Sunday, December 16, 2007

Zawgyi Converter Box လေး လိုချင်သူများအတွက်


ဒီဘောက်စ်လေးက မြန်မာလို ဖတ်လို့ရအောင် ပြောင်းပေးတဲ့ Converter box လေးပါ.





ကျွန်တော့်ရဲ့ ဘလော့ဂ်က ဆီဘောက်စ်အောက်နားလေးမှာ Zawgyi Converter ဆိုပြီး Text Box လေးတစ်ခု ထားထားတာ သတိပြုမိကြမှာပါ. အဲဒါလေးက အရေးပေါ် စာဖတ်လို့ရအောင် လုပ်ထားတာပါ.

ရုံးတို့ ကျောင်းတို့မှာ ဖောင့်ထည့်ခွင့်မပေးတဲ့ ကွန်ပြူတာကို သုံးရတဲ့ အခါကျရင် ကိုယ်ဖတ်ချင်တဲ့စာလေးတွေကို ကော်ပီကူးယူခဲ့ပြီး အဲဒီ့ Text Box လေးထဲကို paste လုပ်လိုက်တာနဲ့ ဇော်ဂျီဖောင့်လေးတွေ ပေါ်လာအောင် လုပ်ထားတာပါ.

Textarea ဆိုတာကတော့ စာရိုက်လို့ရအောင် လုပ်ထားတဲ့ coding လေးတစ်ခုပါပဲ. Rows ကို နံပါတ်တိုးပေးရင် box လေးရဲ့ အနံပိုကြီးလာပါလိမ့်မယ်. Width ကို အတိုးအလျှော့ လုပ်ကြည့်ရင်တော့ အလျားကျဉ်းတာကျယ်တာ ဖြစ်လာပါလိမ့်မယ်.

စမ်းကြည့်ပါခင်ဗျာ.

<textarea rows="6" lang="my" style="font-size: 10pt; font-family: Zawgyi-One; font-weight: normal; width:300px" wrap="VIRTUAL"></textarea>

ဒီ coding လေးတွေကို ပထမဦးဆုံး မသဉ္ဇာရဲ့ ဘလော့ဂ်ကနေ ကူးယူလာခဲ့တာပါ.

ဘာပဲဖြစ်ဖြစ်. ကျွန်တော်ကတော့ ပြန်ပြီး မျှဝေလိုက်ပါပြီ. အားလုံးပဲ ဥာဏ်ရှိသလို သုံးစွဲနိုင်ပါတယ် ခင်ဗျာ.

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

2 comments:

Thinzar said...

သဉ္ဖာလည်း ကိုသန့်ဇင်အောင် ကို သွားမေးပြီး ထည့်ထားတာ။ :)

Anonymous said...

Thanks alot, bro.