Wednesday, October 03, 2007

ထိုင်ဝမ်မှာကျင်းပတဲ့ ဆန္ဒပြပွဲ...


ထိုင်ဝမ်မှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲမှတ်တမ်းဓာတ်ပုံများဖြစ်ပါတယ်. စက်တင်ဘာ ၂၈ ရက်နေ့ နံနက် ၁၀း၀၀ နာရီမှာ ရှံကီရှိတ် Memorial Hall ရှေ့မှာ ဆန္ဒပြကြွေးကြော်ပြီး နိုင်ငံခြားရေးရာရုံးရှေ့သို့ ဆက်လက်လမ်းလျှောက်ကာ ဆန္ဒပြခဲ့ကြပါတယ်.

နိုင်ငံခြားရေးရုံးမှာ မြန်မာပြည်အစိုးရကို ကန့်ကွက်ကြောင်းစာပို့ပါတယ်. ငြိမ်းချမ်းစွာဆန္ဒပြနေသော သာသနာရေးခေါင်းဆောင်များနှင့် ပြည်သူများကို အကြမ်းဖက်သတ်ဖြတ်ဖမ်းဆီး ညှဉ်းပမ်းနှိပ်စက်နေမှုများကို ချက်ချင်းရပ်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို ချက်ချင်းလွှတ်ပေးရန် တောင်းဆိုခဲ့ပါတယ်.

BORNBURMA နိုင်ငံရေးလှုပ်ရှားမှုအဖွဲ့








No comments: