Tuesday, October 30, 2007

သေရွာပြန်နှလုံးသား


အေးစက်နေတဲ့ နှလုံးသားတစ်ခုနဲ့
မဲ့နေတဲ့ မင်းအပြုံးတုတွေကို
ဟိုတောင်စွယ်နေမကွယ်ခင်မှာ ခွာချထားခဲ့ပါ
မာယာတွေနဲ့ မပြုစားပါနဲ့တော့
ရွာသူတစ်ယောက်ရဲ့ ကဝေအတတ်နဲ့
မှတ်လောက်စရာ သင်ခန်းစာတွေ ထားရစ်ခဲ့သူ
နင်ဟာ
ငါ့ရဲ့ စုန်းမ…..

သွားစမ်းပါ
သွေ့ခြောက်နေတဲ့ မင်းနှုတ်ခမ်းပါးပါးလေးတွေပေါ်က
ချွေးစေးပြန်စေတဲ့ တစ္ဆေအနမ်းတွေ ငါမလိုချင်တော့ဘူး
ငါဟာ နှင်းဆီတစ်ပွင့်ကို ရူးသွပ်ခဲ့ဖူးတယ်
ဒါပေမယ့် Calypso ရဲ့ ထောင်ချောက်ထဲမှာတော့ မကျနိုင်ခဲ့သေးပါဘူး
Odysseus ရဲ့ ခိုင်မာမှုတွေထက် မလျော့တဲ့ တည်ကြည်မှုတွေ
ငါ့ရင်ဘတ်ထဲမှာ ရှိတယ်.
သိချင်ရင် Chain Saw တစ်လက်ယူခဲ့
ခုခွဲပြမယ်.

တစ်ခုတော့ရှိတယ်
ငါ့အသည်းနှလုံးမှာ Medusa ရဲ့ ၀ိညာဉ်ကိန်းအောင်းနေတယ်.
ငါ့ရဲ့ နှလုံးသွေးတွေ စီးကျလာတာ မင်းမြင်တဲ့ တခဏ
မင်းဘ၀တစ်ခုလုံး ထာဝရ ကျောက်သားပြင်ဖြစ်သွားမယ်
မင်းသတ္တိရှိရဲ့လား…

မင်းရဲ့ သေမင်းတမန် Reaper ဓားကြီးနဲ့ ငါ့ဘ၀ကို ဖျက်ဆီးနိုင်မယ်ထင်နေလား
ဟားဟားဟား
မင်းသိပ်မှားသွားပြီ..
အားသုံးတတ်တိုင်း တစ်ဖက်သားကို မနိုင်ဘူးဆိုတာ
Aikido သင်ဖူးသူတိုင်း သိတယ်.
တွေဝေခဲ့ဖူးတဲ့ ချစ်အိပ်မက်တွေ ငါ့မှာ မရှိတော့ဘူး
ပိရိသေသပ်စွာ မြေမြှပ်သဂြိုဟ်ပြီးပြီ
လုပ်ဇာတ်တွေကို ရွံရှာလို့
အုတ်ဂူတောင် မထားဘူး

သွေးပျက်ခဲ့တဲ့ ညများကို အားနာလိုက်တာ
ရင်ဝကို အမုန်းဓားတစ်လက်နဲ့ ထိုးစိုက်ခဲ့ပေမယ့်
ငါ့နှလုံးသားအစစ်ကို နင်ရှာမတွေ့ခဲ့တော့
ငါဆိုတဲ့ ဒရက်ကူလာ ဆက်လက်ရှင်သန်နေမယ်.
မှင်စာလောက် မင်းအစွမ်းတွေနဲ့ ငါ့ကိုလာအံမတုနဲ့
မင်းရဲ့ ငယ်ထိပ်က မာနသွေးတွေကို ဖောက်ထုတ်ဖို့
Tarantula တစ်ကောင် ငါသိမ်းထားတယ်.
ဂုဏ်ဒြပ်တွေနဲ့ မိန်းမောနေတဲ့ ဘ၀တစ်ခုအတွက်
နေ့ခုနစ်ရက် ရောက်ခဲ့ပြီးပြီ
ညခုနစ်ရက်အတွက် မင်းပြင်ဆင်ပေတော့…

ငါ့ဘ၀ကို ချိုးနှိမ်ဖို့ ကြိုးစားနေခဲ့ပေမယ့်လည်း
ဘယ်တော့မှ မသေတဲ့ Resident Evil ဟာ ငါပဲ…
T-Virus အတွက် ဆေးရှာလိုက်ပါဦးလေ
မဝေးတော့တဲ့ အနာဂတ်တစ်ခုမှာ
Total Extinctions တစ်ခု ကျရောက်တော့မယ်.

Nostradamus မဟောကြားခဲ့တဲ့
The Lost Book ရဲ့ နောက်ဆုံး Chapter မှာ
မင်းဘာတွေ့ရမယ်ထင်လဲ..
ရေတွင်းပျက်ထဲက မိန်းကလေးတစ်ယောက် လက်စွပ်တစ်ကွင်းနဲ့
မင်းကို စောင့်နေလိမ့်မယ်….
လိုလိုမယ်မယ် မာယာစို့တစ်ခုတော့ယူသွားခဲ့ပေါ့
ငါ့ကိုများ ကြုံကြိုက်လို့ တွေ့ခဲ့၇င် ထပ်သတ်နိုင်အောင်လေ…
ငါမသေခဲ့ဘူးဆိုရင်တော့
ငါမသေနိုင်ခဲ့ဘူး ဆိုရင်တော့
ဆိုရင်တော့…..

ဆိုရင်တော့….

မီးလျှံငှက်

ကြည့်ခဲ့ဖူးတဲ့ သရဲကားတွေလည်း ကုန်ပြီ. ဘာကျန်သေးလဲ. ဟတ်ဟတ်ဟတ်

4 comments:

Red's Rose Dream said...

သိပ်ပြီးမိုက်ပါတယ် ကဗျာလေးက။
ရေးတက်ပါပေ့ ဆရာရန်ရယ် အံ့ရော။

စိုးထက် - Soe Htet ! said...

ကောင်းတယ်ဗျ ... ဗဟုသုတ တော်တော်ရ သလို ဖတ်ရတာ အဆင်ပြေပါတယ် ... :)

Kaung Kin Ko said...

“အားသုံးတတ်တိုင်း တစ်ဖက်သားကို မနိုင်ဘူးဆိုတာ
Aikido သင်ဖူးသူတိုင်း သိတယ်”တဲ့။ စာသားတွေကမိုက်တယ်ဗျာ။ တပုဒ်လုံး ကဗျာဓာတ်အပြည့်ပဲ။ မီးလျှံငှက် ဆိုတာ ဘယ်သူလဲဗျ။ သူ့ မှာ blog ရှိလား။

ရန်ကင်း said...

ရေလည်ဂွဒ်တယ်ဗျာ။ရှယ်လ်ကဗျာ။ဂွဒ်ရှယ်လ်