Saturday, June 02, 2007

စက်ရပ်သတင်း


စာအုပ်ထုတ်ဝေရေးအတွက် ရန်ပုံငွေများကို ရရှိပြီးသကာလ ၀မ်းမြောက် ၀မ်းသာစွာဖြင့် ဘလော့ဂါနေဘုန်းလတ်နဲ့ ဘလာဂေါက်တို့ ယမန်နေ့ညက ပန်းဆိုးတန်းလမ်းမကြီးဘေးတွင် ပုဆိုးမပါဘဲ လျှောက်သွားနေခဲ့ပါသည်။ (နှစ်ယောက်လုံး ဂျင်းဘောင်းဘီ လက်ရှည်ဝတ်ထားပါသည်။) ဤဖြစ်ရပ်ကို ပြည်သူ့စွမ်းအားရှင်အဖွဲ့မှ တွေ့ရှိသဖြင့် ၄င်းတို့ ၂ ဦးအား ပန်းဆိုးတန်း ကြံ့ဖွတ်ရုံးတွင် ထိန်းသိမ်းထားကြောင်း….



အထက်ပါသတင်းကို ကြားကြားချင်း သတင်းထောက်ကြီး စိုးဇေယျမှ မှီရာ ဆိုက်ကားကို စီး၍ အာမခံချက်သွားပေးကြောင်း. သို့သော်စကားပြောလျှင် တည့်တိုးပြောတတ်သော စိုးဇေယျအား စခန်းမှုးမှ အမြင်မကြည်သဖြင့် ၄င်းကိုပါထိန်းသိမ်းထားကြောင်း..

ဇွန်လ ၃ ရက်နေ့တွင် Probation Period ကုန်ဆုံးမည်ဖြစ်ရာ အဆိုပါအချိန်ကာလထိ လာရောက်၍ အာမခံမည့်သူ မရှိပါက အဆိုပါ ၃ ဦးအား အကောက်ခွန်အရာရှိများ အဖြစ်ခန့်အပ်၍ မူဆယ် ၁၀၅ မိုင် ဂိတ်သို့ တာဝန်လွှဲပြောင်းထမ်းဆောင်စေမည် ဖြစ်ကြောင်း သတင်းရရှိပါသည်…

၎င်းတို့ ၃ ဦး အမှုမှ ကွင်းလုံးကျွတ် (Or) Whatever ကျွတ်စေရေးအတွက် စင်ကာပူနိုင်ငံ၌ ၀မ်းရေလင်၊ ဇက်ကိုလင်နှင့် ညွင်ညွင်သံလီတို့မှ အစွမ်းကုန်ကြိုးစားဆောင်ရွက်နေကြောင်း…

အာမခံချက်ပေးလိုသူများ. ရန်ကုန်ရုံးချုပ်ရှိ ဘလာဂေါ်တာစလက် နှင့် မွတ်ပေါင်တို့သို့ ကြေးနန်းရိုက်၍သော်လည်းကောင်း၊ အောက်ပါသတင်းထူး၏ ကော်မန့်သို့ ၀င်ရေး၍သော်လည်းကောင်း စာရင်းပေးနိုင်ပါသည်.

လက်မှတ် ၁၅ ခုပြည့်လျှင် အနှီပုဂ္ဂိုလ် ၃ ဦးတို့အား မူဆယ် ၁၀၅ မိုင်သို့ မပို့ဘဲ မာနယ်ပလောမိုင်းရှင်း ပရော့ဂျက်များအတွက် ပေါ်တာများအဖြစ် ပြောင်းလဲ တာဝန်ထမ်းဆောင်စေမည်ဖြစ်ပါကြောင်း သတင်းစာရှင်းလင်းပွဲ တစ်ခါတစ်ရံမှသာ လုပ်လေ့ရှိသော Frequent Press Times မှ သတင်းထောက် စပစ်ဂျိုင်နှင့် ကွိစ်ကွိစ်တို့မှ အတည်ပြုပြောကြားပါသည်…


8 comments:

ကိုဖြိုး said...

ကိုရန်အောင်က အတော်နောက်တာပဲဗျ ... စိတ်ပူလို့ နေဘုန်းလတ်ဆီတောင် ဖုန်းဆက်လိုက်သေးတယ် ... ကြံ့ဖွတ်က အဲလိုလုပ်နေကြဆိုတော့ တကယ်မှတ်လို့

ကြာပီ said...

ဟတ်ဟတ်ဟတ်.... ချရာကီးက အတော် စာရေးကောင်းတာပဲ။

MELODYMAUNG said...
This comment has been removed by the author.
MELODYMAUNG said...

အံ့ ရော အံ့ ရော နာတို့ ညန်မာမှာ နေတဲ့ လူထက်တောင် သူက အသေးစိတ် အရင်သိနေတာရှိုတော့ တော်တော်အနံ့ ခံကောင်းပုံပဲ (သတင်းကို ကြောပါတယ်)

NayPhoneLatt said...

အနော် အိမ်ပြန်ရောက်ပြီဗျို့ ... ဒါပေမယ့် ... အနော့်တို့ရဲ့ ရံပုံငွေတွေအားလုံးကိုတော့ ပေးခဲ့ရတယ် ... စွမ်းအားရှင်တွေဆီဖြည့်ဖို့တဲ့ ...။ ရန်သူမျိုးငါးပါး ကြောင့် ပြောင်သွားတာ အနော် ဘာမှမတတ်နိုင်ဘူးနော် ...။ ဒါပဲ ဒါပဲ ...။

Mr.Pooh @ မောင်ပွတ် said...

၎င်းတို့ ၃ ဦးလွတ်မြောက်စေရန် ကျွန်ုပ် မွတ်ပေါင်ထံ မည်သည်ပန်ကြားလွှာမှ လက်ခံရရှိထားခြင်းမရှိသေးကြောင်း၊ သို့သော် ကျွန်ုပ်တစ်ဦးတည်း ဆန္ဒမှာမူ ရဲစခန်းတွင် ကိုယ်လုံးတီး ချုပ်နှောင်ထားမည့်အစား Part Time အလုပ်အဖြစ် ရေဝေးသုသာန် မီးသဂြိုလ်စက်ခေါင်းတိုင် အတွင်းသန့်ရှင်းရေးတွင် အလုပ်ပေးထားစေလိုကြောင်းပါ ကိုရန်ရေ .. အေ့ ( နာလည်း ရေချိန်ကိုက်နေပြီ)

Anonymous said...

ဒီ sig Camp မှာ အီနော်လုံးဝလုံးဝ ကိုမပါဘူး။ တူတို့ကို ၁၀၅ မိုင်ပဲပို့ပို့ မွတ်ပေါင်ပြောသလိုပဲလုပ်လုပ် စိတ်ကြိုက်စီမံနိုင်ကြောင်းပါ... ဟတ်ဟတ်။

Thadar (မသဒ္ဓါ ) said...

I will going to sign anyway. Please release them.
Ma thadar