊ ရေးပြမည်လေ
စိတ်မထွေတမ်း၊ မရမကဖမ်း
ပွဲကြမ်းသည်ကြောင့်၊ မုဒ်ပြန်ပျောက်
စားပွဲပေါ်မှောက်၍ အိပ်သည်နှင့်လေး။ ။
ယူကျူဘ်ဝင်ချက်၊ ပို့စ်သစ်တွက်ရှာ
ဆားချက်မည်ပေါ့၊ စိတ်ဖော့ထားခါ
နားထောင်လေရာ၊ သီချင်းထောင်တစ်ရာ
ခေါင်းတွင်တွင်ကုတ်၊ ပို့စ်ထုတ်မရပါ
စွေ့စွေ့ကယ်ခုန် လူတောင်တုန်
ရှိသမျှ ဘရောက်ဇာ၊ ပိတ်ခါသိမ်းတော့မည်…
ပြီးလျှင် စောင်ခြုံကာ၊ ထွေးခါအိပ်တော့မည်…

(မော်ဒန်တျာချင်း ... ကန်ယို)

9 comments:

WWKM said...

ဟဟဟား.. ဒီမှာ အနှောက်အယှက်ဝင်လို့ ရယ်ချင်နေ
ပါတယ်ဆိုနေမှ သူရဲ့ မော်ဒန်ညည်းချင်း နဲ့ လာကြုံနေ
ပေါ့။ ဒါနဲ့ ကြိုပြောထားတာ ..ကျမတော့ နာမည်ကြီးဦးမယ် ကိုရန်အောင်ရေ... ဟီးးးး
လူတွေ..လူတွေ..ရယ်ရတယ် တအား.. တစ်သိန်းမှာ
တစ်ယောက်သော သူတွေပဲဖြစ်မှာပါ။

လေးစားပါတယ်။

MgThaJan said...

ဒီလောက်တောင်ပဲလား ဆြာရန်ရဲ့ :D

Anonymous said...

ကိုရန်... အိပ်ချည်းပဲအိပ်မနေနဲ့နော်...
ဟောက်သံလေးနဲ့ ကဗျာစပ်နေရင် ဒီမှာ ဗိုက်နှိပ်ပြီး ရီရဖို့ပဲ ကျန်တော့တယ်။ ဟတ်ဟတ်ဟတ်...း)))

ကေမောင်ငြိမ်း said...

sayar ko pi kay kye zu par .... ko yan aung .. khin byar
kyunk taw a de lauk a swan a sa ma shi kyaung par, blog nyee chin lay pa hta ma sone phat bu tar par :D

ဆောင်းယွန်းလ said...

ဒါနဲ့နောက်ဆုံးမှာ.မော်ဒန်တျာချင်းတစ်ပုဒ်ရေးထုတ်လိုက်လေသတည်းပေါ့
လေ...
ခင်မင်လျက်

Rita said...

အော် post ရေးလို့မရတဲ့ အကြောင်းကလည်း post ဖြစ်သပေါ့လေ

Taungoo said...

တတ်လည်း တတ်နိုင်ပါပေ့
chat လည်း chat နိုင်ပါပေ့
ဖတ်လည်း ဖတ်နိုင်ပါပေ့
check လည်း check နိုင်ပါပေ့
နောင်တော်ရန်ငယ်

နှင်းပွင့်ဖြူ said...

ကဗျာလေးက လန်းသနော့ ကိုရန်အောင်

ရွှန်းမီ said...

ဟုတ်ပ.. မနှင်းပွင့် ပြောတဲ့ အတိုင်းပဲ..
စီနီယာကြီးက တော်သွားပြန်ပြီး-)