Thursday, January 29, 2009

နတ်သျှင်နောင်... (ပြည်လှဖေ)

နတ်သျှင်နောင် - ပြည်လှဖေ

(တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့ ရဲတံခွန်တွေ လေကစား ကြွားတလူလူဝေ…
တပ်ဦးဆီ မျှော်လိုက်ပြန်တော့ တံခွန်တွေ အလံတွေ ရဲမာန်ပွားလောက်ပေ။)၂

သေပေစေ ရင်ကိုမြေကတုတ် မဆုတ်မတွန့် မရွံ့တဲ့သူတွေ…
သတ္တိပြောင် ထောင်ထောင် မောင်းမောင်း သူရဲကောင်းတို့ လက္ခဏာညီပေ…
မြင်းသည်တော်တွေ ခြေသည်တော်တွေ မြင်းခလုတ် ဆင်ခလုတ် ကတုတ်တာဝေ…
အစောင့်အနေ စီမံဗိုလ်ခြေ စစ်ဆင်တွေ တသီတတန်း စစ်စခန်းချရာမြေ။

Chorus:
(တောင်ကညို ပြိုတော့မယ် မှိုင်းမှိုင်းမှုန်ဝေ မိုးသက်တွေ လေဝှေ့လို့ တရွေ့ရွေ့ယူသလေ…) တိမ်ဦးလေပြေ လွမ်းငွေ့တွေဝေ၊ ဖော်မစုံကျွမ်း လွမ်းစိတ်တွေပွေ…
ချစ်တဲ့သူ ဓာတုကလျာဆွေ လွမ်းရတဲ့ဖြစ်အင် ထင်မြင်မိစေတဲ့ ဘုရားတိုင် စစ်ချီရတုတွေ ရေးလို့…
သြော် ကျေးငှက်ကို စေလိုစေ… ဖြေလည်းငယ် ဖြေပြေပါနိုင်ဘဲ စစ်ထွက်ဆဲ တောင်ငူ ဘုရင်မှာလေ….
လွမ်းစာတွေရွှေပေထက်မှာ တင်ရှာပေ…)

ပေါ်နွေလလျှင်၊ တောင်ကခြိမ့်မြူး၊ မင်းလွင်ဦးနှင့်၊ ပျံ့ပျူးချုပ်ဆိုင်း၊ မင်းလွင်ဦးနှင့်၊ တိမ်ညိုမှိုင်းထပ်၊ ပြက်လျှပ်ပြကာ၊ စိမ်းဝါမိုးပန်း၊ ထွေထွေစွန်းက၊ ရေသွန်းသာကြည်၊ ပျော်ရမည်ကို၊ မြရည်သတ်မှတ်၊ ရောက်ခဲလတ်ဟု၊ ချစ်ထွတ်တင်သည်၊ ပြာစင်ရွှန်းလတ်၊ ဖြူဝင်းမွတ်လျှင်၊ ကြာညွတ်ဖယောင်း၊ နေရှိန်ပြောင်းသို့၊ ဆင့်လောင်းလွမ်းဝှန်၊ ရှိလိမ့်ဟန်ကို၊ တိမ်စွန်လေလျှင်၊ ဖူးရောက်ချင်သည်…
ငှက်သွင်ပျံကြွ မတတ်သော…

(ပိတောက်တွေ ရွှေအရည် လူးကြမယ့်အခြေ၊ ပုလဲငုံ စံပယ်ဖြူ ဖူးခိုက်ဝေေ၀။

ပန်းမျိုးစုံရာသီစုံကုန်ကူးခဲ့ပေါ့လေ၊ ချစ်သူကို ရည်စူး ခူးတဲ့လို့ခြွေ…)၂

ကိုယ်တိုင် လှရာရာ ရွေး… ပန်မပေးရ ဆံမြညှာကေ စစ်မြေမှာ ကြာညောင်းရက်ရှည် ရောက်မယ်အထင်နဲ့ မျှော်တဲ့သူ ပူဗျာပွေ တတွေးတွေး ဆွေးရှာရော့မယ်လေ။

ဒီသီချင်းလေးကို ကြိုးစားရှာဖွေပေးတဲ့ မလေးကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ....

5 comments:

WWKM said...

ဟဟဟား.. အဲလိုပဲရယ်လိုက်တော့မယ်.
ဘာဇာတ်လမ်းများရေးတော့မလဲလို့ ... မန္တလေးသိန်း
ဇော် သီချင်းနဲ့လာတိုးနေတယ်။ :D

ဒီသီချင်းလေးတော့ အရမ်းကြိုက်ခဲ့ပါတယ်.
နားမထောင်ရတာတောင်ကြာသွားပြီ။ သီချင်းလေးပါ
နားထောင်နိုင်အောင် လုပ်ပါလား။ ကျေးဇူးပိုတင်ပါ့
မယ် ကိုရန်အောင် ရယ်။ မ ကလဲ အရမ်းချစ်ပါစေလို့
ဆုတောင်းပေးနေပါတယ်။
တာ့တာ..နေမကောင်ဘူး။ ပြန်တော့မယ်။
လူပျိုကြီးမြန်မြန်စွန်ပါစေဗျာ။ အဆွေးသီချင်းတွေနဲ့ ..
မ ကိုလွမ်းနေတယ်လား။ တနားတယ်။ " ဗျိ " :P

Yan said...

ဩော်. မ၀ါရယ်. ပို့စ်သေချာလည်း မဖတ်ဘူး.
၁. ပြည်လှဖေဆိုထားတာ. မန်းသိန်းဇော်မဟုတ်.
၂. play button လေးကို နှိပ်လိုက်ရင် သီချင်းနားထောင်လို့ရတယ်.
၃. လူပျိုမကြီးသေးဘူး.
၎. ဗျိ.

:)

WWKM said...

ဟတ်ဟတ်.. ဆောတီးနော် မတွေ့တာ..
အခုဒီမှာ ပြည်လှဖေ ဆိုထားတယ် ဆိုတာသိပါတယ်.
ဒါပေမယ့် ကျမက မန်းလေးသိန်းဇော်ဆိုထားတာ
ကိုပဲ နားထောင်ဘူးလို့ပါရှင်။ အရမ်းကောင်းတယ်လေ.
လူပျိုမကြီးမှန်းလဲသိတယ်. ဟတ်ဟတ် " ဗျိ "

မရဘူးပြန် ဗျိ သွားတယ်။း)

Nothing said...

ကိုရန်ကြီး .. သီချင်းလေး ဒ်ေင်းလုဒ် ဆွဲချင်လို့ဗျ .. ဘယ်မှာဆွဲလို့ရမလဲ မသိဘူး ...

Unknown said...

ကျေးဇူးတင်လိုက်တာဗျာ။ ဒီသီချင်းကို စာသားလိုက်ရှာနေတာ အခုမှရတယ်။ ရှာပေးတဲ့သူကိုရော၊ တင်ထားပေးတဲ့သူကိုပါ ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ။

ကိုပေါ