Tuesday, January 18, 2011

Leao's Heart...

ဘရာဇီးမှာ မိုးတွေအရမ်းရွာပြီး ရေတွေကြီးနေတယ်. အကျိုးဆက်အဖြစ် မြေပြိုတာတွေလည်း ဖြစ်ပြီး ခုချိန်ထိ လူပေါင်း ၆၅၅ ယောက် သေသွားပြီလို့ သတင်းတွေထဲမှာ ဖော်ပြနေကြတယ်. အဲဒီ့ထဲမှာ တစ်ယောက်အပါအ၀င် ဖြစ်တဲ့ Cristina Maria Cesario Santana ကတော့ သူမသေသွားပေမယ့်လည်း သူမဘေးမှာ ခြေတစ်ဖ၀ါးမှ မရွေ့ဘဲ နေပူမိုးရွာ အဖော် လုပ်ပေးနေတဲ့ သက်ရှိ တစ်ယောက် ရှိနေတယ်.



Leao ဆိုတဲ့ သူမရဲ့ ခွေးလေးပါ. သူ့ကို အဲဒီ့မြေပုံလေးနားက သွားခိုင်းတာလည်း မသွားဘဲ ဒီပုံလေးထဲကအတိုင်းလေး ငြိမ်ငြိမ်လေး ၀ပ်ပြီး စောင့်ကြပ်အဖော် လုပ်ပေးနေလေရဲ့...

ဒီပုံလေးကြည့်ရတာ ရင်ထဲမှာ စိတ်ထိခိုက်ဖို့ ကောင်းတယ်.

I love you, Leao.....

အခု အဲဒီ့ပုံလေးထဲက ခွေးလေးကို မွေးစားဖို့ လူပေါင်းများစွာက ကမ်းလှမ်းနေကြတယ်.

Picture: Courtesy of CNN

Read Full News Here.

11 comments:

သစ်သစ် said...

ဟယ် ... သနားစရာလေး

ကိုအောင် said...

ခွေးရဲ့ မြင်ကွင်းထဲမှာ သူ့သခင်ရဲ့ ပုံရိပ်တွေ
တွေ့နေသလား မပြောတတ်ဘူး ...

linn said...

တီဗွီထဲတွေ့လိုက်တယ် ဘရာဇီး ရေကြီးတာ အမျိုးသမီးတယောက် ခွေးလေးဖက်ပြီးရေဘေးကလွတ်အောင် ရုန်းကန်နေတုန်း မသက်သာတဲ့အဆုံး ခွေးလေးလက်လွတ်သွားတယ် .. ကြည့်ပြီးတော်တော် စိတ်မကောင်းဖြစ်မိတယ် .. ခုခွေးလေးလည်း စောင့်နေတာ ချစ်စရာကောင်းလိုက်တာ .....

mie nge

မိုးခေတ် said...

ဟိုတလောလေးကမှ ကြည့်လိုက်တဲ့ hachiko ဆိုတဲ့ ခွေးလေးအကြောင်း ဇာတ်ကားကို သွားသတိရတယ်..ဂျပန်မှာ တကယ်ရှိခဲ့တဲ့ ခွေးလေးပေါ့..အခုဆို ဂုဏ်ပြုရုပ်ထုတွေ ဘာတွေတောင်ရှိတယ်လေ.. နောက်ကျရင် ဒီခွေးလေးအကြောင်းလဲ ရုပ်ရှင်ရိုက်ချင် ရိုက်နေမှာ..ပြောလို့ မရဘူး.. :D
စာတွေ ပြန်ရေးလာတာ ၀မ်းသာပါတယ် အစ်ကိုရေ..အားလုံးအဆင်ပြေပါစေဗျာ...

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖော်မပြနိုင်တဲ့ ခံစားချက်တစ်ခုကို ရလိုက်တယ်..
သစ္စာကြီး အချစ်ကြီးတဲ့ ဒီလို တိရိစ္ဆာန်တွေကို တကယ်လေးစားမိပါတယ်..
ကြည်နူးစရာ ကြေကွဲစရာ မြင်ကွင်းလေးတစ်ခုပါ ကိုရန်အောင်

မင်္ဂလာပါ .... said...
This comment has been removed by the author.
မင်္ဂလာပါ .... said...

ခွေးလေးတွေရဲ့ ချစ်စရာအကောင်းဆုံးအချက်က သူတို့သခင်ရဲ့အပေါ်မှာ သူမတူအောင် သစ္စာစောင့်သိတတ်ခြင်းပါပဲ...။
ပုံလေးကိုကြည့်လိုက်ရတာနဲ့တင် ...စိတ်မကောင်းစွာခံစားလိုက်ရပါတယ်။
နှင်းဟေမာ

Yan said...

>To everyone...

ဟုတ်တယ်ဗျာ. ကျွန်တော်လည်း အဲဒီ့သတင်းလေးဖတ်မိပြီး Heart ထိသွားတာနဲ့ တင်လိုက်တာ. မြေပုံလေးဘေးမှာ ခွေးလေး လဲလျောင်းနေတဲ့ ပုံလေးက ဆွတ်ပျံ့ဝမ်းနည်းစရာ...

မြတ်မွန် said...

ခွေတွေက သိပ်သစ္စာရှိကြတယ်နော်..အကိုရေ..
ထာဝရအေးချမ်းပါစေနော်။

အိမ့်ချမ်းမြေ့ said...

စိတ်ထဲမှာ ဖော်မပြနိုင်တဲ့ ခံစားချက်ခံစားလိုက်ရပါတယ်။

အိမ့်ချမ်းမြေ့ said...

Dear Kan Yo,

I need you to write a few more posts about changing templates in google sites. Literally changing templates html codes.. etc.., not just changing the themes. I guess google doesn't support that. Am I rightttt?

Thanks.

ACM