Monday, August 10, 2009

အလှုငွေ စာရင်းရှင်းတမ်း (၂)



သံဃာကို လှူလော့ ဂေါတမီ။ သံဃာကို လှူဒါန်းခြင်းသည် ငါဘုရားကို လှူဒါန်းခြင်း ဖြစ်၏။


အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

ကျွန်တော်တို့ စစ်ကိုင်းတောင်ရိုး သာသနာ့ဝေပုလ္လကျောင်းတိုက်မှ ဆရာတော် ဦးကောဝိဒ ဦးစီးပြီး မန္တလေးမြို့နှင့် စစ်ကိုင်းမြို့များမှာ EveryoneIT ဆိုတဲ့ အခမဲ့ ကွန်ပြူတာ နည်းပညာသင်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးနေခြင်းကို ကမ္ဘာအရပ်ရပ်က ဘလော့ဂါများနှင့် စာဖတ်သူများ သိရှိဖတ်ရှုပြီး ဖြစ်ကြပါလိမ့်မယ်.

အဲဒီ့အတွက် အလှူငွေများ ကောက်ခံခဲ့ရာမှာ တာဝန်ခံတွေ အနေနဲ့ အောက်ပါအတိုင်း ခွဲခြားကောက်ခံခဲ့ပါတယ်.

(၁) မ၀ါဝါခိုင်မင်း - ဂျပန်
(၂) ရွာသားလေး (၀ိုင်တီယူ) - စင်ကာပူ
(၃) July Dream - စင်ကာပူ
(၄) ရန်အောင် - အမေရိကန်

စာရင်းရှင်းတမ်းတွေ လုပ်ရာမှာ လွှဲပြီးသမျှနဲ့ လက်ကျန်ငွေများစာရင်းကို တင်ပေးထားခဲ့ပြီးပါပြီ. ကျွန်တော်တို့ကောက်ခံခဲ့တဲ့ အလှူငွေတွေကို အဓိကအားဖြင့် သုံးပိုင်းခွဲထားပါတယ်. အဲဒါတွေကတော့ တယ်လီဖုန်း၊ တစ်နှစ်စာဆွမ်းအလှူငွေနဲ့ မီးစက်အတွက် ဖြည့်စွက်အလှူငွေတို့ပဲ ဖြစ်ပါတယ်.



ဆွမ်းလောင်းအသင်းမှ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းနေစဉ်


ဒီပို့စ်လေးမှာ ကျွန်တော့်ဖက်က ကောက်ခံရရှိတဲ့ အလှူငွေစာရင်းနဲ့ လွှဲပြီးငွေစာရင်း ရှင်းတမ်းသာမက ကျွန်တော်တို့ ကောက်ခံရရှိပြီးသမျှ ရှင်းတမ်းကိုလည်း ရှင်းပြချင်ပါတယ်.

ဒါကတော့ ကမ္ဘာအရပ်ရပ်က ထည့်ဝင်လှူဒါန်းကြတဲ့ ဆွမ်းအလှူရှင်များစာရင်းနဲ့ အလှူငွေစာရင်းရှင်းတမ်းဖြစ်ပါတယ်.



ဆွမ်းဟင်းများ ချက်ပြုတ်နေပုံ


ဒါကတော့ မီးစက်အတွက် အလှူရှင်စာရင်းနဲ့ ကောက်ခံရရှိမှုပါ.

ဒီနေရာမှာတော့ အလှူကောက်ခံခြင်း စာရင်းပိတ်ကြောင်းကို တင်ပြပေးထားပါတယ်. အောက်ဖက်နားကို နည်းနည်းလေး scroll down လုပ်ကြည့်လိုက်ရင် တယ်လီဖုန်း အလှူရှင်စာရင်းကိုတွေ့ရပါလိမ့်မယ် ခင်ဗျာ.

အခု ကျွန်တော့်ဖက်က လွှဲပြီးအလှူငွေစာရင်းနဲ့ လက်ကျန်ငွေကို ဆက်ရှင်းပြပေးပါမယ်.

ပထမဦးဆုံးအနေနဲ့ တယ်လီဖုန်းအလှူငွေအတွက် ကျွန်တော်ကောက်ခံရရှိတာက အောက်ပါအတိုင်းဖြစ်ပါတယ်.

လွှဲပြီးစာရင်း (Transferred)

(၁) ဦးမင်းဟန်+ ဒေါ်ပိုပိုအောင်. သားမောင်မင်းခန့် မိသားစုကောင်းမှု…. USD 100
(၂) မမီးငယ်နှင့်မိသားစုကောင်းမှု ... USD 50
(၃) ဘလော့ဂါရန်အောင်နှင့် မိသားစုကောင်းမှု ... USD 100

ဒီစာရင်းအရ အမေရိကန် ဒေါ်လာ ၂၅၀ ကို လွှဲပြောင်းပေးပြီး ဖြစ်ပါတယ်.

------------------------------------


ဒုတိယအနေနဲ့ တစ်နှစ်စာဆွမ်းအတွက် အလှူငွေစာရင်းက ဒီလိုဖြစ်ပါတယ်.

လွှဲပြီး စာရင်း (Transferred)

၁.မနှင်းပွင့်သစ္စာလှိုင် (ယူအက်စ်အေ)မှ တစ်နှစ်စာဆွမ်းအလှူငွေ အမေရိကန်ဒေါ်လာ ၆၀(US$60.00) နှင့် န၀ကမ္မအလှူငွေ (US$40.00) စုစုပေါင်း USD 100 (လွှဲပြီး)
၂.ကိုမြင့်သူ+မမွှေးမွှေးကြူ ၊ သမီးဇင်မွန်ထက် (ကနေဒါ)မှ တစ်နှစ်စာဆွမ်းအလှူငွေ အမေရိကန်ဒေါ်လာ ၆၀(US$60.00) (လွှဲပြီး)
၃.ဒေါ်ရီရီစိန် (ယူအက်စ်အေ)မှ တစ်နှစ်စာဆွမ်းအလှူငွေ အမေရိကန်ဒေါ်လာ ၆၀(US$60.00) (လွှဲပြီး)
၎.ဘလော့ဂါရန်အောင် နဲ့ မိသားစု (ယူအက်စ်အေ)မှ တစ်နှစ်စာဆွမ်းအလှူငွေ အမေရိကန်ဒေါ်လာ ၆၀(US$60.00) (လွှဲပြီး)

ဒီစာရင်းအရ ကျွန်တော့်ဖက်က အမေရိကန်ဒေါ်လာ ၂၈၀ ကို ဇူလိုင် (၁၇) ရက်နေ့က လွှဲပြောင်းပေးပြီး ဖြစ်ပါတယ်.



ဆွမ်းဟင်းဆက်ကပ်လှူဒါန်းရန်အတွက် မိမိတတ်နိုင်သည့် လုပ်အားဒါနပြုနေသော အမယ်အို၏ စေတနာ...


မလွှဲရသေးသော စာရင်း (On Hold)

၁.ဦးကြံအောင် (ယူအက်စ်အေ)မှ တစ်နှစ်စာဆွမ်းအလှူငွေ အမေရိကန်ဒေါ်လာ ၆၀(US$60.00)
၂.ကိုမောင်ဇော်မင်း (Fountain Valley, California)တစ်နှစ်စာ ဆွမ်းအလှူငွေ အမေရိကန်ဒေါ်လာ ၆၀ နှင့် န၀ကမ္မအလှူတော်ငွေ ၄၀ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀၀
၃ .ကိုအောင်မောင်မောင် (Sanfransisco, California)မှ တစ်နှစ်စာဆွမ်းအလှူငွေ အမေရိကန်ဒေါ်လာ ၆၀(US$60.00)
၎.ကိုမျိုးဝင်းသိန်း (Sanfransisco, California))တစ်နှစ်စာဆွမ်းအလှူငွေ အမေရိကန်ဒေါ်လာ ၆၀(US$60.00)
၅.မစန်းသီတာအောင် (Sanfransisco, California)တစ်နှစ်စာဆွမ်းအလှူငွေ အမေရိကန်ဒေါ်လာ ၆၀(US$60.00)
၆.မခင်စန္ဒီဝင်း (Sanfransisco, California)တစ်နှစ်စာဆွမ်းအလှူငွေ အမေရိကန်ဒေါ်လာ ၆၀(US$60.00)
၇.မစိုးစန်းထက် (Sanfransisco, California)တစ်နှစ်စာဆွမ်းအလှူငွေ အမေရိကန်ဒေါ်လာ ၆၀(US$60.00)
၈. မရွှေစင်ဝေါင်နှင့် မိသားစု (Chicago) တစ်နှစ်စာ ဆွမ်းအလှူငွေ အမေရိကန်ဒေါ်လာ ၆၀ နှင့် န၀ကမ္မအလှူတော်ငွေ ၄၀ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀၀


ဒါကြောင့် ဆွမ်းအလှူတော်ငွေ ဒေါ်လာ ၅၆၀ ကျွန်တော့်ဆီမှာ ကျန်နေပါတယ်.

------------------------------------


တတိယအနေနဲ့ မီးစက်အတွက် အလှူရှင်စာရင်းက အောက်ပါအတိုင်းဖြစ်ပါတယ်.

၁. ကိုမြင့်သူ+မမွှေးမွှေးကြူ ၊ သမီးဇင်မွန်ထက် (ကနေဒါ)မှ မီးစက်အတွက် အလှူငွေ အမေရိကန်ဒေါ်လာ ၁၀၀

ဒီစာရင်းကိုလည်း မလွှဲရသေးပါ. လွှဲရန်ငွေ ဒေါ်လာ ၁၀၀ ကျန်နေပါတယ်.

------------------------------------




ဆွမ်းဟင်းဆက်ကပ်လှူဒါန်းရန်အတွက် မိမိတတ်နိုင်သည့် လုပ်အားဒါနပြုနေသော လုံမပျို၏ သဒ္ဓါတရား


အနှစ်ချုပ်လိုက်ရရင် ကျွန်တော့်မှာ ဆက်လက်လွှဲပြောင်းပေးရမယ့် အလှူငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၆၆၀ ကျန်ပါတယ်.

ကျွန်တော်တို့ လက်ရှိ ရေလှောင်ကန်နဲ့ ရေသန့်စက်ကိစ္စကို အကောင်အထည် ဆက်ဖော်နေပါတယ်. အသေးစိတ်ကို မကြာခင် ထုတ်ပြန်ပေးသွားပါမယ်ခင်ဗျာ.

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

3 comments:

WWKM said...

အမယ်.
သူကဖြင့် နော်ဝေကလို့မပြောပဲ.. အလှူရှင်တစ်ဦးလို့
ရေးလာတာလေကွယ်... ကျုပ်ကပဲ မှားသလိုလို.
ဟုတ်ပါတယ် မှားပါတယ်. ကျုပ်က ယူအက်စ်အေလို့
ထည့်လိုက်မိတာကိုးးးးး(
မပြောတော့ဘူးနော်.မောင်ရန်အောင်. အဟတ်.
ဘာမှ မပြောတော့ဘူး။
ဒါပေမယ့် မောင်ရန်အောင် အရမ်း တော်ပါတယ်..
အစ်မ မပြောခင်ကတည်းက ထိပ်ဆုံးမှာ နာမည်ထည့်
ထားပေးလို့လေ..း))))

သူစာရင်းရှင်းတာကျတော့ မြန်လိုက်တာ..မြန်မှာပေါ့..သူ
များစာရင်းတွေကို လင့်ခ်ထိုးပြလိုက်တာကိုးးးးး(

Yan said...

စာရင်းရှင်းတာ လင့်ခ်ထိုးပြပေးရုံလောက်နဲ့ ပြီးရင်တော့ အခုလိုမျိုး အမှားတွေဘယ်တွေ့မတုန်း မ၀ါရဲ့

သေချာဖတ်လို့ ဆံပင်တောင်လေးချောင်းဖြူသွားပါတယ်ဆို. မ၀ါရဲ့ အလှူရှင်တွေကို ရောင်စုံခြယ်သပေးထားမှုတွေကလည်း မျက်စိကို တဖိန်းဖိန်း ဖြစ်စေပါတယ်.

ဘာပဲဖြစ်ဖြစ်. အလှူငွေ ၁၀၀ ကွာနေတာ မစိုက်ရတော့ဘူးဆိုတာ သေချာသွားလို့ စိတ်ချလက်ချ အိပ်ပါပြီ...

ဆာရောနာယ & အောယဆုမိနာဆိုက်....

Y.

Anonymous said...

;) Sadu Sadu Sadu!