ကျွန်တော်ဘလော့ဂ်စရေးခဲ့တာ ၂၀၀၆ ဒီဇင်ဘာလို့ ပြောရမယ့်နေရာမှာ ၁၉၉၆ လို့ ပြောမိတယ်ဗျ. (ခရစ်စမတ်မှာ လွမ်းမူးမူးတာ မပြေသေးလို့)
၂၀၀၇ နေရာမှာလည်း ၁၉၉၇ လို့ ပြောမိပြန်တယ်. အဲဒါကတော့ မ ကိုလွမ်းလို့ပါ. :)
စတာပါဗျာ. ဒီအင်တာဗျူးလေးထဲမှာ ကျွန်တော်ဘလော့ဂ် ဘာကြောင့် စရေးဖြစ်တယ်. ဘယ်လိုပုံစံနဲ့ စရေးဖြစ်တယ် အပါအ၀င် လက်ရှိဘလော့ဂ်တွေအပေါ် ကျွန်တော်မြင်မိတဲ့ အရာလေးတွေကို ပွင့်ပွင့်လင်းလင်း ဝေဖန်ဆွေးနွေးထားပါတယ်. ဆရာမောင်စူးစမ်းရဲ့ Blogger Instinct ကို ပြန်လည်ချေပထားတာလည်း ပါပါတယ်.
လက်ပ်တော့မိုက်နဲ့ပဲ လှမ်းပြီး ပြောရတာဖြစ်လို့ ကျွန်တော့်အသံကလည်းေ၀၀ါးနေတာကို သည်းညည်းခံပေးကြပါလို့ မေတ္တာရပ်ခံပါတယ်. အပြင်မှာ အသံပိုကောင်းတယ်ဗျ. (မ အသိဆုံးပါ... :) )
ဒီနေရာမှာ သွားရောက်နားဆင်နိုင်ကြပါတယ်ခင်ဗျာ...
အပင်ပန်းခံမေးခွန်းတွေထုတ်ပြီး ဟိုးအဝေးကြီးကနေ အင်တာဗျူးပေးတဲ့ ကိုမျိုးချစ်မြန်မာကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း ဒီနေရာကနေ ပြောကြားလိုပါတယ်ခင်ဗျာ...
အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့စွာ ဘလော့ဂင်းနိုင်ကြပါစေ...
4 comments:
အပြင်မှာ အသံပိုကောင်းတယ်ဗျ. (မ အသိဆုံးပါ... :) )
မ ကပြောတယ်။ သူလဲအားနာလို့ ပြောလိုက်ရတာတဲ့။ အသံကောင်းတယ်လို့  ။
အဟီး...........
ကိုရန်အောင်ရေ..
ဘလော့ဂါဗီဇအကြောင်းဖတ်ရမှာလား.. မ အကြောင်းဖတ်ရမှာလားး ဟဟားး မပြောတော့ဘူးးး
ပြန်တော့မယ်. ပြီးမှပဲ အသံလာနားထောင်တော့မယ်.
နှလုံးငြိမ်ဆေးလေး အရင်သောက်လိုက်ဦးမယ်..ဟီးး
ဒါနဲ့ အဲ့ဒီပြောတဲ့အထဲမှာရော မ အကြောင်းပါနေသေးလား။ :D
ကြော်ငြာသိပ်ဝင်တာပဲ :P
မင်္ဂလာပါ ကိုရန်အောင် မရောက်တာကြာလို့ လာလည်သွားတယ်။
ရုပ်မမြင် အသံကြား ကြည့်သွားပါတယ် ။
အင်း အသံလေးက သာပါတယ်. ဘလော့ဂါမလုပ်ပဲ
အဆိုတော်လုပ်ပါလား။ :D
အလွန်ကောင်းပါတယ်။
လေးစားပါတယ်. :P
Post a Comment