Thursday, June 07, 2007

ဟိုည




ဟိုညကပေါ့ဗျာ….

ဂျီတော့ခ်မှာ ဟိုမွှေဒီမွှေလုပ်နေတုန်း ကျွန်တော့်ရဲ့ ချစ်လှစွာသော ဘလော့ဂါရောင်းရင်းကြီး ဘာညာ နဲ့ ချက်ဖြစ်ပါတယ်. စကားထာလေးတွေ လျှောက်ဖွက်နေရင်း ကျွန်တော်က သူ့ကို အောက်ပါမေးခွန်းလေးကို မေးပါတယ်.

Who wears the biggest hat in the world?

ဘာညာတော်တော် အုန်းစားသွားပါတယ်. ကြာသပတေးဂြိုဟ်ကြီး သူရိယ နေမင်းကို ရှစ်ခါလောက်ပတ်ပြီးချိန်၊ ပလူတိုဂြိဟ်ပေါ်မှာ တက်စလာကြီး ဆန္ဒပြနေချိန်၊ ဘလာဂေါက်ကြီး ကြော်ငြာတွေ လိုက်ရှာနေချိန်၊ ကိုနတ္ထိကြီး မဂျစ်တူးဘလော့ဂ်ပေါ်က ဘန်နာမှာ ငါးမရလို့ ငိုနေချိန်မှာပဲ ဘာညာက ကျွန်တော့်ကို ပြန်ဖြေပါတယ်..

တိဝူး..ကွိကွိတဲ့..

ကျွန်တော်ကလည်း ရင်ကော့ပြီး စာပြန်ရိုက်လိုက်ပါတယ်..

Shame on you!
The man with the biggest head wears the biggest hat. ပေါ့ကွ
လို့

တိန်.

ဒါနဲ့ ဘာညာလည်း အတင်းကို ညှစ်ထုတ်ပြီး အောက်ပါမေးခွန်းလေးကို ပြန်မေးပါတော့တယ်. ဒီမေးခွန်းကို ဘာညာရဲ့ ချစ်မမကြီး မဂျိုင်လူ လည်း သိပါတယ်ခင်ဗျာ.. ဘိုလိုပဲ ရေးပါရစေနော်. မြန်မာလို ရေးရဲဝူး…

There are three women sitting on a bench having ice cream. One is delicately licking the sides of the triple scoop of ice cream. The second is gobbling down the top and sucking the cone. The third is biting off the top of the ice cream. Which one is married?''

ကျွန်တော်လည်း ဖြေသင့်မဖြေသင့် စဉ်းစားနေတာပေါ့. အဲဒါနဲ့ပဲ သူက အားပေးပါတယ်. ရဲရဲသာ ဖြေလိုက်ပါတဲ့

ဒါနဲ့ပဲ.

''Well I suppose the one that's gobbled down the top and sucked the cone.''

ပြီးတော့ ထုံးစံအတိုင်း ဟတ်ဟတ်ဟတ်လို့ အရှက်ပြေလေး ရယ်သွမ်းသွေး လိုက်တာပေါ့.

ဘာညာက ပြန်ဖြေပါတယ်.

''The correct answer is the one with the wedding ring on...but I like your thinking.''

Oops!

လို့သာ တစ်လုံးတည်း အော်လိုက်နိုင်ပါတော့တယ်ဗျာ. အဲဒါက ဟိုညက ဖြစ်သွားတဲ့ ကမောက်ကမလေးတစ်ခုပေါ့ဗျာ.

အဲဒီ့နောက်ပိုင်း မဂျိုင်လူတို့ ဘာညာတို့က ကျွန်တော့်ဆီဗုံးမှာ တွေ့ရင် အော်အော်သွားကြပါတယ်.

တိုတိုရန်ရေ. တစ်လား နှစ်လား သုံးလားတဲ့….

ကဲ. ဘယ်လိုလုပ်ကြမတုန်း ဘော်ဘော်တို့၊ ကိုကိုတို့၊ မမတို့ရေ….

(မလေး ရေ.. ဒီညပြီးတော့ ဟိုညရေးပေးလိုက်ပြီ. ကျေနပ်တော့နော်…)




6 comments:

မေဓာဝီ said...

ရယ်ရတယ် ... ဒီညပြီး တော့ ဟိုည ... တဲ့ ... အင်း .. ကိုရန်လေးတို့ အတွေးကောင်းလိုက်ပုံများ .... :)

Anonymous said...

ဟားဟား ရေခဲမုန့်ရက်နေတာ ဘယ်သူလဲဟင် ။ ဘာညာလား အဟီး

Anonymous said...

ချိတ်ညစ်ပါတယ်နော်... တိုရန်ကြီးက ဟိုးတုန်းကဟာကြီးကို မြေလှန်လိုက်တာကိုး.. အိအိအိအိ... မဂျစ် ဟုတ်တယ် ဟုတ်တယ်.. အနော့်လက်မှာ လက်စွပ်မပါဝူးနော်.. ကွိကွိ

(တေးမွန်) said...

အနော်က သုံးယောက်လုံးလိုတွေးနေတာ

နတ်ဆိုး

KO WAI said...

ကိုရန်နဲ့ဘာညာက ကျီစယ်နေကြတယ်ပေါ့လေ တွိ တွိ

KO WAI said...

ကိုရန်နဲ့ဘာညာက ကျီစယ်နေကြတယ်ပေါ့လေ တွိ တွိ