Sunday, June 03, 2007

မြန်မာဘလော့ဂါများရဲ့ Unicode စနစ်


အားလုံးကို တစ်ခုလောက်မေးချင်ပါတယ်
တကယ်လို့များ ကျွန်တော်တို့ အခု ကျယ်ကျယ်ပြန့်ပြန့်သုံးနေတဲ့ ဇော်ဂျီဖောင့်နဲ့ ယူနီကုတ်ဒ် စနစ်ကို Commercial License လုပ်ပစ်လိုက်ရင် ကျွန်တော်တို့ရဲ့ မြန်မာဘလော့ဂါလောကကို ဘယ်လို သက်ရောက်မှုတွေ ဖြစ်လာနိုင်မလဲ.

ဒါအစမ်းမေးတာ မဟုတ်ပါဘူးနော်. တကယ်ဖြစ်လာနိုင်ချေ ရှိနေလို့ပါ. ဘာလို့လဲဆိုတော့ အရင်တုန်းက Mandalayalpha.com မှာ ဇော်ဂျီဖောင့်ကို Download ပေးလုပ်ထားတယ်. ခုမရှိတော့ဘူး. နောက်ပြီးတော့ Seminar တစ်ခုမှာလည်း MandalayAlpha ရဲ့ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ဇော်ဂျီဖောင့်ကို License နဲ့ ထားဖို့ စဉ်းစားနေကြောင်း အရိပ်အမြွက် ထည့်သွင်းပြောဆိုခဲ့ပါတယ်.

ဒီတိုင်းပဲ သုံးလို့ရနေတာပဲလို့ ပြောချင်လည်း ပြောနိုင်ပါတယ်. ဒါပေမယ့် လွတ်လပ်စွာရေးသားဆွေးနွေးနေတဲ့ မြန်မာဘလော့ဂါတွေအပေါ်ကို နိုင်ကွက် တစ်ခုအနေနဲ့ တစ်ဦးတစ်ယောက်က ချုပ်ကိုင်ထားနိုင်မယ့် အဖြစ်မျိုးကို မဖြစ်စေသင့်ဘူးလို့ ကျွန်တော်တို့ ယူဆမိတယ်.

ဒီလိုအကြောင်းကြောင်းတွေကြောင့် ကျွန်တော်တို့ စိတ်တူကိုယ်တူ ပညာ ရည်ချွန်တဲ့ မြန်မာဘလော့ဂါများ စုပေါင်းပြီးတော့ မြန်မာဘလော့ဂါများမူပိုင် မြန်မာဖောင့်တစ်ခုနဲ့ ယူနီကုတ်ဒ်စနစ်ကို တီထွင်ဖို့ စဉ်းစားမိပါတယ်.

ဒီအကြံကို ရရချင်းပဲ နီးစပ်ရာ ဘလော့ဂါမိတ်ဆွေများကို စတင်ဆွေးနွေး ပြောဆိုကြည့်ပါတယ်.

မပန်ဒိုရာ၊ မဂျစ်တူး၊ မအိမ့်ချမ်းမြေ့၊ ဘာညာတို့က ချက်ချင်းပဲ ငွေအားလူအား ကူညီမယ်လို့ ၀မ်းပန်းတသာ ပြောပါတယ်. ကိုမင်းကျော်ကလည်း ပညာအားပါ စိုက်မယ်လို့ အားတက်သရော ဆိုလာပါတယ်. မြန်မာဘလော့ဂါဖိုရမ်မှာတောင် ဒီနေ့ပဲ ယူနီကုတ်ဒ်တွေ အကြောင်း သူဆွေးနွေးထားပါတယ်. အဲဒါကို ဒီပို့စ်ရဲ့အောက်မှာ ဖော်ပြထားပါတယ်..

နည်းနည်းလောက် ဆက်စဉ်းစားကြည့်ရအောင်…

မြန်မာယူနီကုတ်ဒ်ကို တီထွင်ဖို့က လွယ်သလားဆိုတော့ သိပ်မလွယ်ပါဘူး. ခက်သလားမေးရအောင်လည်း အဲလောက်မခက်ပါဘူး. ပညာစွမ်းနဲ့ အချိန်ကာလ အထိုက်အသင့်လိုပါတယ်. ငွေအားကိုတော့ ကျွန်တော်အပါအ၀င် ပြည်တွင်းပြည်ပက မြန်မာဘလော့ဂါများက ကူညီပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်.

ပညာရည်ထူးချွန်ထက်မြက်တဲ့ မြန်မာဘလော့ဂါတစ်ချို့ကို ကျွန်တော်လိုက်လံ စည်းရုံးဆွေးနွေးပါဦးမယ်

ခုတော့ ကျွန်တော်တို့မှာ ဖြစ်ပေါ်လာနိုင်တဲ့ ပျော့ကွက်တစ်ခုကို သတိပြုမိစေချင်လို့ ဒီပို့စ်လေးရေးပြီး သံချောင်းခေါက်လိုက်ပါတယ်.

ယူနီကုတ်ဒ်နဲ့ မြန်မာဖောင့်အတွက် လောလောဆယ် ကျွန်တော်စဉ်းစားမိထားတဲ့ မြန်မာ ဘလော့ဂါများကတော့

ကိုမင်းကျော်
ကိုညီလင်းဆက်
ကိုမျိုးကျော်ထွန်း
ကိုဝေယံလင်း
ကိုဘလာဂေါက်
မပန်ဒိုရာ
မဂျစ်တူး
မအိမ့်ချမ်းမြေ့
ဘာညာ
ရန်အောင်


ဒါကျွန်တော်လက်လှမ်းမီသလောက်ပါ. ကျွန်တော့်ရဲ့ မိတ်ဆွေဘလော့ဂါများ ကိုလည်း ထပ်မံစည်းရုံးကြည့်ပါဦးမယ်. ကိုညီလင်းဆက်ကတော့ ဖောင့်တစ်ခုတီထွင်တာ ခရီးတော်တော်ရောက်နေပြီလို့ ကျွန်တော့်မိတ်ဆွေ တစ်ချို့က တစ်ဆင့် ပြန်လည်ကြားသိရပါတယ်. အသေးစိတ်ကို ဆက်လက်ဆွေးနွေးသွားပါမယ်.

အားလုံးကို ကျေးဇူးတင်ပါတယ်.
အထူးသဖြင့် ဖောင့်တီထွင်နေတဲ့ ကိုညီလင်းဆက်၊ ယူနီကုတ်ဒ်အကြောင်း ပြောပြဆွေးနွေးပေးတဲ့ ကိုမင်းကျော်၊ မြန်မာဘလော့ဂါများမူပိုင် ယူနီကုတ်ဒ်တစ်ခု တီထွင်သင့်ကြောင်း အကြံပြုဆွေးနွေးတဲ့ ဘာညာတို့ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ.

ပညာအား၊ လူအား၊ ငွေအား အကူအညီပေးဖို့ စိတ်ဝင်စားသူ မည်သူမဆို ကျွန်တော့်ကို Email ပို့ ဆက်သွယ်ပေးပါ.
(aungyan@gmail.com)

မြန်မာဘလော့ဂါဖိုရမ်တွင် ကိုမင်းကျော် ရေးသားထားသော ပို့စ်


8 comments:

(တေးမွန်) said...

အနော်လည်းပါမယ်... ဘယ်နေရာက နေရနေရ....
သိပ်တောမလွယ်ဝူးထင်တယ်.. ဒါပေမယ် .. ချကြည်ကြတယ်ပေါ့..

pandora said...

မောင်ရန် ဒီပို့စ်လေးတင်တာ အရမ်းကောင်းတယ်.. ဖိုရမ်ထဲလည်း ဒါလေး ပြန်ရေးထားပါလား. ကိုမင်းကျော် တော့ပစ်အောက်မှာလေ.. မူပိုင်ခွင့်နဲ့ပတ်သက်လို့ ကိုယ်စဉ်းစားထားတာလေးတွေ နောက်တော့ ပြောပြပါမယ်။

Anonymous said...

I am www.hteinkmin.blogspot.com here, iam away from my house at the moment, however, very appreciated to read this article. I dont have so much knowledge on programming, however i will try to support whatever i can from my side. Eg, Financially!

ကိုဖြိုး said...

အင်းဗျာ ခက်တာပဲ အလုပ်တောင်ဖြစ်မယ်မကြံသေးဘူး ရောင်းမယ်တကဲကဲနဲ့

MELODYMAUNG said...

ပညာအား၊ လူအား၊ ငွေအား အကူအညီပေးဖို့ စိတ်ဝင်စားပါတယ်။
ဒါပေသိ အားငယ်လိုက်တာ ပညာဆိုလို့ ကလဲ Unicode နဲ့ ပါတ်သက်လို့ နကန်းတလုံးမှ မသိဘူး၊ ငွေအားဆိုရင်လဲ ကလေးမုံ့ ဖိုးလောက် ဖြစ်နေမှာ အားနာလိုက်တာ။ လူအားကတော့ ဘာလုပ်ပေးရမှာလဲဟင် ကူညီနိုင်သမျှတော့ တတ်အားသရွေ့ အင်တိုက် အားတိုက် ကူညီပါရစေ။ မြန်မာ စာပေ သဒ္ဒါ အရေးအသား စာရွက်စာတမ်းနဲ့ ပါတ်သက်တဲ့ စာအုပ်တွေဘာတွေ လိုတာရှိရင်တော့ ကူရှာပေးနိုင်မှာပါ။

tayzar said...

ကိုရန်အောင်ရေ မြန်မာ ယူနီကုတ်လုပ်မယ်ဆိုရင်တော့ ပျော်စရာကြီးပေါ့ခင်ဗျာ... ဒါပေမယ့် အဲဒါကကော ကျွန်တော့်တို့ ယူနီကုတ် လုပ်တဲ့ထဲမပါတဲ့ ကျန်တဲ့ ဘလော့ခ်ဂါ တွေ အားလုံးကို ဖရီး ပေးမှာလားခင်ဗျာ... ဇော်ဂျီက လိုင်စင်ဖြစ်ခဲ့ရင် ကျွန်တော်တို့ တင်ပြီးသားပို့စ်တွေကို ဘယ်လိုပြန်ပြင်ရမှာပါလဲ ခင်ဗျာ

Chan Mya Soe said...

alpha ကပေးထားပါသေးတယ် ကိုရန်အောင်
ဒီမှာကြည့်

စိုးဇေယျထွန်း said...

လက်ရှိ အချိန်ထိ တော့ ကျွန်တော့် ဆီမှာ ဒေါင်းလုပ် ဆွဲလို့ရသေးတယ်
ဒါပေမယ့် သေချာအောင်မေးပို့ထားတယ်
ဒီလိုမျိုး
မနက်ဖြန်ဖုန်း ထပ်ဆက်မယ်
ကျွန်တော်တို့ အခု ကျယ်ကျယ်ပြန့်ပြန့်သုံးနေတဲ့ ဇော်ဂျီဖောင့်နဲ့ ယူနီကုတ်ဒ် စနစ်ကို Commercial License လုပ်ပစ်လိုက်ရင် ကျွန်တော်တို့ရဲ့ မြန်မာဘလော့ဂါလောကကို ဘယ်လို သက်ရောက်မှုတွေ ဖြစ်လာနိုင်မလဲ.