Monday, November 19, 2007

English4Bloggers Helpdesk လုပ်ကြရအောင်လား...


အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

မြန်မာဘလော့ဂါများအတွက် အင်္ဂလိပ်စာ တိုးတက်မှု အထောက်အကူပြု ဘလော့ဂ်လေးတစ်ခုလုပ်ဖို့ စဉ်းစားထားပါတယ်.

အဲဒီ့ဘလော့ဂ်လေးမှာ Grammar, Sentence Structures, Reading, Writing စတဲ့ Skills တွေသာမက TOEFL, SAT, IELTS, FCE စတဲ့ နိုင်ငံတကာ ၀င်ခွင့်စာမေးပွဲများအထိပါ သင်ကြားလမ်းညွှန်သွားဖို့ ရည်ရွယ်ပါတယ်. အဆင်ပြေရင် ဆယ်တန်းကျောင်းသားကျောင်းသူတွေ အတွက်ပါ အင်္ဂလိပ်စာသင်ကြားရေး အခန်းကဏ္ဍကို ထည့်သွင်းသွားဖို့ထိ စဉ်းစားထားပါတယ်.

ကျွန်တော်တစ်ယောက်တည်းလုပ်ရင် ထောင့်စုံမှာ မဟုတ်ပါဘူး. အချိန်လည်း မလုံလောက်နိုင်ပါဘူး. ဒါကြောင့် ရည်ရွယ်ချက်တူတဲ့ မည်သူမဆိုကို ပါဝင်ရေးသားကူညီပေးဖို့ လှိုက်လှဲပျူငှာစွာ ဖိတ်ခေါ်ပါရစေ ခင်ဗျာ.

နိုင်ငံတကာမှာ ရင်ဘောင်တန်းဝင်ရောက်နိုင်ဖို့ အင်္ဂလိပ်စာကို ကျွမ်းကျွမ်းကျင်ကျင် သင်ယူတတ်မြောက်ထားဖို့ အလွန်အရေးကြီးပါတယ်. အင်္ဂလိပ်စာကို ခိုင်းနွားတစ်ကောင်လို အသုံးချနိုင်ရမယ်လို့ ဆရာကြီးဦးတက်တိုးက ပြောခဲ့ဖူးပါတယ်. ဒီဘလော့ဂ်လေးကို လုပ်တာဟာ မြန်မာဘလော့ဂါများအတွက်သာမက နောက်နောင် အနာဂတ်မှာ အင်္ဂလိပ်စာသင်ကြားရေးနဲ့ ပတ်သက်ြပီး resource လေးတစ်ခုအဖြစ် ဖန်တီးထားချင်တဲ့ ရည်ရွယ်ချက်လည်း ပါပါတယ်ခင်ဗျာ.

ဒါကြောင့် အများအကျိုးအတွက် မိမိတတ်မြောက်ထားတဲ့ ပညာလေးတွေကို မျှဝေလိုသူ မည်သူမဆို ကျွန်တော့်ကို ဆက်သွယ်ပေးကြပါ. အသေးစိတ်ကို အလုပ်လုပ်ရင်း ပြင်ဆင်သွားပါမယ်ခင်ဗျာ.

နောက်ဆုံးတစ်ခုပြောလိုတာကတော့ ဒီအင်္ဂလိပ်စာသင်ကြားရေး အစီအစဉ်ကို ဘလော့ဂ်အနေနဲ့ လုပ်သင့်သလား (သို့) Domain တစ်ခုဝယ်ပြီး Website အနေနဲ့ လုပ်သင့်သလားဆိုတာပါပဲ.

အဲဒါလေးကိုပါ ကူညီဖြေကြားပေးဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်.

ပျော်ရွှင်ချမ်းမြေ့ကြပါစေခင်ဗျာ.

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်
aungyan@gmail.com

11 comments:

စိုးထက် - Soe Htet ! said...

ကိုရန်အောင်ရေ အားပေးသဗျ ... ဆက်လုပ်ပါ လိုတာ ၀ိုင်း ကြတာပေါ့ ... :D

Anonymous said...

ကိုရန်ရေ
ကျွန်မ အင်္ဂလိပ်စာ ပရိုဂရမ်မှာ
တတ်နိုင်သလောက်ပါဝင်
ဆောင်ရွက်သွားမယ်လို့
ကျွန်မကိုရန်ကို အက်လိုက်တယ်နော်
ဂျီတော့မှာ

Anonymous said...

ကိုရန်ရေ...
ဒီအစီအစဉ်လေးက အရမ်းကောင်းပါတယ်။
အားလုံး ၀ိုင်းပြီး ကြိုးစားကျတာပေါ့။
ဘလော့ဂ်လုပ်ရင် ကောင်းမလား
website လုပ်ရင် ကောင်းမလား ဆိုတာတော့
နားမလည်လို့ အကြံမပေးတတ်ဘူး။

အဆင်ပြေပါစေနော်

မိုးချစ်သူ

Winkabar said...

လုပ်ပါကိုရန်အောင်ရေ။ အားပေးပါတယ်။ ဘလော့လုပ်မလား ဒိုမိန်းဝယ်မလားကတော့သိပ်မပြောတတ်ဘူး။ ဒါပေမဲ့ ဘလော့မှာလုပ်ရင် ဒိုမိန်းမှာလုပ်တာနဲ့သိပ်မကွာရင်တော့
ပိုက်ဆံအကုန်မခံပါနဲ့။ အကြံပေးကြည့်တာပါနော်။ သိပ်တော့မသိဘူးလေ။ တတ်နိုင်ရင်တော့ ပါချင်ပါတယ်။

Kaung Kin Ko said...

ကောင်းတယ်ဗျာ။ domain ဝယ်ပြီးလုပ်ရင် ပိုကောင်းမလားလို့ ။ Forum တွေ chatting တွေ ထည့်လို့ ရတာပေါ့။ Newsletter တို့ ဘာတို့ sent လို့ ရတာပေါ့။ ဒါပေမယ့် ပိုက်ဆံ ကုန်မှာများမယ်ဆို ရင်တော့ domain မဝယ်ပါနဲ့ ။ဝိုင်းကြဝန်းကြတာပေါ့ဗျာ။

ရွှေဂျမ်း said...

ကောင်းတဲ့ အစီအစဉ်ပါ ကိုရန်အောင်ရေ။ တတ်နိုင်သလောက် ပါဝင်ကူညီပါ့မယ်။

kojeep said...

I am really glad to hear that. Congratulation Ko Yan Aung. Great Idea! I would like to participate if you allow me. I am Kyaw Zay Ya @ Jeep because i was born in jeep car :P. I am from Singapore studying mass communication. I would like to suggest you that is you should buy domain. Also would like to support as much as I can but I am very poor in blog experience.

Yan said...

ခုလိုအားပေးကူညီဖို့ ကမ်းလှမ်းကြတာကို သိရတော့ အားတက်ဂုဏ်ယူမိပါတယ်ခင်ဗျာ.

Domain ၀ယ်ပြီး သေချာ လုပ်သွားပါမယ်. ရေရှည်တည်တံ့နိုင်အောင်၊ Features တွေ စုံလင်အောင် ထည့်နိုင်ဖို့လည်းဖြစ်အောင် ဒိုမိန်းဝယ်လိုက်တာ အကောင်းဆုံးဖြစ်မယ်လို့ ယူဆမိလို့ပါ...

ဒီကော်မန့်အောက်မှာ ၀င်ရေးပေးတဲ့ ဘလော့ဂါမိတ်ဆွေများကို အဖွဲ့ဝင်များအနေနှင့် သတ်မှတ်ပြီး ဆက်သွယ်ပေးသွားပါမယ်.

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေခင်ဗျာ.

ခင်မင်လေးစားလျက်

ရန်အောင်

Ulmuka said...

ကိုရန်ရေ ကျွန်တော်လည်းကူချင်ပါတယ်။

ထွန်း said...

ကောင်းတဲ့ အကြံပါ ကိုရန်

Anonymous said...

ပထမတော့ ဘလော့ဂ်အနေနဲ့ ရေးသင့်ပါတယ်။ ပို့စ်တွေနဲ့ အရှိန်ရလာတော့မှ Website လုပ်ဖို့ စဉ်းစားရင်ကောင်းမယ်ထင်တယ်။

Thinker
mmthinker.iblogger.org