ဘာရယ်မဟုတ်ဘူးဗျာ.
လူမျိုးခြား ဘာသာစကားကို လေ့လာနေရင်း ကိုယ့်မြန်မာစကားရဲ့ နက်နဲဆန်းကြယ်မှုလေးတွေကိုလည်း အမှတ်တရ သတိထားနေမိခဲ့တယ်.
အဲဒီ့ထဲက ထူးဆန်းတာလေးတွေ ပြောပြဆွေးနွေးချင်လို့ပါ.
နံပါတ်တွေနဲ့ ပတ်သက်တာပေါ့လေ.
အရိပ်သုံးပါးဆိုတာ ဘာလဲ
တောသုံးတောင် ဆိုတာကရော ဘာတောတွေလဲ.
ထွေရာလေးပါး ဆိုတာကရော ဘယ်လိုဖြစ်လာရတာလဲ.
ခြောက်တီးခြောက်ချက် ပြောတယ်လို့ ဆိုပြန်တယ်ဗျာ
သူ့မိန်းမအကြောင်းမပြောနဲ့. ရှစ်စပ်က ဂျင်လည်တဲ့ မိန်းမမျိုး…
သူ့ဗလကြီးက ကျားကိုးစီးစားလို့တောင် မကုန်နိုင်ဘူး.
အလောသုံးဆယ် မလုပ်နဲ့ မှားတတ်တယ်တဲ့
ဟာ ဘာတွေလဲကွာ. ပေါက်ကရလေးဆယ်တွေ လာပြောနေတယ်.
အဲဒီ့လူက ဟိုစပ်စပ်ဒီစပ်စပ်နဲ့ ယောင်ခြောက်ဆယ်လုပ်နေတာပါကွာ ဆိုပြန်ရော
ဒါပဲပြောနေတာ ဖန်တစ်ရာတေနေပြီ. တော်ပါတော့
ရှိဦးမှာပါလေ.
မိတ်ဆွေတို့က သိရင်လည်း နည်းနည်းလေးလောက် မျှဝေဆွေးနွေးပေးပါဦး. ဘာဆိုလိုတာလဲ. ဘာကြောင့်လဲဆိုတာပါ ရှင်းပြပေးနိုင်ရင်တော့ အတိုင်းထက်အလွန် တံခွန်နဲ့ ကုက္ကားဆိုသလိုပါပဲဗျာ.
ကျေးဇူးကမ္ဘာပါ.
3 comments:
အလောသုံးဆယ်ဆိုတာတော့ ကြားဖူးတယ်ဗျ..
သေခါနီးလူတစ်ယောက်မှာ ဇောငါးဇော ကပ်လေ့ရှိတယ်တဲ့..
အဲ.. အဲ့ဒီအထဲက အလယ်သုံးဇောက ပြောင်းတာတော်တော်မြန်လို့ ဆိုတယ်ဗျ....
အဲဒါကြောင့် အလယ်သုံးဇော (အလောသုံးဆယ်) လို့ ပြောလေ့ရှိတယ်ပေါ့ဗျာ..
ကိုရန်အောင်ရေ.. ခုအသုံးအများဆုံးစကားလုံးကျန်သေးတယ်... ဘာ.. မြန်မာ့နည်းမြန်မာ့ဟန် တဲ့...
ရန်ရေ.နေကောင်းလား။
ဒို့ မှာမြန်မာစာဘလော့မရှိပေမယ့်ဝင်ဆွေးနွေးရတာ
ဝါသနာပါတာရယ်၊ဒီပို့ စ်လေးကိုစိတ်ဝင်စားတာရယ်ကြောင့်
ဝင်ရေးချင်ပေမယ့်သေချာမအားသေးလို့ ၊အရင်လိုမဟုတ်တော့
ဘူးလေကွာ။အခုတစ်ရေးနိုးအကြံကိုထရေးလိုက်တာ။
နံပါတ်ကလေးတွေပါတဲ့metaphorလေးတချို့ ကတော့
၁. တစ်အူတုံဆင့်၊ မီးစတစ်ဖက်ရေမှုတ်တစ်ဖက်၊ တစ်ရွာတစ်ကျီဆောက်။
၂. နှစ်ဖက်ချွန်(ခေတ်စကား)၊ လျှာနှစ်ခွ၊ နှစ်ကိုယ်တူတဲအိုပျက်မှာနေရ။
၃.သုံးတောင်ဝတ်မိန်းမသား၊ သုံးကျောင်းပြောင်းသောရှင်၊သုံးလင်ပြောင်းသောမိန်းမ။
၇. ခုနှစ်ပြည်ထောင်မင်း။
၉.မိန်းမမာယာသဲကိုးဖျာ။
၁၀.မောင်တစ်ချိပ်ပင်ရှိလင့်ကစား။
ဖြစ်ပေါ့်လာပုံလေးတွေတောမစဉ်စားတတ်ပါဘူး။
ဒါပေမယ့်မိန်းမတွေဟာအားနွဲ့ သူ၊မာယာများသူ၊
လင်မရှိရင်မသင့်လျှော်သူ၊လင်များလျှင်မကောင်း၊အစ
ရှိတဲ့အဓိပ်ပါယ်တွေခပ်များများသတိထားမိတယ်။
ဒီတော့မြန်မာရှေးလူကြီးသူမတွေဟာမြန်မာမိန်းမသားတွေ
ကိုထိမ်းချုပ်ထားဖို့ ပည္စက်ချက်တွေတီထွင်ရာမှာအလွန်ပြောင်မြောက်
ကြောင်းသတိထားမိကြောင်းပါ။
ကျေးဇူးတင်ပါတယ်။
Post a Comment