Monday, November 19, 2007

ဌာနေသို့ အပြန်...

အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

ကျွန်တော်လည်း Blogcation ကို အားရပါးရ ခံစားခဲ့ပြီးပါပြီ. ခုတော့ ကိုယ့်အိမ်ကိုယ်ယာကို ပြန်ရောက်လို့ ဘလော့ဂ်ခရီးကို ဆက်နှင်လိုက်ပါဦးမယ်…

ကျွန်တော့်ကို ချစ်ခင်ရင်းနှီးစွာနဲ့ အားပေးကြတဲ့ မိတ်ဟောင်းမိတ်သစ် ဘလော့ဂါများကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ.

ကျွန်တော့်စိတ်တွေကို ကောင်းမွန်စွာ စုစည်းလို့ ကျွန်တော်ချစ်ခင်ရတဲ့ ဘလော့ဂါများနဲ့အတူ ဆက်လက်ပြီး ပျော်ရွှင်စွာ နေသွားချင်ပါတယ်. ဒါကြောင့် ကျွန်တော့်စိတ်ကို ဒုက္ခပေးနေတဲ့ တစ်ချို့ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေကို ဗင်းနစ်မြို့ကို ယူသွားပြီး ရေထဲကို ပစ်ချခဲ့တာပါ.

ပြန်ပေါ်မလာအောင် တစ်ခါတည်း ကျောက်တုံးမှာချည်ပြီး ပစ်ချခဲ့တယ်. ပြန်ပေါ်လာရင် မြင်နေရမှာစိုးလို့ ပစ်ချခဲ့ပြီးတာနဲ့ မြန်မြန်ပြန်လာခဲ့တယ်ဗျ. ဟတ်ဟတ်ဟတ်.

အားလုံးကို သတိရလို့ ပြန်လာတာ. ဗင်းနစ်မြို့ကြီး ဘယ်လောက်ပဲ လှလှ အချစ်မရှိတဲ့မြို့တော်ကြီးမှာ တစ်ယောက်တည်း အကြာကြီးမနေနိုင်ပါဘူးဗျာ. ဒါကြောင့် အရည်ခါးခါးတွေကိုသာ တွင်တွင်ဖိသောက်နေခဲ့ရတယ်. (ဆေးခါးကြီးကို ပြောတာပါဗျာ.)

ဒီကြားထဲ ရေခဲငှက်ကလည်း ကဗျာရေးချင်လို့ဆိုပြီး ပူဆာနေတယ်. သျှင်နေမင်းကလည်း ရေးချင်လိုက်တာ လက်ကိုယားနေတာပဲတဲ့. မင်းရန်အောင်ကလည်း သူ့ကာရန်တွေ လျစ်လျူရှုခံထားရလို့ မကြေမချမ်းဖြစ်နေလေရဲ့ဗျာ.

ကဲပါလေ. ပြောနေရင် စကားရှည်ပါတယ်. အလုပ်နဲ့ပဲ သက်သေပြကြတာပေါ့….

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

1 comment:

စိုးထက် - Soe Htet ! said...

ကင်းဝန် မင်းကြီး ကတော့ ဗျစ်ခါးရည်လို့ သုံးထား ခဲ့သဗျ :D