Monday, March 24, 2008

ဘလော့ဂ်မှာတစ်မူ...



ချစ်တဲ့သူငယ်လေ…
သူငယ်ချင်းကောင်း ဘလော့ဂါတို့ရေ…

သူများတွေမှာ
မပြတ်ခါခါ၊ ပို့စ်တင်နိုင်ကြတယ်
ကျွန်တော်ဘလော့ဂါ
နှစ်ပတ်ကြာတောင်၊ ဟိုယောင်ယောင်ဖြစ်
စိတ်တွေညစ်လို့၊ ဟိုပို့စ်ဒီပို့စ်
ရေးဖို့မလွယ်၊ ခက်သကွယ်နှင့်
“ဟင်း” ချလို့သာ မှိုင်ရတယ်…
အပိုင်သာတွေး၊ ပို့စ်ရေးနိုင်ပါတော့မလားဗျာ…

ဘလော့ဂ်မှာတစ်မူ
မတူအောင်တွေး၊ ရေးချင်သပေါ့ဗျာ…

ဘလော့ဂ်မှာထိပ်တန်း
အသွင်ဆန်းအောင်၊ လွမ်းပြချင်သပေါ့ဗျာ…

ဘလော့ဂ်မှာအထွတ်
အပြစ်လွတ်အောင်၊ ညွှတ်ပြချင်သပေါ့ဗျာ…

ရေးချင်လွမ်းချင်၊ ညွတ်စမ်းချင်လည်း
ပင်ပမ်းတစ်နေ့တာ၊ အားမကျန်တာမို့
ဘလော့ဂါဘ၀၊ ခပ်ခွာခွာနေရတော့တယ်

ဘလော့ဂ်မှာတစ်မူ
ခေါင်းမပြူနိုင်၊ မှိုင်ရပြီပေါ့ဗျာ…

ဘလော့ဂ်မှာ ထိပ်တန်း
စိတ်မလန်းနိုင်၊ ငိုင်ရပြီပေါ့ဗျာ…

ဘလော့ဂ်မှာ အထွတ်
ခေါင်းဂျွတ်တက်အောင်၊ ငေါင်ရပြီပေါ့ဗျာ…

ရေးမည်ကြံရွယ်၊ မူဟန်သွယ်နှင့်
တကယ်ထိုင်ချ၊ ပို့စ်ကိုစသည်
မရဥာဏ်ဆန်း၊ စိတ်ပင်ပန်းရုံ
စကားလုံးကုန်သည်မို့
သုန်မှုန်လက်ပိုက်၊ ခေါင်းကိုစိုက်ရင်း
ခေါင်းဗျင်းဗျင်းကုတ်၊ ခေါင်းရှုပ်သည်နှင့်
လုပ်ဇာတ်ကိုခင်း၊ ပျင်းကြောထကာ
ဆီဘောက်စ်မှာသာ၊ ခါခါအော်မည်
ဘီးဇီးသည်လေး……

အိုင်ချင်း ............. ရေခဲငှက်

8 comments:

Thinzar said...

ကဗျာလေး တော်တော် ဖတ်လို့ကောင်းတယ်။ Cheers ကိုရေခဲငှက်

စိုးထက် - Soe Htet ! said...

ကောင်းလှောင့်တေး ... ကောင်းလှောင့်တေး ... ကောင်းလှောင့်တေး ... :)

ရွှန်းမီ said...

ဟား ဟား ..
ကိုရန်အောင်တို့က ထွင်ရမှ ဘ၀ကို နေပျော်တာ :-)
ကဗျာစပ်ပုံကလဲ ကျွမ်းပါ့..
ဆရာနှစ်ခါပြန် ခေါ်ရမယ် ထင်တယ်.. :-P

Layma said...

သူငယ်ချင်းကောင်း ဘလော့ဂါကြီးရေ..
အိုင်ချင်း..မေ့နေတာ ပြန်သတိရသွားပြီ..။

Anonymous said...

ဘီးဇီးသည်လေး……
ဆိုတာ..
ဘီးနဲ့ ဇီးသီးနဲ့ တွဲရောင်းတဲ့ အသယ်လားမသိဘူးနော..
(နောက်တာပါ)
ကဗျာကြိုက်တယ်ရှင်..

Pinkgold said...

အံမယ် ကိုရန်အောင်က အိုင်ချင်းလည်း ပိုင်သကို
ဂွတ်တယ် ဂွတ်တယ်

Unknown said...

be calmn down bro!!! it's okay!! it's the situation of many blogger which can't creating something new sometime :) i hope and believe that you will pass that situation soon :)

Anonymous said...

ဘယ်လိုဖြစ်လို့ ဒီကဗျာ ဒီလောက်ကောင်းနေရတာလဲဗျာ.။ တော်တော်လေးကို ကောင်းတယ်။ ပိုင်သဗျာ.. :)