Tuesday, October 16, 2007

ပျော်ရွှင်စရာမွေးနေ့မင်္ဂလာပါ သမီးငယ်လေးရေ....




လွန်ခဲ့တဲ့ နှစ်ရက်လောက်က ကျွန်တော် Gtalk မှာ ခဏ၀င်ပြီး သူငယ်ချင်းတွေနဲ့ Chating လုပ်နေတုန်းမှာပဲ Gtalk ကနေ တစ်ယောက်က ခေါ်လာပါတယ်. ကျွန်တော်လည်း call ကို answer လုပ်ပြီး သူမှန်းမသိဘဲ တစ်ခြားတစ်ယောက်နာမည်နဲ့ ဆက်ပြောနေခဲ့ပါတယ်.

နောက်ကျမှ သူက ပြောပါတယ်

ကိုရန်အောင် လူမှားနေပြီတဲ့.. ကျွန်တော် စိုးထက်ပါ. တဲ့..

ဟိုက်.

ကျွန်တော်လည်း အားနာလိုက်တာဗျာ. သူကလည်း သူပဲလေ. ဟဲလိုလို့တောင် မပြောဘူး မိတ်မဆက်ဘဲနဲ့ တစ်ခါတည်း စကားတွေ ဆက်ပြောသွားတော့ ကျွန်တော်လည်း တစ်ခြားမိတ်ဆွေတစ်ယောက်နဲ့ လွဲမိတာပေါ့.

ထားပါလေ. အဲဒါနဲ့ပဲ ကိုစိုးထက်ကြီးနဲ့ စကားတွေ ဆက်ပြောဖြစ်ခဲ့ကြတယ်. ပထမဦးဆုံး အကြိမ်ဖြစ်ခဲ့ပေမယ့် ကျွန်တော်တို့က ဘလော့ဂ်တွေပေါ်မှာ ရင်းနှီးခဲ့ကြတာ ကြာပြီလေ.

တကယ့်ကို မိတ်ဆွေရင်းတွေလိုပါပဲ. ရင်းရင်းနှီးနှီး ခင်ခင်မင်မင် စကားတွေ ပြောဖြစ်ခဲ့ကြတယ်.

ကျွန်တော့်ကို ကိုစိုးထက်ကြီးက အားမငယ်ဖို့၊ လူတွေတစ်မျိုးထင်ပေမယ့်လည်း ကိုယ်လုပ်စရာရှိတာကို ဆက်လုပ်သွားနိုင်ဖို့ သွန်သင်လမ်းပြပေးခဲ့ပါတယ်. ရွယ်တူသူငယ်ချင်းတွေ အချင်းချင်း ပြောသလိုမျိုး ပြောသွားခဲ့တာပါ. သူ့ဘ၀အကြောင်းလည်း အနည်းငယ် တီးခေါက်မိခဲ့ပါတယ်.

တစ်ခြားအကြောင်းတွေတော့ သိပ်မပြောလိုပါဘူးဗျာ. ကျွန်တော်သူ့ကို အထင်ကြီးလေးစားသွားခဲ့ရတဲ့ အကြောင်းတွေထဲမှာ သူဟာ ပညာတော်သင်တစ်ယောက်ဖြစ်ကြောင်း၊ လက်ရှိမှာ ဘုန်းကြီးကျောင်းမှာ နေရင်း ကျောင်းတက်နေကြောင်း ဆိုတာ ပါလာပါတယ်.

ကျွန်တော်သာ သူ့နေရာမှာဆိုရင် အဲလိုနေနိုင်ပါ့မလားလို့တောင် မေးခွန်းထုတ်နေခဲ့မိတယ်. ပြီးတော့ ကိုစိုးထက်ကြီးက အိမ်ထောင်ရှင်တစ်ယောက်လည်း ဖြစ်တယ်လေ. ဇနီးနဲ့ သမီးလေးကို ခွဲခွာပြီး အဝေးတစ်နေရာမှာ ဘ၀တက်လမ်းအတွက် ကြိုးစားနေရတဲ့ သူ့ဘ၀ကို ကိုယ်ချင်းစာမိပါတယ်.
သူက ကျွန်တော်တို့ထက် အသက်ကြီးပေမယ့်လည်း လူငယ်တွေနဲ့ အတူတူ ဘလော့ဂါဘ၀ကို ခုံမင်မြတ်နိုးစွာ ရွေးချယ်ထားသူတစ်ယောက်လည်း ဖြစ်ပါတယ်. သူ့ရဲ့ ပညာတော်သင် အတွေ့အကြုံတစ်ချို့ကိုလည်း ဘလော့ဂ်မှာ ရေးသားဖော်ပြနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်.

ကဲဗျာ. လိုရင်း ဆွဲရရင်တော့ ဒီနေ့ သူ့သမီးလေး သံသာထက်ရဲ့ ၃ နှစ်မြောက်မွေးနေ့မင်္ဂလာပါ.

အဝေးတစ်နေရာမှာ ရောက်နေတဲ့ ဖခင်တစ်ယောက်ကို ကျွန်တော် အားမပေးတတ်ပေမယ့် တတ်နိုင်သလောက်လေး သူတို့မိသားစုအတွက် ပျော်ရွှင်စရာလေးတစ်ခု ဖန်တီးပေးချင်ပါတယ်. ဒါကြောင့်လည်း ဒီပို့စ်လေးကို ရေးသားရင်း သမီးလေးသံသာထက်အတွက် မွေးနေ့ဆုတောင်းလေး ခြွေလိုက်ပါတယ်.

ပျော်ရွှင်စရာ မွေးနေ့လေးဖြစ်ပါစေ. သမီးလေး သံသာထက်ရေ…..

ဦးဦးတို့ အားလုံး သမီးလေးအတွက် ဆုတောင်းပေးနေမယ်နော်…









ဒါကတော့ သမီးလေးအတွက် (၃) နှစ်မြောက်မွေးနေ့မင်္ဂလာသီချင်းလေးပေါ့...



1 comment:

စိုးထက် - Soe Htet ! said...

လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ် ကိုရန်အာင်ရေ ... ဘယ်လို ဆက်ပြောရမှန်း မသိတော့ အောင်ပါပဲ ... :) ကျွန်တော်က စာ များများ မရေး တတ်ဖူးဗျ ... မွေးနေ့ကိတ်လည်း မလုပ်ပေးမိဘူး ... ဘာပဲ ဖစ်ဖြစ် အရမ်း ကျေးဇူး တင်ပါတယ်ဗျာ .... :)