Saturday, June 09, 2007

အရိပ်



နေညိုပြီလား
ငါသွားရတော့မှာပေါ့နော်
မင်းရဲ့အရိပ်မှာ ငါနေချင်ပါတယ်ကွာ.
ဒါပေမယ့်
အင်အားတစ်ချို့က ငါ့ကို မနေနိုင်အောင် မောင်းထုတ်ကြတယ်လေ
ဒီတော့လည်း
ငါ့မှာ
မင်းကိုသိပ်ချစ်တဲ့ နှလုံးသားတစ်စုံကို သိမ်းထုပ်လို့
နေမင်းရဲ့ အလင်းတန်းတွေ မရုပ်သိမ်းခင်
ငါပျံသန်းခဲ့ရပြီ

မင်းကို ငါအပြစ်မတင်ရက်ပါဘူးကွာ
တကယ်တော့လည်းလေ
အပြစ်တစ်ခုနဲ့ ၀မ်းသာနေတာထက်
အပြစ်ကင်းစင်စွာနဲ့ ၀မ်းနည်းနေရတာက ပိုမြတ်ပါတယ်

တသွင်သွင်စီးဆင်းနေတဲ့ အချိန်ရေစီးကြောင်းလေးထဲမှာ
ငုံ့ကြည့်လိုက်တိုင်း မြင်နိုင်ဖို့
မင်းအတွက် ငါ့အရိပ်လေးထားခဲ့ပါရစေ.
အရိပ်သေလေးတစ်ခုပေါ့….

ခရီးစဉ်က အရှည်ကြီးပဲကွာ…
ငါမပျံနိုင်လို့ ပြုတ်ကျသွားခဲ့ရင်တောင်
ငါသိပ်ချစ်တဲ့ မင်းရဲ့အရိပ်လေးအောက်မှာပဲ သေချင်တယ်.


2 comments:

Layma said...

(အပြစ်တစ်ခုနဲ့ ၀မ်းသာနေတာထက်
အပြစ်ကင်းစင်စွာနဲ့ ၀မ်းနည်းနေရတာက ပိုမြတ်ပါတယ်)

တကယ်လား

ပြည့်မွန်သျှံ said...

ဟုတ်တယ် နော်လည်း ဒီလိုဘဲ ...