Tuesday, June 12, 2007

Alpha Mandalay မှ ဦးရဲမြတ်သူ၏ အိတ်ဖွင့်ပေးစာ…


ညနေအိမ်အပြန် ဒီစာကို ဖတ်လိုက်ရချင်းချင်းပဲ Alpha InfoTech က မန်နေဂျင်းဒါရိုက်တာ ဦးရဲမြတ်သူကို ယခင်ကထက်ပိုပြီးလေးစားသွားခဲ့ပါတယ်. ဒါဟာတကယ်တော့ မြန်မာဘလော့ဂါများအတွက်လည်း သတင်းကောင်းတစ်ခု ပါပဲ. ခုလိုမျိုး လူငယ်တွေကို လက်တွဲခေါ်ပေးတာကို ကျေးဇူးအများကြီး တင်ပါတယ် ခင်ဗျာ. ကျွန်တော်တို့ရဲ့ ဘလော့ဂ်စာအုပ် ကိစ္စမှာလည်း လိုအပ်တာလေးတွေ ထပ်မံ အကြံပြုပေးစေလိုပါတယ်ခင်ဗျာ. ဦးရဲမြတ်သူရဲ့ Email ကို သတင်းကောင်းတစ်ခု အနေနဲ့ ကျွန်တော့်ရဲ့ ဘလော့ဂ်ပေါ်မှာ တင်လိုက်တာကိုလည်း နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ.

ဦးရဲမြတ်သူထံမှ အိတ်ဖွင့်ပေးစာ…

ဇော်ဂျီဖောင့်ဟာ Mandalay alpha တဦးတည်းအပိုင်မဟုတ်တဲ့အပြင် လိုင်စင်လုပ်ခွင့်ရှိတဲ့ product မဟုတ်ပါ။ ဖြစ်ပေါ်လာရတဲ့ ရည်ရွယ်ချက်ဟာ တချိန်က ကျွန်တော်တို့ လဲ အခု blogger များစိုးရိမ်သလို စိုးရိမ်ပြီး ပညာရှင်များ အကူညီရှင်များကို စုစည်းဆောင်ရွက်ခဲ့ တာကြောင့် alpha လုပ်ချင်ရာလုပ်မရပါ။ ဘယ်တော့မှလဲ Commercial မဖြစ်နိုင်ပါ။ alpha ရဲ့ ရည်ရွယ်ချက်ဟာ အသုံးများစေဖို့ ပါ။ internet ပေါ်မှာ မြန်မာ Content တွေများစေဖို့  Planet, …စတဲ့ ဆရာကြီးတွေ သုံးလာကြလို့ အဆင်ပြေခဲ့တာပါ။

မြန်မာစာစနစ်တွေ အခြေမငြိမ်မှုဟာ digitalization မှာမြန်မာပါရခက်အောင် လုပ်နေတာမို့ စနစ်အစစ်ဖြစ်လာခဲ့ရင်လည်း အလွယ်ပြောင်းနိုင်အောင် မဖြစ်သေးရင်လဲ အလုပ်ဖြစ်ကြအောင် တစ်မျိုးစီ အစွမ်းထက်တဲ့ IT ပညာရှင် နဲ့ ဒီဇိုင်းပညာရှင် ၅ဦးကို ညှိနှိုင်း တောင်းပန်စုစည်းခဲ့ပြီး သူတို့ကနားလည်စွာ အကူအညီပေးရာကဖြစ်လာတာကြောင့် ကျွန်တော်တို့  အပိုင် ဘယ်သောအခါမှ လုပ်မရပါ။ ကျွန်တော်တို့ ကြိုးစားနေတာ သုံးစွဲသူတိုးလာဖို့ သက်သက်ပါ။

ဖောင့်အပြင် ရိုက်တဲ့စနစ်အဆင်ပြေမယ့်စနစ်တွေ death key လို တီထွင်မှု့တွေ Wininnwa နဲ့ ပြောင်းနိုင်တဲ့  converter တွေ EOT လုပ်ပုံတွေ အပြင် အသုံးပြုသူများ file, folder တွေမှာသုံးဖို့  system font ဖြစ်ဖို့ နဲ့  auto clear type ပြောင်းစေတာတွေကိုပါ တီထွင် ပံ့ပိုးပေးတဲ့ အပြင် ICT ပွဲမှာ screen movie တွေနဲ့ document စုံစွာအပြင် converter ကိုပါ CD နဲ့ စာအုပ်လေးရိုက်ခသာယူပြီး ဖြန့် ဝေခဲ့ပါတယ် CD ကိုလဲ ကူးယူဖြန်ဝေနိုင်တယ်လို့ဆိုပြီး ဖြန့် ပါတယ် download လုပ်ရင် အလကားရတဲ့ဟာလို့ လည်းပြောရောင်းပါတယ်။

• Mandalay alpha ဆိုက်မှာဖြုတ်ထားတာက မထင်မှတ်ဘဲ ဖြစ်သွားတာဖြစ်ပါတယ်။ hot link ယူထားသူတွေ မပြုတ်သွားပါဘူး အသစ်ရေးတဲ့  CMS system က အလုပ်မလုပ်လို့  ယာယီအမြန်တင်တဲ့ ထဲမှာ မပါသွားတာပါဘဲ ။ File ကတော့ နဂိုနေရာမှာ ၇ှိနေဆဲပါ။ နောက်တစ်ခုက zawgyi ရဲ့ official site www.zawgyi.net ကို ပိုအားကိုးလာစေတဲ့သဘောနဲ့ အားထည့်နည်းသွားရတာ ကျွန်တော်တို့အပြစ်ပါ။

• ရည်ရွယ်ထားတာကဇော်ဂျီ ဆိုက်ကနေ ဇော်ဂျီကို ၀ိုင်းဝန်းဖြည့်ဆည်း ပေးသူတွေကို ချိတ်ဆက်ဖေါ်ပြပေးဖို့  ( ဥပမာ vista ပေါ် MAC ပေါ်ရအောင် လုပ်ပေးသူတွေ converter ရေးသူတွေ EOT အတွက် blowser မျိုးစုံအတွက် CSS များ setting များ code များ တင်ပြပေးသူတွေ သာမက keymap များ browser ပေါ်တွင်သုံးနိုင်ရန် gmail lite, google search စသည်တို့ကို သုံးနိုင်ရန် ကြိုးစားထားသူများ ) အဓိကဆောင်ရွက်လိုပြီး WEB 2.0 ခေတ်ကြီးမှာ ဇော်ဂျီဆိုတာ အားလုံးဝိုင်းဝန်းပြုစု ပျိုးထောင် သုံးစွဲကြ၊ အခက်အခဲကို တိုင်ပင်ဖြေရှင်းကြ ဖြစ်စေလိုပါတယ်။ ထွက်သမျှဇော်ဂျီနဲ့ပတ်သက်တဲ့သတင်းတွေ ကိုဖေါ်ပြပေးချင်ပါတယ်။

• အဲဒီမှာ သီးခြားဇော်ဂျီ forum တွေ chart နဲ့  blog တွေပါ ဖြစ်လာစေချင်တဲ့အပြင် wiki လို ဟာမျိုး ကို မြန်မာစာ ဇော်ဂျီနဲ့ ဖြစ်ချင်ပါတယ်။ နောက်ပြီး font face အသစ်တွေ myanmar2 myanmar3 လိုအလုပ်မယ့် ဇော်ဂျီဖောင့်တွေနဲ့  mobile phone, palm, pocket PC စတာတွေအတွက် ဇော်ဂျီတွေကိုပါ အလကား သုံးနိုင်တဲ့အထိ ထွက်လာစေချင်ပါတယ်။

• ALPHA အနေနဲ့ ဘာကြောင့်ဒါတွေလုပ်ရသလဲဆိုတာကို တစ်ခုချင်းရှင်းလင်း တင်ပြရရင် မြန်မာယူနီကုတ်လမ်းစကို ၁၉၉၈ IBC မှာကျင်းပတဲ့ Multilanguage ကွန်ဖရင့်နဲ့ ၂၀၀၂မှာ singapore NUS မှာ တင်တဲ့ စာတန်းလေးကစပြီး ဖြစ်စေချင်လို့ တောင့်တခဲ့ပြီး ဖြစ်နိုင်ခြေ ရှိလာချိန်မှာ true type လို အများကြီးရှုပ်နေမှာကိုမလိုလားဘဲ တူညီတဲ့ သိမ်းမှုစနစ်အောက်မှာ ရှိစေချင်ပါတယ် အဲဒါမှ application တွေ ထုတ်လို့ဖြစ်မှာပါ။

• ကိုယ်သုံးတဲ့စနစ်နဲ့ အများစုသုံးစနစ်တူမှ ကိုယ့်product တွေ သဘောကျဖို့  အများကြိုက်မယ် အရာကို များများသုံးကြစေဖို့ လိုပါတယ် ဒါကြောင့် နှောင်ကြိုးမဲ့အောင် လွင့်ထုတ်ရတာပါ

• ပိဋကတ်၃ပုံလို data အများကြီးနဲ့  search, sort , analysys စတာတွေလုပ်ဖို့  နောက်ကျောလုံစေတဲ့ လူတိုင်းနဲ့ဆိုင်တဲ့ စနစ်လိုပါတယ် အဲဒီ အချက်ကြောင့်ဘဲ အခုဘလော့ဂါတွေစိုးရိမ်သလိုဘဲ စိုးရိမ်မိပြီး ပူးပေါင်း ထုတ်လုပ်ခဲ့ကြတာဖြစ် ပါတယ်

www.dhammasearch.net ရဲ့ future plan ဟာ internet ပေါ်ကမြန်မာစာလုံးတွေရှာဖို့ အဓိက search engine ဖြစ်လာစေဖို့ ရည်ရွယ်ချက်ရှိပါတယ် အဲဒီအချိန်မှာ internet ပေါ်မှာ မြန်မာ content တွေ အများကြီးရှိနေဖို့လိုပါတယ် ဒီအတွက် မြန်မာစာစနစ်အားလုံးပြီးတဲ့ထိ မစောင့်နိုင်သလို တစ်ယောက်တမျိုး ထင်ရာသုံးကြရင်လဲမဖြစ်ပါဘူး ဒါကြောင့်  အများသုံးရေးကို ကြိုးစားခဲ့တာဟာ win-win ဆိုတဲ့ နှစ်ဦးနှစ်ဘက်အကျိုးရှိမယ့် ပုံစံကိုဖန်တီးခဲ့တာဖြစ်လို့ အသုံးတန့်သွားစေမဲ့ ကွဲပြားခြားနား စေမဲ့  အလုပ်မျိုး မဖြစ်လိုပါဘူး ဒါဟာ zawgyi အတွက် alpha အားစိုက်ရတဲ့အဓိကလို့ ဆိုနိုင်ပါတယ် ဖြစ်နိုင်ရင် web အားလုံးတူညီစွာဝိုင်းသုံးစေချင်ပါတယ် ။

နောက် blog စာအုပ် အတွက် အကြံပေးရရင် zawgyi ဟာ web interface အတွက် အကောင်းဆုံးသုံးရအောင် ဖန်တီးထားတာကြောင့် စာလုံးအရွယ် ၉-၁၂ မှာအကောင်းဆုံးစီမံထားလို့  အခြား true type တွေလောက်ပုံနှိပ်လောကအတွက် အဆင်ပြေချင်မှပြေပါမယ် blog စာအုပ်အတွက် ဆိုရင် Converter နဲ့  ttf ပြောင်းသုံးပြီး layout လုပ်စေချင်ပါတယ် ကြိုက်ရာ design layout ထွက်နိုင်အောင်လို့ပါ လိုချင်တယ်ဆို စာအုပ်အတွက် converter program free ပို့ပေးပါမယ်။

ဘယ်လိုဥပဒေ ကို သုံးသုံး zawgyi လို ထွက်ထားတဲ့ စနစ်မျိုးကို Commercial လုပ်လို့  မရပါဘူး အရေးယူလို့ ရတဲ့စနစ်လဲမရှိပါဘူး ရခဲ့ရင်သော်မှ alpha ဟာ ဘယ်သူ့အတွက်မှ ဘာအကျိုးမှမရှိတဲ့ နှစ်ဦးနှစ်ဖက် ဒုက္ခရောက်မဲ့ အလုပ်မျိုးလုပ်ဖို့လောက်ထိ မမိုက်မဲပါဘူး ။ alpha အနေနဲ့ မန္တလေးမှာရှိတဲ့ blogger တွေနဲ့တွေဆုံပြီး zawgyi ကနေတရားဝင် blogger တွေကို တတ်နိုင်တဲ့အကူအညီပေးနိုင်ဖို့ (လိုမယ့် converter လို Program တွေပေးဖို့) ဖြစ်နိုင်ရင် zawgyi CMS မှာ ၀င်ပါကြဖို့  (ကိုယ့်ထဲမှာ ကိုယ်လုပ်တာလေး ကိုဘဲ လင့်လာချိတ်ပေးဖို့ နဲ့ နဲနဲလေးရှင်းပြဖို့ ) မေတ္တာရပ်ခံ စည်းရုံးမယ်လို့ စီစဉ်ထားပြီး blogger တိုးတက်များပြားလာဖို့  သင်တန်းတွေကို PAC တွေနဲ့  service+ ကို စုပေါင်းကူညီ ကြဖို့ အစီအမံတွေ လုပ်နေပါတယ်။ ဘာလုပ်ပေးပြီး အသုံးပြုသူတွေကို ကျေးဇူးဆပ်ရမလဲဆိုတာ တွေ့ပြီး ပြောကြဆိုကြရင်း အကြံရလာလိမ့်မယ်လို့  မျှော်လင့်ပါတယ်။

ye myat thu
Managing Director
alpha info tech Co., Ltd



11 comments:

သန့်ဇော်မင်း said...

အလွန်အင်မတန်မှကို ၀မ်းမြောက်ဖွယ် သတင်းအတွက်
ကျေးဇူးတင်သင့်သူများအားလုံးကို
ကျေးဇူးတင်ပါကြောင်း......

tzm

pandora said...

ကောင်းလေစွ။ ကျေးဇူးပါ။

Anonymous said...

ကွိကွိ စက်ရက်သတင်း ..
ဦးရဲမြတ်သူကြီးကို ဒီနေ့ ဂျာနယ် တိုက်တစ်ခုမှာ တွေ့တယ်ဆိုပဲ..။ သတင်းစာရှင်းလင်းပွဲလုပ်မလို့မသိဘူး။

MELODYMAUNG said...

Wow! So Wonderful.

Very glad to hear about this.

Taw par thay yel.
khu mha pel lay htaunt gyi kya thwar tel. Kaung kaung 8ya tot mel.

Mr.Pooh @ မောင်ပွတ် said...

ပထမဆုံး သဘောထားကြီးတဲ့ Alpha နဲ့ ဇော်ဂျီဝိုင်းတော်သားများ၊ အားလုံးပူပန်နေတဲ့ အချက်ကို ရှင်းလင်းပေးတဲ့ MD ဥိးရဲမြတ်သူ တို့ကို ကျေးဇူးတင်ပါတယ်။ နောက်ပြီး သတင်းကောင်းကို ပြည့်ပြည့်စုံစုံ ပြန်ဝေမျှပေးတဲ့ ကိုရန်ကိုလည်း ကျေးဇူးပါဗျာ။ ကျွန်တော်တို့ Blogger တွေအနေနဲ့လည်း တတ်နိုင်တဲ့ ဘက်က အပြန်အလှန် ကူညီမှာ ဖြစ်ကြောင်း ပြန်ကြားပေး ပေးပါဦးနော်။ ကျွန်တော်လည်း ဒီ Post ကို မဖတ်ရသေးတဲ့ ရောင်ရင်းတွေကို လာဖတ်ဖို့ သတင်းသွားပေးလိုက်ပါဦးမယ်ဗျို့။

Unknown said...

သတင်းကောင်းပါပဲ။ Alpha Mandalay ကိုလည်း အရမ်းကျေးဇူးတင်မိပါတယ်။ blog တွေမှာ Zawgyi သုံးဖို.လဲ တတ်နိုင်သလောက် blogger အများစုကို တိုက်တွန်းပေးပါ့မယ်။


အောက်က link မှာတော့ Zawgyi Myanmar Unicode ကို download လုပ်လို.ရသေးတာတွေ.ရပါတယ်။
http://www.alpha.com.mm/downloads.php

ကို ရန်အောင် ကိုလည်း ကျေးဇူးဗျ။

baganthar said...

ကျေးဇူးတင်သင့်သူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း။......

စိုးဇေယျထွန်း said...

အစောကြီးကတည်းက ကျွန်တော်ပြောသားပဲ
တရားစွဲလို့ မရပါဘူးဆို :P

Sai Linn Thu said...

ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျား..

Anonymous said...

http://uhteik.blogspot.com/2007/07/blog-post_3680.html မှာ ဦးထိပ်ရေးခဲ့တဲ့ ပို့စ်က တော်တော်လေးကို ကောင်းပါတယ် ..... Blogger တွေအတွက် အားလုံးအတွက် ကောင်းသွားပါတယ် ..... ဦးရဲမြတ်သူရဲ့ သဘောထားကို နှိက်ထုတ်နိုင်တဲ့ ဦးထိပ်ကို အရင်ကျေးဇူးတင်ရပါဦးမယ် ...... နောက်ပြီးမှ စေတနာရှင်ကြီး ဦးရဲမြတ်သူကို ကျေးဇူးတင်ရပါတယ် .........

Okisan said...

Thanks U Ye Myat Thu. Zawgyi is the most important contribution on Myanmar web.