Thursday, January 29, 2009

ပလိစ်...

အားလုံးပဲ မင်္ဂလာပါခင်ဗျာ...

သီချင်းတောင်းချင်လို့ဗျ.သုံးပုဒ်ပါ.

(၁)
ပြည်လှဖေ ဆိုထားတဲ့ 'နတ်သျှင်နောင်' သီချင်းလေး ဘယ်မှာရနိုင်မလဲ.

သီချင်းအလိုက်လေးက ဒီလိုလေးလေ..

"တောင်ကညို ပြိုတော့မယ် မှိုင်းမှိုင်းမှုန်ဝေ မိုးသက်တွေ လေဝှေ့လို့ တရွေ့ရွေ့ ယူသလေ... "

youtube မှာ တွေ့မယ်ဆိုရင်လည်း ရပါတယ်. ကျွန်တော် ရှာနေတာ ဘယ်လိုမှမတွေ့တော့လို့ပါ. ဖိုရမ်တွေမှာ ၀င်ရှာတာလည်းစုံပြီ.း(

(၂)
စိန်ခြူးကြာညောင်သီချင်းလေး လိုချင်လို့. ရတနာဦးပြန်ဆိုထားတယ်လို့တော့ သိုးသိုးသဲ့သဲ့ ကြားဖူးတယ်. ဒါပေမယ့် ရှာမရပြန်ဘူး. လှိုင်ထိပ်ခေါင်တင်ကိုယ်တိုင် ဆိုပြထားတာမဟုတ်လည်း ရပါတယ်. ကျေးဇူးပြု၍ပါ....း)

(၃)
လေဘာတီမမြရင်ရဲ့ သီချင်းတစ်ပုဒ်ပဲဗျ. စာသားတစ်ကြောင်းပဲ မှတ်မိတယ်. မန္တလေးမှာနေတုန်းက အငြိမ့်ပွဲတွေမှာ ဆိုပြတာ ကြားဖူးတယ်. ဘာတဲ့..

"ပေတစ်ရာပင် လျှောက်ပါလို့ မြင်သလောက် ပြလိုက်ချင်ပါသည်...." ဆိုတာလေ...

း)

အဲဒီ့သီချင်းလေးတွေကို ရှာဖွေပေးနိုင်မယ်ဆိုရင် ရှာပေးနိုင်သူများရဲ့အကြိုက် ပို့စ်တစ်ခုစီ ကျွန်တော် ပြန်ရေးပေးမယ်. ဘယ်လိုသဘောရလဲ. :))))

မျှော်နေမယ်ဗျာ. နော်.

အခုလောလောဆယ် ဈေးဝယ်ထွက်လိုက်ဦးမယ်. တစ်ယောက်တည်းနေထိုင်လှုပ်ရှားနေရတဲ့ လူပျိုနုနုထွတ်ထွတ်လေးတွေရဲ့ ဘ၀ဟာ ဒီလိုပဲဗျာ. အရမ်း စထရပ်စ်များတယ်. နောက်မှတွေ့မယ်ဗျို့.. ဘိုင်...

ခင်မင်လေးစားလျက်
ကန်ယို....

5 comments:

Rita said...

ကိုရန်အောင်ရေ
လေဘာတီ သီချင်းနာမည်က တုံးကျော်မ ရှင့်
စာသားကိုတော့ ညီလင်းဆက် သူ့ blog တစ်ခါတင်ဖူးတယ်
၂၀၀၈ ဖေဖော်ဝါရီ (သို့) မတ်လလောက်က post တွေမှာ ရှိမယ်
သီချင်းတော့ ဘယ်မှာရှိမလဲ မသိဘူး
တ၀က်ရတယ် ဆိုတော့ post တ၀က်ရေးပေးရမယ်

Rita said...

http://blog.nyilynnseck.com/2008/03/blog-post_3139.html

Yan said...

ကျေးဇူး မအေးမြတ်မြတ်ကိုရေ...
I do really appreciate your help...

Y.

Chan Mya Soe said...

ပြည်လှဖေဆိုထားတဲ့ နတ်သျှင်နောင် သီချင်းက ဒီမှာရှိတယ်လေ။

http://www.yanaung.net/2009/01/blog-post_29.html

နောက်နေတာများလား :P

WWKM said...

ဟတ်ဟတ်.. ဒီပို့စ်လေးက ခုမှ တွေ့တယ်.
ဘယ်လိုဖြစ်. ဦးဦးရန် ....း)

"ကျွန်းကျွန်းပိုင်သ "သီချင်းလေးရော မလိုချင်ဘူးလား
ရှင်။ ဟီးး ။" ဗျိ "