Tuesday, January 26, 2010

သက်ဆိုင်သူများ သိသာစေရန်.....

အားလုံးပဲ မင်္ဂလာပါ.

(ခေါင်းစဉ်ဖတ်ပြီး လန့်သွားတယ်ထင်တယ်... ဟတ်ဟတ်ဟတ်.)

ကျန်းမာရေး ပြန်လည်ထူထောင်နေဆဲမို့လို့ ဘလော့ဂင်းကို ခေတ္တနားထားတာပါ.

ဒီဇင်ဘာပထမပတ်ထဲမှာ ဆေးရုံတက်လိုက်ရတယ်. အရေးပေါ်ကိုရောက်သွားတာဗျာ. ကျောက်ကပ်မှာ ကျောက်တည်လို့တဲ့...

လမ်းလျှောက်နေရင်းကို ကျောထဲက စူးစူးဝါးဝါးအောင့်တက်လာတာ. ဇောချွေးတွေပြန်လာတယ်. လူတောင် မေ့လဲချင်သလိုလိုဖြစ်သွားတယ်. အဲ... လိုရင်းပြောရရင်တော့ Emergency Room ထဲကို ရောက်သွားတယ်ပေါ့ဗျာ...

အတိုချုပ်ပြောရရင်တော့ အော်ပရေးရှင်း ၀င်လိုက်ရတယ်... :(



ဆေးရုံမှာ ၅ ရက်လောက် အောင်းလိုက်ရတယ်. ဆင်းလာတော့လည်း ဖျားတာက နှစ်ထပ်ကွမ်းတောင်...

နယူးရီးယားညကတောင် တုပ်ကွေးမိနေလို့ ကောင်းကောင်းမယားလိုက်ရဘူး... (ဟက်ပီးနယူးရီးယားလို့ မအော်လိုက်ရဘူးပြောတာပါ.)

တကယ်ပါပဲ.

ဆယ်ပေါင်လောက် ပြုတ်ကျသွားတယ်... အဲဒါကို ဖြည်းဖြည်းချင်း ပြန်တင်ယူနေတာ.

အခု လေးပေါင်ခွဲပြန်တက်လာတယ်. ကောင်းကောင်းစားတယ်. ကောင်းကောင်းအိပ်တယ်.

ရည်းစားလည်း မရှိတော့ နားပူနားဆာလုပ်မယ့်သူမရှိဘူး. နားအေးတယ်. (ပြောပြတာပါ. ကြွားတာမဟုတ်. ဟတ်ဟတ်)

ဆယ်ပေါင်မကြာခင် ပြည့်အောင် French Fries တွေလည်းစားတယ်. Burger တွေလည်း အုပ်တယ်. Junk Food တွေလည်း တီးနေတယ်.

ည ၁၁ နာရီဆို ခေါင်းအုံးနဲ့ မိတ်ဆက်နေပြီ. မနက် ၅ နာရီ ထပြေးတယ်. ဒိုက်တွေထိုးတယ်. အိပ်ထမတ်တင်တွေလုပ်တယ်. ထိုင်ထ (နားရွက်တော့ မဆွဲပါဘူး.း)) လုပ်တယ်. ဘားခိုတယ်.



ဘလော့ဂါရန်အောင် ဒိုက်ထိုးနေပုံ


ရေချိုးခါနီး ကိုယ့်ဗိုက်ကိုယ် ပြန်ပွတ်ရင်း ကြွက်သားအမြှောင်းတွေ ဘယ်နှစ်မြှောင်းထွက်လာပြီလဲ စမ်းရင်း ရင်တွေခုန်နေမိတယ်. (ဩော်. အရင်လို ယောကျာင်္းဘသား ကျားကျားလျားလျား ၀င့်ဝင့်ကြွားကြွား ပြန်ဖြစ်လာတော့မယ်ဆိုပြီးတော့ တွေးမိတာကို ပြောတာပါ.)



ဘလော့ဂါရန်အောင် ရေချိုးခါနီး အားစမ်းနေပုံ


အဲလိုပြောလို့ အခုနွဲ့နေတာလားလို့ မတွေးနဲ့ဦးနော်... ကိုယ်ရည်စစ်နေတာပါ. ကိုယ်နွဲ့မနွဲ့ကို နွဲ့တင် အသိဆုံးပါ... (အဲလိုပြောလို့ ဆရာစိုင်းခမ်းလိတ်ထရိုက်မှာလည်း ကြောက်ရသေးတယ်. ဟတ်ဟတ်)

ဘာပဲဖြစ်ဖြစ် ကျွန်တော်ပျော်အောင်နေနေပါတယ်.... စာမရေးနိုင်သေးတာကလွဲလို့ပေါ့လေ...

ဒီလကုန်လောက် ပြန်တွေ့မယ်ဗျာ နော်...

အားလုံးကို သတိရတယ်. Miss တယ်.. Mwahhh...း)

ချစ်ခင်လေးစားလျက်...

ရန်အောင်...

15 comments:

Rita said...

မေ့တောင်မေ့နေပြီ။
ခုပြန်ပေါ်လာတော့ တော်တော်စဉ်းစားယူရတယ်။

MieMie said...

ကျောက်တည် မှန်း မသိလိုက်ဖူး ရယ် ... သိရင်တော့
လူနာမေး လာပါတယ် ... ပြောသာပြောရတယ် အဲ ရက်တွေက ဒီမှာ မရှိဘူး .. ရန်ကုန်ေ၇ာက်နေလို့
ပိန်လက်စ နဲ့ ပိန်တဲ့ အတိုင်းဘဲ နေရောပေါ့ .. သူများတွေများ ပိန်ချင်လွန်းလို့ ... ခုတော့ ကောင်းသွားပြီ ဟုတ် ...

mie nge

တောင်ပေါ်သား said...

နေမကောင်းတာလားးးးးးးးး တကယ်မသိလိုက်ပါဘူးးးးးးးးးးးးးး အရင်ပိုစ့်ကိုဖတ်သွားပြီး ခံစားနေတုန်းးးးး အမြန် ပြန်လာပါး)


လေးစားလျက်
တောင်ပေါ်သား

ရေတမာ said...

အော် နေမကောင်းနေတာတောင် နောက်နေနိုင်တုန်းပဲး)))))) မြန်မြန်နေကောင်း။ ပေါင်ချိန်တွေ မြန်မြန်တက်ပါစေလို့ ဆုတောင်းပေးပါတယ်

သဒ္ဓါလှိုင်း said...

နေမကောင်းလို့ ပျောက်နေတာကိုး....
မြန်မြန် နေကောင်းပါစေ...ပြီးတော့ ပေါင်ချိန်လည်း တက်လာပါစေနော်...

ခင်တဲ့
သဒ္ဓါ

Andrew said...

take care bro, we miss your post ...

မေဓာဝီ said...

ကိုရန်လေး ... ပျောက်နေတာ ဒါကြောင့်ကိုး
ကျန်းမာရေး ဂရုစိုက်လေ .. ကျောက်ကပ်မှာ ကျောက်တည်တာ ရေများများသောက်ရတယ် ထင်တယ်။ ပြီးတော့ ကျောက်ဖရုံယို၊ သံမနိုင် ကျောက်မနိုင်၊ ဆေးကုလားမ ပင်ပွါး အဲဒါတွေ စားရ သောက်ရတယ် ကြားဖူးတယ်။ မမေ ဘကြီးလဲ ကျောက်တည်လို့ သူအဲဒါတွေ မှာမှာ စားနေတာ ကြားဖူးလို့။ သူကတော့ အသက် ၇၀ ကျော်ပြီ။ မခွဲရသေးဘူး။ ယုံရင် စမ်းစားကြည့်ပါလား။ မှားတော့ မမှားကောင်းပါဘူး။

၁၀ ပေါင်တောင်ကျသွားတယ်ဆိုတော့ ကုန်ပြီပေါ့ ရှိစုမဲ့စု ၀ိတ်ကလေး :)

ShwunMi- said...

ပြန်နေကောင်းလာတယ်ကြားလို့ ဝမ်းသာပါတယ်

နွေဆူးလင်္ကာ said...

ကျန်းမာရေးတော့ ဂရုစိုက်ဗျို့။ လိုအပ်ရင် ဆေးခါးကြီးလည်း မြိုသာမြို အဲ သောက်တန်သာသောက် :-)

Taungoo said...

ဗိုလ်ရန်ရေ

နေမကောင်းဘူးလို့ မထင်မိဘူးဗျ။

ပြန်လည်ကျန်းမာလာပြီဆိုလို့ တော်သေးတာပေါ့ဗျာ။

အမြန်ဆုံး မူလအတိုင်း ကျန်းမာရွှင်လန်းပါစေ။

ဒူကဘာ said...

မင်းသားကြီးနှယ် ကျောက်တည်တာ ကောင်းတယ်ဗျ ! တချို့များဆို ဝေလံခေါင်ဖျား ကျုပ်တို့နယ်အထိ ကျောက် လာရှာကြတာ၊ အသာလေး နှပ်ထား ကျောက်အောင်တော့ အကြောင်းကြား လိုက်လေ အရှေ့ဖက်ခြမ်းကို လာခဲ့တာပေါ့။

MM said...

နေမကောင်းတဲ့လူကလည်း နောက်နိုင်သေးတယ်နော် :) .. ဂရုစိုက်ဦး ကိုရန်အောင်ရေ .. ရော့ Invisible မုန့် လာပေးသွားတယ်.. :D

Talkii said...

Get well soon.

Unknown said...

ကိုရန်အောင်...........
မြန်မြန်နေကောင်းပါစေလို့ဆုတောင်းလိုက်ပါတယ်...
နေကောင်းသွားရင် စာတွေများများပြန်ရေးပေးရမယ်...

မှတ်ချက်။ ။ အလုပ်ပျက်ကွက်မှုအတွက်(OT)ဆင်းပြီး
စာများများပြန်ရေးပေးရမည်။

ဝါ၀ါခိုင်မင်း said...

ဟာ ဖြစ်ပုံများ.. ရောဂါတူနေပြီ.. အစ်မလည်း အရင်လကတည်းက ကျောက်ကပ်မကောင်းနေလို့ ဆေးမှာသောက်ရတယ်..း(
ကျန်းမာပါစေ..
အစ်မကတော့ ပြန်ရတော့မှာဆိုတော့ ပြန်ရောက်မှပဲ ရောဂါ ကုရတော့မယ်.