Tuesday, November 13, 2007

ဘဘရန် ဗင်းနစ်သို့ မဟာဘလော့ဂါ ဂန္ဓာရီခရီး ကြွလေပြီ….



Attention please! Attention please!

Our beloved blogger, Ba Ba Yan, is on his way to Venice to enjoy his blogcation. He will stay there from a few days to a few weeks. From Venice, he will proceed to Italy, Rome, Germany, Poland, England, Finland, အကုန်လန် နိုင်ငံများသို့ ဆက်လက်ခရီးထွက်ခွာသွားမည့် အစီအစဉ် ဆွဲထားပါ၍ www.yanaung.blogspot.com ၌ ဘလော့ဂ်ရေးသားခြင်းကို ခေတ္တရပ်နားထားပါမည့် အကြောင်း မော့စ်ကုဒ်ဖြင့် ယမန်နေ့ ညသန်းခေါင်ယံတွင် ပေးပို့လာပါသည်…

အပြည့်အစုံမှာ..

ဒါဒါဒါ..

ဒီဒီဒီ….

ဒါဒါဒီ.. ဒီဒီးဒါ.. ဒါဒါဒါ.. ဒီးဒီးဒီး… ဒါဒီးဒီးဒါ.. ဒါဒီးဒါ.

ဒက်ဒက်ဒက်… အား… ပစ်တယ်.ဟ

ဟူ၍ ဖြစ်ပါသည်..

ဘာသာပြန်ရသော်

အကျွန်ုပ်သည် ဘလော့ဂါ ဂန္ဓာရီ ခရီး ကြွမြန်းမည်ဖြစ်၍ ဘလော့ဂါ ဒကာဒကာမများ (အဲ. ဟုတ်ပါဘူး) ဘလော့ဂါ ကာလသား ကာလသမီးများ၊ ဘလော့ဂါ အရင့်အမာကြီးများ၊ ဘလော့ဂါ နုနုထွတ်ထွတ်လေးများ အားလုံး တစ်ဦးနှင့်တစ်ဦး Aja Aja Fighting များ မရှိကြဘဲ အာဘွားများ ပေးစေကြသတည်း…

အကျွန်ုပ်နဲ့ အတူ လိုက်ပါမယ့် တပည့်တပန်းများကတော့ ဆတ်ဆတ်ကြဲ မာနခဲ စာရေးဆရာ မီးလျှံငှက်၊ ခေတ်လန်ကဗျာဆရာ ရေခဲငှက်၊ ခေတ်လွန် စာရေးဆရာပေါက်စ သျှင်နေမင်း၊ သမ္မာစရိယလင်္ကာတော်ကြီးကို မပြီးနိုင်မစီးနိုင် သီကုံးရေးသားနေတဲ့ ဦးမင်းရန်အောင်နဲ့ ကာတွန်းဆရာပေါက်စ ကွန်တို့ပဲ ဖြစ်ပါတယ်.

ဒါကြောင့် သူတို့လေးတွေရဲ့ လက်ရာလေးတွေလည်း ခေတ္တပျောက်ကွယ်နေမှာ ဖြစ်ပါကြောင်း အားလုံးကို အသိပေးခဲ့ပါတယ်ခင်ဗျာ.

အပ္ပာမာဒေန သမ္မာဒေထ…

ကဲ… Hovercraft ကြီးလည်း Venice ကိုသွားတော့မယ်.

အားလုံးပဲ နှုတ်ဆက်ခဲ့ပါတယ်.

ငါသွားတော့မယ်
အားလို့တော့ မဟုတ်ပါဘူး
ထူးခြားအောင် ဒူးယားသောက်လဲ
ပိုက်ပိုက်ကုန်တာပဲ အဖတ်တင်တော့
လာရာလမ်းကို ငါပြန်ကြော့တော့မယ်
အို…
ငါခေါင်းမော့ဆဲပါပဲလေ.
တွေဝေနေတဲ့ အတွေးစဉ်တွေကို အသာရပ်လို့
ဟောဒီ Hovercraft ပေါ် အသာတက်တော့မယ်.
ဘယ်ဆီဘယ်ဝယ်မသိ
တအိအိနဲ့ ခရီးဆက်ဖို့ စိတ်ကထင့်
လာစမ်းဟေ့ Venice!

(ရေခဲငှက်)


ဟိုတောင်ဒီတောင်၊ တယောင်ယောင်နှင့်
ကြယ်ပြောင်မိုးထက်၊ အလင်းသက်ပြီ
ဂန္ဓာရီခရီး၊ စချိန်နီးမို့
ပြာမီးကိုသတ်၊ ရှေ့ကိုဆက်မည်
လှမ်းပါညီညီ၊ လှမ်းညီညီ…

(မင်းရန်အောင်)


သွားစမ်းပါ
အတွယ်အတာတွေ ခ၀ါချလို့
ငါ့မာနနဲ့ ရှေ့ဆက်ခဲ့ပြီလေ
ဒီရာသီ မကုန်ခင် ဖလားရဖို့ (အဲ.. လွဲကုန်ပြီ ဆောရီး)
ဒီရာသီ မကုန်ခင် မှုန်ရီနေတဲ့ လမ်းကို ရှင်းလင်းဖို့
ပညာဓားနဲ့ လက်ခမောင်းခတ်ခဲ့ပြီပေါ့
ကြာကူလီ အခေါ်ခံရတာလောက်တော့ မမှုတော့
ဟာကြူလီ ငပျော့.

(မီးလျှံငှက်)


ကဲကဲ… သွားချိန်တန်ပြီဗျာ.

မြန်မာ ဘလော့ဂါလောကကြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေသတည်း…

အားလုံးကို ခင်မင်လေးစားလျက်

ဘဘရန်…



ဘဘရန်အား သူ၏ စိတ်ပုတိးဖြင့် တွေ့ရစဉ်...

5 comments:

စိုးထက် - Soe Htet ! said...

ဘဘရန် ... အပြန်ကြရင် သိဒ္ဓိတင် ဗင်းနစ် မှော် ဘောလုံး ... ယူလာပေးပါ ... :)

MELODYMAUNG said...

တကယ်ရယ်ရတယ် ဘဘရန်ရေ ပြန်လာရင်သာ နာ့ဖို့ လက်ဆောင်လာပေးဖို့ မမေ့နဲ့နော် သိလား 

Anonymous said...

ဦးဦးရေခဲညှပ်...ပြန်လာရင် လေးမဖို့ မုန့်တွေဝယ်ခဲ့နော်...။ အားကျတယ်ကွာ...။ ရောက်ဖူးချင်လိုက်တာ...။

မျှားပြာ said...

ပါးစပ်ဟပြီး ကျန်ခဲ့တယ်ဗျာ တကယ် ..

Anonymous said...

ဘယ်လိုဖြစ်သဒုန်း ကိုရန်အောင် ။ ဘယ်လိုတားတား မရတော့ပါလားကွယ်…

မွန်းသက်ပန် (ဆေး-၁)