Saturday, March 15, 2008

အဆိုးမဆိုနဲ့...



ငါမပြောတော့ဘူး
မင်း ပြောသင့်တယ်

ငါမပြောချင်ဘူး
မင်းမှမပြောရင် ဘယ်သူပြောမလဲ

ငါပြောတော့ပြောချင်တယ်
စဉ်းစဉ်းစားစားတော့ ပြောပေါ့ကွာ

ငါပြောပါရစေ
မင်းသဘောပဲလေ

ငါပြောမှဖြစ်တော့မယ်
သတိထားနော်. ဇွတ်မရမ်းနဲ့

စိတ်ကုန်တယ်ကွာ. ဘာမှမပြောချင်တော့ဘူး
အေးဆေးပေါ့. ပြောသင့်ပြောထိုက်တာကိုတော့ ပြောရမှာပဲလေ.

ငါ ပြောရမလား
ဒါ မင်းသဘောပါ. ငါ့အမြင်ကတော့ မင်းပြောဖို့ အချိန်မရောက်သေးဘူးထင်တယ်.

ပြောမယ်ကွာ
ပြောဟေ့ ပြော… ဖြစ်လာမှ ငါ့ကို အဆိုးမဆိုနဲ့…

lol

“ပြော” ဆိုသော စကားလုံးနေရာတွင် မိမိကြိုက်နှစ်သက်ရာ ကြိယာများ အစားသွင်း၍ ပြန်လည်ဆန်းသစ်နိုင်ပါသည်. ဥပမာ. “စား”၊ “လုပ်”၊ “သွား” စသည်....

3 comments:

ရွှန်းမီ said...

ရေးတတ်ပါ့ :D

Dr. Yi Yi Win said...

အဆိုးမဆိုပါဘူး။ မိုက်တယ်လို့ ပဲပြောမှာ။
အမေးနဲ့  အဖြေစာကြောင်းလေးတွေ သိသာအောင်အရောင်ဖြစ်ဖြစ်ခွဲရေးရင်တော့
မြင်သာမယ်။ အမေးနဲ့ အဖြေနည်းနည်းရောနေလားလို့။
မိုက်ပါတယ်။

Layma said...

အဲဒါ ဘယ်သူနဲ့ ဘယ်သူ စကားပြောခန်းလဲ..။ ဦးရေခဲငှက်နဲ့ သူ့ကိုယ်စောင့်နတ်လား...။ သမီးမသိလို့မေးတာနော်..။