ဒီအသင်းအဖွဲ့ကြီးကို ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်တွေကတော့
(၁) မြန်မာဘလော့ဂါများ စည်းလုံးမှု ပိုရှိလာစေရန်
(၂) မြန်မာဘလော့ဂါများကို ကိုယ်စားပြုသော ဘလော့ဂါအဖွဲ့အစည်းကြီး တစ်ခုဖြစ်ပေါ်လာစေရန်
(၃) မြန်မာဘလော့ဂါများ ကြုံတွေ့ရင်ဆိုင်နေရသော ဘလော့ဂ်လုပ်နည်း အခက်အခဲများကို ကုညီဖြေရှင်းပေးရန်
(၄) မြန်မာလူငယ်များ အင်တာနက်ကို အကျိုးရှိရှိ အသုံးချတတ်လာစေရန်
(၅) ရွက်ပုန်းသီးလူငယ်ပညာရှင်များအား လက်တွဲဖော်ထုတ်ရန်
(၆) မြန်မာကွန်ပြူတာပညာတတ်များ စည်းလုံးမှုပိုရှိပြီး အများအကျိုးအတွက် အကျိုးပြုလုပ်ငန်းများကို ထိထိရောက်ရောက် လုပ်ဆောင်လာနိုင်စေရန်
(၇) နည်းပညာ၏ စိန်ခေါ်မှု၊ ဘာသာစကားခက်ခဲမှု၊ ပညာသင်ယူရန်ခဲယဉ်းမှုတို့ကို ကူညီဖြေရှင်းပေးနိုင်ရန်
(၈) မြန်မာနိုင်ငံတော်ကြီး၏ အနာဂတ်နည်းပညာကဏ္ဍကို တိုးတက်ပြောင်းလဲ စေမည့် အင်အားတစ်ရပ်အဖြစ် ပေါ်ထွက်လာနိုင်စေရန်
တို့ပဲ ဖြစ်ပါတယ်…
အွန်လိုင်းမှာ ဒီအဖွဲ့ကြီးအနေနဲ့ မြန်မာဘလော့ဂါများအချင်းချင်း ဘယ်လို ဆက်သွယ် ဆောင်ရွက်ကြမလဲ ဆိုတာကို အကြမ်းဖျင်းအနေနဲ့ ဆွေးနွေးတင်ပြလိုပါတယ်.
(၁) အသင်းဝင်ကြေးသတ်မှတ်ကောက်ခံပါမယ်. အဲဒီ့ငွေကို အသင်းကြီးအတွက် ပဒေသာပင် သဘောမျိုးထူထောင်ထားပြီး အကောင်အထည်ဖော်မယ့် ပရော့ဂျက်များအတွက် သုံးစွဲပါမယ်.ငွေကောက်ခံရာမှာ တိုက်ရိုက်ထည့်ဝင် နိုင်သလို Google Adsense ကြော်ငြာများကို Click ခေါက်ပေးခြင်းဖြင့်လည်း အသင်းကြီး၏ ရန်ပုံငွေအတွက် ထည့်ဝင် လှူဒါန်းနိုင်ပါတယ်။
(၂) အသင်းသားများကို တာဝန်ယူရမယ့် အပိုင်းများခွဲဝေပြီး Subcommittee များ ထပ်မံဖွဲ့စည်းပါမယ်. ဗဟိုကော်မတီက လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်များကို ညွှန်ကြားပါမယ်.
(၃) အသင်းကြီးကို ထပ်မံပြီး အဖွဲ့ခွဲများဖွဲ့ပါမယ်. ဘလော့ဂါအများစု နေထိုင်ရာဒေသများကို ဇုံတစ်ခုစီထပ်ဖွဲပါမယ်. ဥပမာ- ရန်ကုန်၊ မန္တလေး၊ စင်ကာပူ၊ အမေရိကား စသည်တို့ဖြစ်ပါတယ်. ဘလော့ဂါနည်းတဲ့ ဒေသများကိုတော့ သူနဲ့နီးရာ ဇုံထဲကို ဆွဲထည့်ပါမယ်. ဥပမာ- မလေးရှားမှာ ဘလော့ဂါအရေအတွက်နည်းသေးတဲ့ အတွက် ဘလော့ဂါများတဲ့ စင်ကာပူဇုံထဲကို ထည့်ပါမယ်.
(၄) ဇုံအလိုက် ကော်မတီတွေ ထပ်ဖွဲ့ပါမယ်. ဇုံတစ်ခုစီအတွက် Officer-in-charge တစ်ယောက်စီ ထပ်ထားပါမယ်. ဒီတာဝန်ရှိသူတွေ အချင်းချင်း အရေးပေါ် ဆက်သွယ်နိုင်အောင် Roster Email accounts, Yahoo Group or something like that တစ်ခုကို ဖန်တီးပါမယ်.
(၅) ရရှိတဲ့ ဘဏ္ဍာငွေများကို ဘဏ်အကောင့်တစ်ခုတည်းမှာ ထည့်ထားပါမယ်. တစ်လတစ်ခါ စာရင်းထုတ်ပြန်ပါမယ်.
ဒါလောလောဆယ် ကျွန်တော်စဉ်းစားမိတာလေးတွေပါ. ဘလော့ဂါညီအစ်ကို မောင်နှမများ စဉ်းစားမိတဲ့ အချက်လေးတွေကို ကော်မန့်လေးတွေထဲမှာ ထည့်ရေးပေးစေလိုပါတယ်. ဒါကတော့ မြန်မာဘလော့ဂါအစည်းအရုံးကြီးရဲ့ လိပ်စာပါ. ဒီနာမည်ထက် ပိုကောင်းမယ့်၊ ပိုသင့်တော်မယ့် နာမည်လေးများ ရှိခဲ့မယ်ဆိုရင်လည်း အကြံပြုဆွေးနွေးပေးစေလိုပါတယ် ခင်ဗျာ…
2 comments:
Oi, achei teu blog pelo google tá bem interessante gostei desse post. Quando der dá uma passada pelo meu blog, é sobre camisetas personalizadas, mostra passo a passo como criar uma camiseta personalizada bem maneira. Até mais.
ရှိသင့်တဲ့အဖွဲ့ အစည်းပါ ဆက်လုပ်ပါ
Post a Comment