Thursday, November 22, 2007

အလွှာ




ငယ်ငယ်တုန်းကပေါ့
ငါဟာ လေတိုက်တဲ့ဖက်ကို လိုက်ကြည့်နေခဲ့ဖူးတယ်.
ငါလိုက်ရှာနေတဲ့ မှန်လေးတစ်ချပ်များ လွင့်မျောလာမလားလို့ပါ….

အရွယ်လေးရောက်လာတော့
ငါ့အတောင်ပံတွေကို ဖြန့်ထုတ်နိုင်ခဲ့တယ်.
လောကကြီးရဲ့ ရင်ခွင်ထဲကို တိုးဝင်ပျံသန်းရင်းနဲ့လေ
မသွေမဖည်ဘဲ ငါ့ရဲ့ မှန်ချပ်လေးကို ဆက်ရှာနေခဲ့တုန်းပဲ.

ဆွဲဆောင်မှုတွေ
ပျော့ညံ့မှုတွေ
မုသားတွေ
မာနခေါင်ခိုက်မှုတွေ
စိုးရွံ့သိမ်ငယ်မှုတွေ
ဒီလို မတည်ငြိမ်မှုတြွေုကားထဲမှာ
စွဲမြဲစွာ လိုက်ရှာနေခဲ့တဲ့
ငါ့ရဲ့မှန်ချပ်လေး
တစ်နေ့က ငါ့သေတ္တာထဲမှာ သိမ်းထားမိတာတွေ့တယ်..

ဩော်..
ဆလိုက်ထိုးခံထားရတဲ့ အရာတွေကိုမှ
ငါက အမှန်တရားတွေလို့ ယူဆခဲ့မိတာကိုး…
တကယ်ဆို
ငါ့ကိုယ်ငါ အရင်ရှာဖွေခဲ့သင့်တာ…

3 comments:

Anonymous said...

ငါ့သေတ္တာထဲမှာ?
could you bring that box everywhere with you while you are လောကကြီးရဲ့ ရင်ခွင်ထဲကို တိုးဝင်ပျံသန်း?

Anonymous said...

ကဗျာလေးက ကောင်းလိုက်တာ။
တခါတလေ လူတွေက
ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ဖို့
မေ့နေတက်ကြတယ်။
နှင်းဆီနီနီ။။

LIN LET KYAL SIN said...

ဆလိုက်ထိုးခံထားရတဲ့ အရာတွေကိုမှ
ငါက အမှန်တရားတွေလို့ ယူဆခဲ့မိတာကိုး…

---------

>>> ဒီစာသားကို တော်တော်လေး ခိုက်တယ် ကိုရန်အောင်။ အားပေးနေလျက်ပါ။

လေးစားခင်မင်စွာဖြင့်

လင်းလက်ကြယ်စင်