Monday, October 12, 2009

ဝိနည်းမှာ သိမ်၊ သဒ္ဒါမှာ လိင်၊ အလှူမှာ ကထိန်...



အားလုံးပဲ မင်္ဂလာပါ.

ဒီနေ့ထိ လက်ခံရရှိထားတဲ့ ကထိန်အလှူအတွက် အလှူရှင်စာရင်းကို ဒီနေရာလေးမှာ ဖော်ပြပေးထားပါတယ်.

လှူဒါန်းထားကြတဲ့ အလှူရှင်တွေရဲ့ အလှူငွေတွေကို သက်ဆိုင်ရာနိုင်ငံအလိုက် ပေါင်းကြည့်လိုက်တော့ ဒီလိုရပါတယ်.

မြန်မာငွေ ကျပ် . 135,000 ကျပ်
စင်ကာပူဒေါ်လာ. S$ 380
ဂျပန် ယန်း . ¥ 15,300
ဩစတြေးလျ ဒေါ်လာ. AU$ 50
အမေရိကန် ဒေါ်လာ . US$ 70

တို့ပဲ ဖြစ်ပါတယ်.

အဲဒီ့စာရင်းကတော့ အပေါ်က လင့်ခ်မှာပါတဲ့ မ၀ါဝါခိုင်မင်းဘလော့ဂ်ပို့စ်လေးမှာ တင်ထားပြီးသမျှ ဖြစ်ပါတယ်.

ထပ်မံပြီး update လုပ်ပေးရမှာတွေကတော့

(၁) ဦးကြံအောင် (USA) မှ နှစ်ထပ်သင်္ကန်းကြီးအတွက် အလှူငွေ US $ 35
(၂) မနှင်းပေါက်ပွင့် (UAE) မှ ကထိန်ဝေယျာဝေစ္စအတွက် အလှူငွေ မြန်မာငွေ 80,000 ကျပ်တို့ပဲ ဖြစ်ပါတယ်.
(၃) ကိုထွန်းအောင်ဝင်း (Japan) မှ ပရိက္ခရာ ရှစ်ပါးနှင့် ကထိန်ဝေယျာဝစ္စအတွက် မြန်မာငွေ ကျပ်တစ်သိန်းတို့ပဲ ဖြစ်ပါတယ်.


အဲဒါဆိုရင်တော့ USD စုစုပေါင်း $ 105 ဖြစ်သွားမှာ ဖြစ်ပြီး မြန်မာငွေကတော့ 315,000 ကျပ် ဖြစ်သွားမှာ ဖြစ်ပါတယ်.

အလှူရှင်စာရင်းကို သက်ဆိုင်ရာ တာဝန်ခံတွေနဲ့ ဆက်သွယ်ပြီး မကြာခဏ Update လုပ်ပေးသွားပါမယ်.

ကျွန်တော်တို့ ရန်ကုန်က တာဝန်ခံတွေအနေနဲ့ သောကြာနေ့(October 16)မှာ မန္တလေးကို တက်ပါမယ်. ပြီးတော့ ဟိုမှာ ကထိန်ပဒေသာပင်အတွက် လိုအပ်မယ့် ပစ္စည်းပစ္စယတွေကို ၀ယ်ခြမ်းပြီး ပဒေသာပင်ဆင်ပါမယ်. လုပ်အားဒါနဖြစ်စေ၊ စိတ်ပါဝင်စားလို့ပဲ ဖြစ်စေ အတူတကွ လိုက်ပါလိုသူများ ရှိခဲ့ရင် ကျွန်တော့်ဆီကို ကျေးဇူးပြုပြီး ဆက်သွယ်ပေးစေလိုပါတယ်.

aungyan@gmail.com ဖြစ်ပါတယ်.

ကထိန်ပဒေသာပင်ဆင်တာနဲ့ ပတ်သက်ပြီး နည်းနည်းလောက် ဆွေးနွေးချင်ပါတယ်.

ကထိန်အတွက် အဓိကလိုအပ်တာက ဒုကုဋ် လို့ခေါ်တဲ့ နှစ်ထပ်သင်္ကန်းကြီး ဖြစ်ပါတယ်. အဲဒီ့အတွက် အဓိကထားပြီးဖြည့်ဆည်းပါမယ်. ကျန်တာတွေကိုတော့ အလှူရှင်တွေ ရည်စူးလှူဒါန်းတဲ့ (ထီး၊ ဖိနပ်၊ ပရိက္ခရာ ရှစ်ပါး၊ ရေခွက်၊ ဆပ်ပြာ၊ တဘက် စသည်) ပစ္စည်းတွေကိုသော်လည်းကောင်း၊ အထွေထွေစရိတ်အနေနဲ့ လှူဒါန်းတဲ့ အလှူငွေ ပမာဏပေါ် မူတည်ပြီးသော်လည်းကောင်း ပဒေသာပင် ဆင်သွားမှာ ဖြစ်ပါတယ်.

စပ်မိလို့ ပြောရရင်တော့ ပရိက္ခရာ ရှစ်ပါး လှူဒါန်းလိုသူများအတွက်ပါ.

ပရိက္ခရာ ရှစ်ပါးကို ဒီလိုမှတ်သားထားလို့ ရပါတယ်.

သင်္ကန်းသုံးရပ်၊ သပိတ်၊ အပ်
ပဲခွပ်၊ ရေစစ်၊ ခါးပန်းတစ်။

ဒီနေရာမှာ သင်္ကန်းသုံးရပ် ဆိုတာက ဧကသီ (အပေါ်ရုံ)၊ သင်းပိုင်(အောက်ရုံ)နှင့် ဒုကုဋ်လို့ခေါ်တဲ့ နှစ်ထပ်သင်္ကန်းကြီး ဖြစ်ပါတယ်.

ကျန်တာတွေကတော့ သပိတ်၊ အပ်၊ ပဲခွပ်(သင်တုန်းဓား)၊ ရေစစ်နှင့် ခါးပန်းကြိုးပဲ ဖြစ်ပါတယ်.

(စကားချပ်၊ ပရိက္ခရာရှစ်ပါး မှတ်သားစရာ လင်္ကာလေးနဲ့ ရှင်းလင်းချက်လေးကို အဖြုရောင်မေတ္တာ ဘလော့ဂ်မှ ရယူပါတယ်.)

ပရိက္ခရာ ရှစ်ပါးအတွက် US $ 50 ခန့်မှန်းထားပါတယ်. မြန်မာငွေအားဖြင့် ၆ သောင်းခွဲ၊ ၇ သောင်းခန့် ရှိပါမယ်.

ကျန်တဲ့ လှူဖွယ်ပစ္စည်းအမျိုးမျိုးတွေမှာ ကိုယ့်ဖက်က သဒ္ဒါပေါက်သလို လှူဒါန်းနိုင်ဖို့ ဒီစာရင်းလေးကို ကြည့်နိုင်ပါတယ် ခင်ဗျာ.



အလှူအတွက် လျာထားချက်များ

လက်ခံရရှိထားသမျှ အလှူပစ္စည်းတွေကိုတွက်ကြည့်တော့ နှစ်ထပ်သင်္ကန်းကြီး သုံးစုံ၊ ပရိက္ခရာရှစ်ပါး သုံးစုံ နဲ့ ဒွိစုံသင်္ကန်း သုံးစုံစာစီ ရထားပါတယ်.

အလှူအတွက် လျာထားတာကတော့ ဆရာတော်ကြီးတွေအပါအ၀င် အားလုံးပေါင်း သံဃာ ၁၈ ပါးဖြစ်ပါမယ်. အလှူရှင်တွေ ထပ်လှူကြဦးမယ်လို့ မျှော်လင့်ပါတယ်.


မိမိတို့ ကိုယ်တိုင်သာမက တစ်ခြား လှူဒါန်းလိုသူများ ရှိရင်လည်း လှူဒါန်းနိုင်ကြစေဖို့ တဆင့် နှိုးဆော်ပေးခြင်းဟာလည်း မိမိတို့ ကိုယ်တိုင် လှူဒါန်းသလိုပဲ ကုသိုလ်ရနိုင်ပါတယ်.

ဝိနည်းမှာသိမ်၊ သဒ္ဒါမှာ လိင်၊ အလှူမှာ ကထိန်... ဆိုတဲ့အတိုင်းပဲ တစ်နှစ်မှာ တစ်ခါပဲ လှူခွင့်ရတဲ့ ကြုံတောင့်ကြုံခဲ ကထိန်အလှူတော်မင်္ဂလာပွဲကြီးမှာ အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့စွာ ပါဝင်ဆင်နွှဲနိုင်ကြပါစေခင်ဗျာ...

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

Remark:

ကထိန်ကာတွန်းလေးက ကိုသက်ပိုင်ခရဲ့ လက်ရာဖြစ်ပြီး ဒီပို့စ်လေးက ယူလာတာဖြစ်ပါတယ်.

No comments: