Monday, September 15, 2008

အစဉ်သာ...




မစီးနဲ့လေ...
ရေကိုတားနိုင်၊ ဆို့ပိတ်နိုင်လည်း...

မရွာနဲ့လေ...
ရေငွေ့ရေခိုး၊ စနေမိုးအား
ဘယ်သူတားမလဲ...

မလာနဲ့လေ...
ဝေရီမှိုင်းမိုး၊ ရနံ့ဆိုးများ
တံခါးသော့ချိတ်
အလုံပိတ်ကာ၊ ထားနိုင်လည်း...

မတိုက်နဲ့လေ...
ဟိုသည်မွှေနှံ့၊ လေပြည်ရူးအား
ဘယ်သူတားမလဲ...

မကြည့်နဲ့လေ...
အနေစိမ်းစိမ်း၊ တိမ်းဖယ်ရှောင်ချင်
ခင်နေနိုင်လည်း...

မမြင်နဲ့လေ...
ဝေဒနာနွေး၊ ခြေရာလေးထား
နှလုံးသားမှ၊ ဆ, ပွားထောင်ရာ
ဒီမျက်နှာကို...
အို...
ဘယ်သူတားလို့ ရမှာလဲ.....

မောင်စိန်ဝင်း (ပုတီးကုန်း)
သောကခြေရာ ရတနာ ကဗျာများ...

3 comments:

Dr. Yi Yi Win said...

မပွေနဲ့ လေ
ဒီလေရူး
နွေအကူးမှာ
ရူးလောက်စရာ
အာရုံမနောက်ချင်..။

မငိုနဲ့ လေ
ကြင်သူသက်ထား
ချစ်အားမပို
မျက်နထားညိုလို့ 
တရွာသို့ သွား
ဇီးပြားစားလျှင်…။

ရွှန်းမီ said...

တားမရတဲ့ အရာတွေ..

Unknown said...

ဟင်းးးးးး..........ဖတ်ပြီးတော့ တစ်မျိုးကြီးပဲ။ ပြန်လည်ဖော်ပြပေးတဲ့အတွက် ကျေးဇူးပါ အစ်ကိုရေ။