Friday, December 28, 2007

Benazir Bhutto လုပ်ကြံခံလိုက်ရခြင်း





"I put my life in danger and came here because I feel this country is in danger. People are worried."

(Benazir Bhutto)

အိမ်ပြန်ရောက်ရောက်ချင်း သတင်းဖတ်ကြည့်တော့ ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတိုကို သေနတ်သမားတစ်ဦးက လည်ပင်းကို သေနတ်နဲ့ ပစ်ခတ်လုပ်ကြံပြီး ဗုံးပါ ခွဲခဲ့တဲ့ သတင်းကို ဖတ်လိုက်ရတယ်.

သူမအပါအ၀င် နောက်ထပ် အယောက်နှစ်ဆယ်လောက် သေဆုံးသွားခဲ့တယ်လို့ သတင်းထဲမှာ ဖတ်လိုက်ရတယ်.

ကျွန်တော်ငိုင်သွားတာပဲဗျာ.

သူမဟာ ပါကစ္စတန်နိုင်ငံရဲ့ မျှော်လင့်ချက်ရောင်ခြည် တစ်စင်းပါ. ကျွန်တော့်စိတ်ထဲမှာ လူမျိုးရေး၊ တိုင်းပြည် ခွဲခြားတတ်တဲ့ ကျဉ်းမြောင်းတဲ့ အယူအဆ မရှိပါဘူး. ကြီးကျယ်မြင့်မြတ်တဲ့ ခေါင်းဆောင်တွေကို ယောက်ျားမိန်းမ မရွေး လေးစားတယ်. ယုံကြည်တယ်. သူ (သို့) သူမ ကိုယ်စားပြုတဲ့ နိုင်ငံအတွက် ဂုဏ်ယူတယ်.

သူမဟာ ပါကစ္စတန်နိုင်ငံရဲ့ စစ်အုပ်ချုပ်ရေး စနစ်ကို အဆုံးသတ်ပေးမယ့် ခေါင်းဆောင်ကောင်း တစ်ဦးလို့ အားလုံးက ယုံကြည်မျှော်လင့်ထားကြတာပါ. ရွေးကောက်ပွဲစတင်ဖို့ ရက်အနည်းငယ်အလိုမှာပဲ ခုလို အဖြစ်ဆိုးနဲ့ ကြုံတွေ့လိုက်ရတာ ပါကစ္စတန် နိုင်ငံ တစ်ခုလုံးအတွက် ယူကျုံးမရ ဖြစ်စေတဲ့ နိုင်ငံရေး အကျည်းတန်မှုကြီး တစ်ခုပါပဲ.

တစ်နိုင်ငံလုံးမှာ ၀မ်းနည်းခြင်း အထိမ်းအမှတ်နဲ့ ဈေး၊ ရုံးများကို သုံးရက်ပိတ်ထားပါတယ်. အသေးစိတ်ကို သိချင်ရင်တော့ အောက်ပါလင့်ခ်များမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျာ.

တစ်ဆက်တည်းမှာ ဆက်တွေးမိသွားတာကတော့ ကျွန်တော်တို့ရဲ့ ချစ်မြတ်နိုးလှစွာသော မိခင်ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို ဒီလိုအဖြစ်မျိုး မကြုံတွေ့ရစေဖို့ လေးလေးနက်နက် ဆုတောင်းနေခဲ့မိတော့တယ်ဗျာ.

ဒါကတော့ ဘနာဇီယာဘူတိုရဲ့ နောက်ဆုံးမိန့်ခွန်းပါ. လေးစားမှတ်သားဖွယ်ကောင်းပါတယ်.

"I put my life in danger and came here because I feel this country is in danger. People are worried."




သတင်းများဖတ်ရှုရန်

CNN News

Newsweek News

BBC News

Life in Pictures

Bush's speech on Buto's death

Video News ကိုတော့ ဒီနေရာမှာ ကြည့်ပါခင်ဗျာ.

2 comments:

Anonymous said...

ကိုရန်အောင်ရေ Bhutto အတွက် အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။ ပါကစ္စတန်က ပြည်သူများကိုလည်း ကိုယ်ချင်းစာမိပါတယ်။ ဘ၀ခြင်းက သိပ်မကွာတာမို့ အထူးပိုစာနာမိပါတယ်။ သူမအတွက် အထူးဂုဏ်ယူမိသလို ဆုမွန်ကောင်းတောင်းပေးရုံကလွဲလို့ ... ။

မေဓာဝီ said...

ကိုရန်လေးရေ ...
မမေလည်း မနေ့က ရေဒီယိုနားထောင်ရင်း အဲဒီသတင်းကြားလို့ တော်တော်စိတ်မကောင်း ဖြစ်မိတယ်။ ရက်စက်သူ လူမဆန်သူတွေ ဒီကမ္ဘာမြေပေါ်မှာ ဘာလို့ရှိနေရတာလဲ နော် ... ။ ကမ္ဘာသူ ကမ္ဘာသားအားလုံး ငြိမ်းချမ်းကြပါစေလို့သာ ဆုတောင်း နေမိပါတယ်။