Thursday, April 16, 2009

အိုင်ယောနစ်

စာဖတ်နေရင်း ဒီစာကြောင်းလေးကိုတွေ့လို့ ကျွန်တော် ခေါင်းစားသွားတယ်. အဲဒါကြောင့် ပရိသတ်ကိုပဲ အကူအညီတောင်းရတော့မယ်ဗျာ.

By all means marry; if you get a good wife, you'll be happy. If you get a bad one, you'll become a philosopher.

အဲဒါပဲ.

ပြောတဲ့သူကလား..

သိပ်မကြာသေးခင်က ရန်ကုန်ကို တစ်နှစ်တစ်ခါ လာလာလည်တတ်တဲ့ ပုဂ္ဂိုလ်ကြီးပေါ့.

ဘာတဲ့.

ဆို.က.ရေး.တီး ဆိုလားပဲ.

အဟတ်ဟတ်.

အဲဒါပဲဗျာ.

ဘာပဲဖြစ်ဖြစ် လက်ထပ်ပါ. မယားကောင်းကိုရရင် သင်ပျော်ရွှင်ရမှာ ဖြစ်ပြီး မယားဆိုးကို ရရင်တော့ သင်ဟာ တွေးခေါ်ပညာရှင်တစ်ယောက် ဖြစ်လာလိမ့်မယ် တဲ့....

ဖတ်ပြီးတော့ ကျွန်တော် ဘာတွေးမိတယ်ထင်လဲ..

"၀ါးးးးးးးးး... That's cool, man!!!!"

ဆိုကရေးတီး ပြောချင်တာက မိန်းမ ယူတာ အရှုံးမရှိဘူးဆိုတဲ့ အဓိပ္ပါယ်ထွက်နေတာပေါ့...

ဟင်းဟင်းဟင်းးးးး.. စဉ်းစားစရာပေပဲနော်.

ဒါပေသိဗျာ. ကျွန်တော် ဖြစ်ချင်တာက ဘ၀ကို ပျော်ရွှင်ချမ်းမြေ့စွာ နေနည်းသိတဲ့ တွေးခေါ်ပညာရှင်တစ်ယောက် ဖြစ်ချင်နေတာ.

ခက်နေတာတစ်ခုပဲ ရှိတယ်.

ကျွန်တော် မိန်းမ မယူချင်သေးဘူး....

ဒိန်းးးးး တဲ့...

တစ်စုံတစ်ယောက်ရဲ့ ရင်ခုန်သံကို ကြားမိလိုက်သလိုပဲ...

ဒါမှမဟုတ်ရင်လည်း စိတ်ကူးတွေယဉ်နေတဲ့ ကျွန်တော် ထိုင်ခုံပေါ်က ပြုတ်ကျတာပဲ ဖြစ်ရမယ်.

အက်.... အက်.... အက်....

ဘယ်လိုလုပ်ကြမတုန်း ပရိသတ်ရေ...

ဘုန်းကြီးဝတ်တာပဲ ကောင်းတယ်.

နှစ်ဆန်းတစ်ရက်နေ့ပြီးလို့ ကျွန်တော့်ဘလော့ဂ်မှာ ပို့စ်တက်မလာတော့ရင် မှတ်ထားလိုက်ကြတော့...

မ ခိုးတဲ့နောက် ကျွန်တော် လိုက်ပြေးပြီလို့...

ဟတ်ဟတ်ဟတ်...

အားလုံးပဲ ဂွတ်ညဗျာ.

စာနည်းနည်းဆက်ဖတ်ပြီးရင် အိပ်တော့မယ်.

အဲဗရီးဘော်ဒီ... အာဘွား...

စကားမစပ်... အိုင်ယောနစ် ဆိုတာ Ironic လို့ ပြောတာ. ရှေ့နောက်မညီတာကို ဆိုလိုတာပေါ့. မြန်မာလိုပြန်ရင်တော့ ၀ိရောဓိလို့ ဆိုရမလားပဲ. နည်းနည်းဆန်းသွားအောင် ဘိုလိုပေးလိုက်တာ.

တော်ပြီဗျာ. အိပ်တော့မယ်.

ဘိုင်.

Y.

2 comments:

ကဗျာဦး said...

မ ခိုးတဲ့နောက် ကျွန်တော် လိုက်ပြေးပြီလို့...

ဟတ်ဟတ်ဟတ်...

အူလှိုက် သဲလှိုက် ရယ်သွားတယ်

ဟားးးးးးးးးးဟားးးးးးးးးဟားးးးးးးးး

မျက်လုံး said...

ဒါဆို ပညာရှိအိမ်ထောင်ရှင် ယောက်ျားတွေက ကံဆိုးပြီး၊ ကံကောင်းတဲ့ အိမ်ထောင်ရှင် ယောက်ျားတွေက ငတုံးတွေပေါ့နော်။ ဟိ

ပျော်ရွှင်ဖွယ်နှစ်သစ်မှာ အစစအရာရာ အောင်မြင်ပါစေခင်ဗျာ..။