Tuesday, July 13, 2010

လေဟာနယ်




ငါ့ပတ်ဝန်းကျင်တစ်ခုလုံးလည်း
ပိန်းပိတ်လို့မှုန်ဝါး
အနားသတ်ကမ်းစပ်တွေမဲ့စွာနဲ့....


လေလွင့်နေခဲ့တဲ့ ရက်စွဲများကို
ပုခုံးလှုပ်ပြီး မေးခဲ့မိတယ်
ငါဟာ...
အလျားလိုက် ရွေ့လျားနေတာလား
ဒေါင်လိုက် လွင့်မျောနေတာလား....

ဘာမှမသိသလို မျက်နှာပေးနဲ့
ရက်စွဲတွေက ပြေးလွှားရင်း အော်ပြောတယ်.

လေဟာနယ်တစ်ခုတည်းမှာ
အလျားလိုက်ပဲရွေ့ရွေ့
ဒေါင်လိုက်ပဲသွားသွား
အမှန်တရားတစ်ခုကတော့
မင်းဟာ ဘာနဲ့မှ ထိမနေဘူးဆိုတာပဲ...

တော်ပါပြီကွာ..
ဒီဆူးတွေသာ ငါ့ရင်ဝကို စူးမနေခဲ့ရင်....

ရေခဲငှက်

8 comments:

သဒ္ဓါလှိုင်း said...

ကဗျာလေးကိုဖတ်သွားပါတယ်ကိုရန်အောင်...။
အဆင်ပြေပျော်ရွှင်ပါစေ..
ခင်မင်စွာ
သဒ္ဓါ

အိမ့်ချမ်းမြေ့ said...

မင်္ဂလာပါ ကိုရန်ရေ...
ပျောက်နေတာကြာပြီနော်...
ကဗျာလေးဖတ်သွားပါတယ်..
ကျန်းမာချမ်းသာပါစေ..။

Sophie said...

ကဗျာရှင် သာယာပျော်ရွှင်ပါစေ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကဗျာလေးနဲ့ ပျောက်နေတာကို ပြန်ဖြည့်သွားတယ်ထင်တယ်..
ဘာဘဲရေးရေး ဘာဖတ်ပါတယ်ရှင်
စာတွေများများရေးပါဦးလို့

မြတ်မွန် said...

ကိုရန်အောင် ဘလော့ မြန်မြန် ပြန်ရေးနိုင်ပါစေရှင်..။

B & A said...

ပုံထဲကအံစာလုံးကလဲ လှုပ်ရှားနေတယ်..
ကဗျာလေးလဲလှုပ်ရှားနေတယ်...
ဆူးစူးနေတာတစ်ခုပဲ.

Unknown said...

လာဖတ်တယ် ကဗျာကောင်းလေးပါဘဲ လို့ခံစားမိပါတယ်

Unknown said...

အကိုရန်အောင်ကျန်းမာပျော်ရွှင်ပါစေ...
ကဗျာတွှေလည်း တပတ်တပုဒ်မှန်မှန်ရေးနှိုင်ပါစေ.... :)