Saturday, June 16, 2007

မြန်မာဘလော့ဂ် စာအုပ်ဒီဇိုင်း - ၂


စာအုပ်ဒီဇိုင်းအတွက် ကိုဖိုးချမ်းကိုဖြိုး နဲ့ ကိုမောင်ပွတ် တို့ရေးဆွဲပေးထားတဲ့ အရှေ့နဲ့အနောက် မျက်နှာဖုံးဒီဇိုင်းလေးတွေပါ. အကြံဥာဏ်လေးတွေ ပေးကြပါဦးခင်ဗျာ. ညီအစ်ကို မောင်နှမတို့ရဲ့ အကြံပြုချက်လေးတွေကို စာအုပ်ဒီဇိုင်းကို နောက်ဆုံးရွေးချယ် တဲ့အခါမှာ ထည့်သွင်းစဉ်းစားသွားမှာ ဖြစ်ပါတယ်. မြန်မာဘလော့ဂါဖိုရမ်မှာလည်း ၀င်ရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါရစေ.

ဖိုရမ်လိပ်စာအသစ် ပါ. ပြန်ပြီး update လုပ်လိုက်ကြပါဦးခင်ဗျာ. ခုအသစ် လုပ်ထားတဲ့ ဖိုရမ်မှာ မြန်မာလို ခေါင်းစဉ်ပေးလို့ ရနေပါပြီဆိုတာကိုလည်း သတင်းကောင်းပေးလိုက်ပါတယ် ခင်ဗျာ….




ကိုဖြိုး




ကိုချမ်းမြစိုး




ကိုချမ်းမြစိုး




Mr. Pooh (သို့) ကိုမောင်ပွတ်

15 comments:

Mr.Pooh @ မောင်ပွတ် said...

ကို CMS ဒီဇိုင်းတွေကတော့ သစ်လွင်လွန်းနေပါတယ်။ ကို ည လ ဆက် ပုံတွေ၊ ကိုဖြိုးပုံတွေနဲ့လည်းခွဲထွက်နေလို့ Choice ပိုရပါတယ်။ သဘောကျတယ်ဗျာ။ ဒါပေမယ့် Blogspot Logo ကိုဦးစားပေးထားတော့ Wordpress လို တခြား Platform ကလူတွေကို ပစ်ထားရာများ ကျနေမလား ကိုရန်ရေ ... (ပြောကြည့်တာပါ... ဖိုရမ်ကိုလည်း လာခဲ့ပါမယ်)

pandora said...

နည်းနည်းလေး ပြောမယ်နော်.. မွှားရင်ခွေးလွှတ်ကြ။
ဘလော့ဂါကို မြန်မာလို စာလုံးပေါင်းပုံလေး standardiseလုပ်ရင်ကောင်းမလားလို့.. အဖုံးရွေးပြီးမှ ဆိုရင် ဒီဇိုင်နာ ခမျာ ပြန်ပြင်နေရရှာမယ်။
ဘလော့ဂ်ဂါ လို့ ဂ ကိုနှစ်ခါ ထပ်စရာမလိုဘူးထင်တယ်။
ဘလောက်ဂါ လို့ မြန်မာမှုပြုရင်ပြု..
ဘလော့ဂါ လို့ တကယ်ထွက်တာနဲ့ နီးစပ်အောင် ပေါင်းရင်ပေါင်း။ ဘလော့ခ်ဂါကတော့ ကသံ ခသံ မထွက်တဲ့အတွက် မဟုတ်လောက်ဘူးထင်တယ်။

သစ္စာ | သ​စ်စာ said...

ကိုချမ်းမြစိုးရဲ့ ပထမပုံကိုကြိုက်ပါတယ်။ ဘလော့ဂါများစုစည်းမှုစာတန်းကို ကိုမောင်ပွတ်ရေးသလို လေး နဲ့ အောက်ခံအရောင်ကို ဘလော့အရောင်လေးခံရင်ပိုလှမယ်ထင်တယ်။ ဒီဇိုင်းအားလုံးကိုကြိုက်ပါတယ်ဗျာ။ ဒီထဲကမှ ကိုချမ်းမြစိုးရဲ့ ပထမပုံကိုကြိုက်ကို ၄stars ပေးတာပါ။

ကြာပီ said...

ကဖိုးချမ်းရဲ့ ပထမဒီဇိုင်းနဲ့ ကိုဖြိုးရဲ့ ဒီဇိုင်းကို ကြိုက်ပါတယ်။ ကိုဖြိုးရဲ့ ဒီဇိုင်းက စိတ်ကို လန်းဆန်းသွားစေပါတယ်။ ကဖိုးချမ်းရဲ့ ဒီဇိုင်းကတော့ ဘလော်ကာတွေ အတွက် ပိုပြီး ကိုယ်စားပြုတယ်လို့ ခံစားရပါတယ်။

Unknown said...

ဘက်မလိုက်ကြေး ပြောရရင် ကိုချမ်းမြစိုးရဲ့ ပထမဒီဇိုင်းလေးက active ဖြစ်ပီး ဘလော်ကာတွေအားလုံးကို ကိုယ်စားပြုနေပါဒယ်လို့ ထင်ပါဒယ်

(တေးမွန်) said...

အားလုံး သူ့ အတွေးနဲ့ သူ ကောင်းပါတယ်။သေသေချာချာ ခံစားကြည်ပြီး တဲ့အခါ၊
ကြိုက်တာကိုပြောပါဆိုရင် ကိုချမ်းမြစီုး နဲ့ ကိုပွတ်တို ပုံတွေကိုကြိုက်ပါတယ်။
ကိုချမ်းမြစိုးရဲ ပုံက သွက်တယ်။ နည်းပညာနဲ့ ဆိုင်တဲ့ရသတွေအများကြီးပါသလိုပဲ။အိုင်ဒီယာ
ကိုလည်းကြိုက်တယ်။(တခုပဲ၊ စာအုပ်ထဲက စာတွေက ဘယ်လိုမျိုးတွေလဲ။)ဒီဇိုင်းက ခံစားမှုနယ်
နည်းနည်းကျဉ်းနေသလားပဲ။ စာအစုံအတွက်ဆိုရင်ပါ။စာက အချစ်လို၊ လွမ်တာလို၊ ရသပါတဲ့
စာများရင် ဒီ ဒီဇိုင်းနဲ့ မလိုက်ဘူး။ လူငယ်အတွက်ရေးသားခဲ့တာတွေ၊ အသိပညာ၊အတက်ပညာ
အကြောင်းရေးသားပြောဆိုမှုတွေ ၊အဲဒါနဲ့ ဆိုင်တဲ့ရသ များတယ်ဆိုရင်၊ဒီ ဒီဇိုင်းကို ကြိုက်တယ်။ အဲဒါမျိုးပါ။
ကိုပွတ်ကိုလည်းကြိုက်တယ်။ သူဒီဇိုင်းကတော့ငြိမ်ပါတယ်။မြင်နေကျပုံစံမျိုးလိုထင်ပါတယ်။ရေရှည်ကြည့်ခံ
မယ့်ပုံပါ။ general ကျတယ်။ တခြားပုံတွေ ထပ်လာဦးမယ်လို့ သူငယ်ချင်းကပြောတယ်။ ကျေးဇူးတင်ပါတယ်။

~^&^~

အနာဂတ်ကိုပုံဖော်ခြင်း said...

ကိုချမ်းမြစိုးရဲ့ ပထမ ပုံကိုပိုကြိုက်တယ် ဗျာ ..

Anonymous said...

ကိုဖြိုးနဲ့ ကိုချမ်းမြစိုးရဲ့ ပထမပုံကို ကြိုက်ပါတယ်။ ကိုချမ်းမြစိုးပုံမှာ အစိမ်းရောင် မျှင်တန်းလေး တစ်တန်းလောက်ပါမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲ။

Anonymous said...

အားမနာတမ်း ဝေဖန်မယ်နော် ဘယ်သူ့မှ ဘက်မလိုက်ဘူး အမြင်အတိုင်း ပြောတာပါ။

ကိုဖြိုးရဲ့ ဒီဇိုင်းက ငြိမ်တယ် ရှေ့ရော နောက်ရော လှပါတယ်။

ကိုချမ်းဒီဇိုင်းရဲ့ ပထမပုံကို သဘောကျတယ် ကိုပွတ်ပြောသလို blog logo ကိုဦးစားပေးထားပေမယ့် ဒီပြင့် platform တွေလဲ ပါသားပဲ ပုံရိပ်လေးတွေကို Blog logo ထဲ စီးဝင်နေပုံနဲ့ စုဆုံသွားတဲ့ပုံလေး စိတ်ကူးရထားတာ သဘောကျတယ်။ ရှေ့ကာဗာအတွက်ဆိုရင်တော့ စာတွေ ထပ်ထည့်လို့ ရနေသေးတယ်။

ဒုတိယဒီဇိုင်းက နောက်ဖုံးအတွက် သင့်တော်မလားလို့ ရျင်းရှင်းလေးနဲ့ပြည့်စုံနေတဲ့ ဒီဇိုင်းလေးပါ။

ကိုပွတ် ဒီဇိုင်းလဲ လှပါတယ်။ မြင်တွေ့နေကျ စာအုပ်ဖုံးဒီဇိုင်းပုံမျိုး မဂဇင်း မျက်နှာဖုံးပုံမျိုးဖြစ်နေတယ်။
*****
ညလေးရဲ့ ဝေဖန်မှု ဤတွင်ပြီး၏။

Sai Linn Thu said...

I vote ဖိုးချမ်း ...

မေဓာဝီ said...

ကိုချမ်းမြစိုး၏ ပထမဒီဇိုင်းကို နှစ်သက်ပါ၏။

နှစ်ကူး said...

ကိုချမ်းမြစိုး ရဲ့ ဒီဇိုင်းလေးက Blog ရဲ့ logo လေးပါပါတာ သဘောကျတယ်...။ အနာဂတ်ရဲ့ ဆုံမှတ်များကို ပုံဖော်ထားတာလည်း တော်တော်ကောင်းပါတယ်..။
ကိုမောင်ပွတ် ရဲ့ဒီဇိုင်းလဲ ကောင်းပါတယ်.. ငြိမ်တယ်...။

Hteink Min said...

ဝါးမြန်မာတွေ လက်ရာ ပြောင်မြောက်ပါပေတယ်။ ကိုချမ်းမြစိုး ပထမ ဒီဇိုင်းကို ကြိုက်ပါတယ်။ ပထမ ဒီဇိုင်းမှာ လိုအပ်မယ်ဆိုတာလေးတွေ မြင်မိလို့ ရေးလိုက်ပါတယ်။ ကျန်တာတွေတော့ ကျွန်တော့ အကြိုက်ထဲ မပါလို့ မရေးတော့ပါဘူး။ ကို ချမ်းမြစိုး ပထမဒီဇိုင်းမှာ

icon လေးတွေ ကျလာတာကို ကြိုက်ပါတယ်
နောက်ခံ အရောင်တွေ ဝေဆာနေကိုလည်း လိုက်ဖတ်ပါတယ်။
အနာဂတ်လှိုင်း ဆုံမှတ်များဆိုတာကို Shadow လေး နည်းနည်း ထည့်လိုက်ရင်ကောင်မယ်ထင်တယ်။ နောက်က အလင်းတွေ နဲ့ နည်းနည်းရောနေလို့ပါ။

ထိုနည်း၎င်း မြန်မာဘလော့ဂါများစုစည်းမှုကို လည်း Shadow နည်းနည်းထည့်ပေးလိုက်ရင် ပိုထင်းထင်းမြင်ရမယ်ထင်တယ်။

ကိုချမ်းမြစို နံပါတ် (၁)ကို Vote ပါတယ်။

ညီဇေ said...

အားလုံးစိတ်ကူးလေးတွေ ကောင်းကြပါတယ်..။ ကိုဖြိုးရဲ့ဒီဇိုင်းက နည်းနည်း ပြားကပ်ကပ်ဖြစ်နေသလို ခံစားရပါတယ်..။ ကိုချမ်းမြစိုးရဲ့ ပထမဒီဇိုင်းလေးက လတ်ဆတ်သစ်လွင်နေပါတယ်..။ ရောင်စုံလှိုင်းတွေရဲ့ ဆုံချက်ကို ဗဟိုပြုထားတဲ့ ဒီဇိုင်းလေးမို့ စာအုပ်ရဲ့ခေါင်းစီးနဲ့လည်း လိုက်ဖက်ပါတယ်..။ ဒုတိယဒီဇိုင်းက ဘောင်ကန့်သတ်ထားသလို ခံစားရပြီးတော့ ပထမဒီဇိုင်းလေးက အားလုံးကို ကိုယ်စားပြုနေသလို ခံစားရပါတယ်..။ ပထမဒီဇိုင်းလေးက ဘယ် ညာ ၀ိတ်ညီနေပြီးတော့ ဒုတိယဒီဇိုင်းကတော့ ဆုံမှတ်ကို မှေးမှိန်စေသလိုမျိုး ဖြစ်နေပါတယ်..။ ပထမဒီဇိုင်းမှာလည်း ဆုံမှတ်ရဲ့ အပေါ်ဘက်မှာ ရှိတဲ့ မြန်မာဘလော့ဂ်ဂါများစုစည်းမှု ဆိုတဲ့ စာသားလေးက အပေါ်ဘက် ညာဘက်ကိုအားသာနေတာကြောင့် စာတန်းနေရာလေးကို ပြောင်းတာပဲဖြစ်ဖြစ်..၊ ဘယ်ဘက်အပေါ်ထောင့်မှာ လိုဂိုသေးသေးလေး ထည့်တာမျိုးဖြစ်ဖြစ် လုပ်ပေးနိုင်ရင် ပိုကောင်းမယ်လို့ စိတ်ထဲက ထင်မိပါတယ်..။ ဒါပေမယ့် ပုံနှိပ်တဲ့အခါမှာ အဲဒီလို ကာလာတွေ တောက်တောက်လေးထွက်လာပါ့မလားလို့ စိတ်ပူမိပါတယ်…။ မြန်မာပြည်က ပုံနှိပ်စက်တွေကြောင့်ပါ..။ ကိုပွတ်ရဲ့ဒီဇိုင်းကတော့ သူ့ဒီဇိုင်းအတိုင်းထွက်လာမယ် ထင်ပါတယ်..။ တစ်အုပ်တည်း ထုတ်မယ်ဆိုရင်တော့ ကိုချမ်းမြရဲ့ ပထမဒီဇိုင်းကို ပိုသဘောကျပြီးတော့ နောက်ထပ်လည်း အတွဲတွေ ထုတ်ဖို့ ရည်ရွယ်ထားတယ်ဆိုရင်တော့ ကိုပွတ်ရဲ့ဒီဇိုင်းကိုလည်း စဉ်းစားသင့်တယ်လို့ ထင်ပါတယ်..။ အရမ်းပေါ်လွင်ရင် မြန်မြန်မှေးမှိန်တတ်လို့ပါ..။ ကိုချမ်းမြရဲ့ဒီဇိုင်းက မြန်မြန်ထိုးဖောက်သွားနိုင်ပြီး ကိုပွတ်ရဲ့ဒီဇိုင်းကတော့ တစ်စိမ့်စိမ့်ထိုးဖောက်နိုင်ပါတယ်…။ ကိုပွတ်ဒီဇိုင်းလိုမျိုး နောက်ထပ် ဘယ်သူတွေများ ထပ်ထွက်လာနိုင်ဦးမလဲဆိုတာ အချိန်ရသေးရင် ထပ်စောင့်ကြည့်သင့်ပါတယ်..။ ကိုချမ်းမြ နဲ့ ကိုပွတ်၊ ကိုဖြိုးတို့ကို နောက်ထပ်ဒီဇိုင်းလေးများ ထပ်လုပ်ပေးနိုင်ရင် လုပ်ပေးကြဖို့ အကူအညီ ထပ်တောင်းသင့်ပါတယ်..။ အားလုံးကောင်းစေချင်တဲ့ စေတနာအရင်းခံနဲ့ ဝေဖန်မိတာမို့ ခွင့်လွှတ်ပေးနိုင်ကြမယ်လို့ မျှော်လင့်မိပါတယ်..။

Unknown said...

ကိုချမ်းမြစိုး ရဲ့ ပထမ ပုံ ကြိုက်တယ်ဗျ
blogspot လိုဂို ပုံကိုဦးစားပေးထားပေးမယ့်
ဒီလိုဂို မြင်တာနဲ့ ဘလော့ဂ် မှန်း အားလုံးသိတာမို့ တခြားပလက်ဖေါင်းက ဘလော့ဂါတွေလည်း လက်ခံနိုင်လောက်ပါတယ်
live journal, multiply စတဲ့ လိုဂိုတွေထက် လူသိများတယ်မဟုတ်လား