Monday, October 19, 2009

ကထိန်ဝင် သုံးရက်ပြင်နှင့် ကိုးနတ်ရှင်....

အားလုံးပဲ မင်္ဂလာပါ

ကျွန်တော်လည်း ဒီကြားထဲ အလုပ်နည်းနည်းများနေလို့ ကထိန်အတွက်ပို့စ်မရေးဖြစ်ဘူး ဖြစ်နေပါတယ်. အဓိကကတော့ Live Broadcasting လွှင့်ဖို့အတွက်မှာ အချိန်တွေ အများကြီးပေးလိုက်ရတာပါပဲ.

Website မျိုးစုံစမ်းကြည့်ပေမယ့်လည်း နောက်ဆုံးမှာတော့ မြန်မာပြည်ရဲ့ ကိုးနတ်ရှင်ကို လက်မြှောက်လိုက်ရပါတော့တယ်. ဆိုက်မျိုးစုံကို ပိတ်ထားရတဲ့ အထဲမှာမှ စပိဒ်ကိုလည်း မဟားတရားနှေးထားတာကြောင့် ကျွန်တော်တို့ရဲ့ Live Camera လေးဟာ Loading.... Loading.... Loading.... နဲ့ ပဲ နောက်ဆုံးလည်းကျတော့ မက်ဆေ့ခ်ျလေး တက်လာပါတော့တယ်.

Error 1 of 3 တဲ့...



ဘာမှန်းလည်းတော့မသိဘူး. ၃ ရက်ဆက်တိုက်စမ်းတာမှာလည်း အကြောင်းမထူးလာပါဘူး.

ဒါကြောင့် ကထိန်ရေစက်ချ တရားနာအစီအစဉ်ကို တိုက်ရိုက်လွှင့်ထုတ်ပေးဖို့ အဆင်မပြေပါဘူးဆိုတဲ့အကြောင်း ၀မ်းနည်းစွာနဲ့ အသိပေးလိုက်ရပါတယ် ခင်ဗျာ...

ဒီတော့လည်း နည်းရိုးပဲ လိုက်ရတော့မှာပေါ့ဗျာ...

ဓာတ်ပုံရိုက်၊ ဗွီဒီယိုရိုက်၊ ပြီးတော့ ဆိုက်မှာတင်... ဒေါင်းလုပ်လင့်ခ် ချပေး... အဆင်ပြေရင်တော့ နောက်ခံ ဘုရားသီချင်းလေးဘာလေး ထည့်ပေး၊ စာတမ်းတွေ ဘာညာထိုးပေါ့. အဲလိုပဲ စဉ်းစားလိုက်တော့တယ်...

ဦးဇင်းကလည်း ပြောပါတယ်. ဟုတ်တယ်... တော်ကြာ တရားနာနေရင်း ရပ်သွားမှ ဒုက္ခတဲ့....

ဟုတ်သားနော်...

တရားနာနေရင်း ဟိုဖက်က ဦးဇင်းက ရေစက်ချလို့ သာဓုအနုမောဒနာ ခေါ်ခိုင်းနေပြီ...

ကျွန်တော်တို့ရဲ့ Live လေးက အိညှောင်အိညှောင်လုပ်နေရင် လူတွေလည်း သာဓုမခေါ်နိုင်၊ ဘုန်းကြီးလည်း တရားရှေ့ဆက်လို့မရ၊ ပင့်ထားတဲ့ သမ္မာဒေ၀နတ်တွေလည်း ပြန်ကြွမရဖြစ်ကုန်ရင် အမယ်လေးလေး... ကျွန်တော် မောင်ရန်အောင် ခေါင်းပေါ်ကျမှာ သေချာတယ်. ဟတ်ဟတ်...

Alright, ကျွန်တော် ဒီတစ်ခုကိုတော့ လက်လျှော့လိုက်တယ်ဗျာ...

အားလုံးကို ကျွန်တော် ဒီပို့စ်လေးနဲ့အတူ တောင်းပန်ပါတယ်... ကျွန်တော် ကြိုးစားခဲ့ပါတယ်. ဒါပေမယ့် အဆင်မပြေခဲ့ပါဘူး.. ဒါကြောင့် ကျွန်တော် ဆက်မလုပ်တော့ပါဘူး...း)

ကထိန်ခင်းထားတဲ့ ပဒေသာပင် အပြင်အဆင်လေးတွေနဲ့ သုံးစွဲထားတဲ့ စရိတ်စကလေးတွေအကြောင်း ကျွန်တော် ပို့စ်တစ်ခုနဲ့အတူ ထပ်ရှင်းပြပေးပါမယ်.

ဒီနေ့ ပြုလုပ်တဲ့ ကထိန်အကြို အရုဏ်ဆွမ်းလောင်းအလှူနဲ့ ကထိန်ပဒေသာပင်ဆင်ယင်ထားပုံလေးတွေကို ဒီဘလော့ဂ်လေးတွေမှာ သွားရောက်ကြည်ညိုနိုင်ပါတယ်ခင်ဗျာ...

ဆွမ်းလောင်းအသင်း ဘလော့ဂ်

မ၀ါဝါခိုင်မင်းဘလော့ဂ်

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့စွာ အနားယူအပန်းဖြေနိုင်ကြပါစေ....

ချစ်ခင်လေးစားလျက်

ရန်အောင်

No comments: