Thursday, May 09, 2013

ခံစစ်


အတ္တတွေ စစ်ချီသံပေးနေကြတယ်.

အားလုံးကတော့ မှန်ကြတာချည်းပဲ

နေပါဦးလေ.

ကိုယ်မှန်တယ်ဆိုရုံနဲ့ မရသေး

အားလုံးသိအောင် ကြေငြာပေးရဦးမယ်တဲ့.

ငါကတော့ ဘယ်သူဘယ်ဝါ

နင်ကတော့ ဘယ်ပုံဘယ်မျိုး

မဲပြာပုဆိုးတွေကို ဝတ်လို့

မရိုးတမ်း ကခုန်နေလိုက်ကြတာများ

သေရည်တွေတောင် မူးယစ်ဖို့မေ့ကုန်တယ်.


အမဲလိုက်အကတဲ့ကွ

ရှုံးတဲ့သူ လဲကျလိမ့်မယ်.

တစ်ချို့က မလဲခင်ကတည်းက ရှုံး

တစ်ချို့လည်း မရှုံးခင်ကတည်းက လဲ

လူသိရှင်ကြား တရားစောင့်ပြကြတယ်.

လူသိရှင်ကြား မိုးခါးရည်တော့ မသောက်ပြကြသေးဘူး.


ဘာပဲဖြစ်ဖြစ်ပါ

ကိုယ်တိုင်တောင် ဥပုသ်မစောင့်ဖြစ်တာကြာပြီပဲ

မုဆိုး မဟုတ်ခဲ့သေးရင်တောင်

အလိုက်ခံရရင် ကတတ်ဖို့

ခံစစ်တွေကို အသင့်ပြင်ထားတယ်.

ချွန်လို့မြလို့…

~ ရေခဲငှက် ~

3 comments:

အမ်တီအန် said...

မုဆိုးလဲ မဖြစ်လို
သားကောင်လဲ မဖြစ်ချင်
အေးချမ်းမှုများနဲ့သာ နေထိုင်လိုသော်ငြား
လူတစ်ခု ပူမှုရယ်ဆယ်ကုဋေဆိုတော့ ဆြာရန်ရေ..

Anonymous said...

ဘ၀ပင်လယ်ထဲမှာ ကူးခတ်နေသရွေ့ မြင်တွေ့၊ ကြုံဆုံ ရမယ့် သဘောတရားလေးတွေပေါ့ ။

နှစ်ခြိုက်စွာ ဖတ်သွားခဲ့ပါတယ် ။

သိ င်္ဂါ ရ said...

Blogger ကြီးတွေ စာရေးကြဲတော့ ...

အဟောင်းတွေပဲ ပြန်ရှာဖတ်ရပြန်ဦးမယ် ...

ကို ရန်အောင် ရဲ့ ကဗျာတွေ ကို သိပ်ကြီး

မဖတ်ဖြစ်တာနဲ့ အတော်ပေါ့ ... :)