Friday, September 05, 2008

ဘယ်ပန်းချီရေးလို့မမီ - ရှုမ၀မောင်ဆွေတင့်



ဘယ်ပန်းချီရေးလို့မမီ
ချစ်မေတ္တာတွေသည် ညွှန်းစာနွဲ့ ဖွဲ့လို့မမီ

အဏ္ဏ၀ါ သမုဒ်မင်ပြာတွေ ကုန်စေ့မည်
အာကာတစ်ခွင်လုံးဆုံးတော့ ပေလွှာ မဆုံးပြီ
နှလုံးသားမှာ ချိုစွာ
ညွှန်းဆိုနှော ပြောပြပေသည်



ခင်တွယ်စရာ မိဘဟူသည် အစားထိုးဖွယ် မရှိသည်
ထာဝရဘုရားနဲ့ တကယ်ပင် တရားသဘောညီ
အို တစ်ဂိုဏ်းတည်း နှိုင်းခဲ့ကြသည်
မိဘရဲ့ အသည်းနှလုံး
အပြုံးနဲ့ယှဉ်ကာသာနှော
ချစ်ဇောရဟတ်မပြတ်လည်သည်

တကယ်ပင်တေးဖွဲ့လို့သီမမီခဲ့ပြီ
အစဉ်သာနှိုင်းတုလူ့တခွင် ယှဉ်လို့မမီ
ကျေးဇူးကိုရွယ်ရည်
အသက်ကိုမနှေး ပေးအပ်ပါမည်

ဒီသီချင်းလေးကို ကျွန်တော်လိုက်ရှာနေခဲ့တာ ကြာပါပြီ။ ကျွန်တော် အကူအညီတောင်းထားတဲ့ ပို့စ်လေးကို သတိတရနဲ့ ရှာဖွေကူညီပေးခဲ့ကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးအထူးပဲ တင်ရှိပါတယ် ခင်ဗျာ.

Youtube ကို ကြည့်လို့ မဖြစ်နိုင်သူများအတွက် သီချင်းဒေါင်းလုပ်လင့်ခ်လေး ထုတ်ပေးလိုက်ပါတယ်.

ဘယ်ပန်းချီရေးလို့မမီ

ရေး-တက္ကသိုလ်အေးမောင်
ဆို- ရှုမ၀မောင်ဆွေတင့်

ဆီဘောက်စ်မှ အမှတ်တရ မက်ဆေ့ခ်ျများ

ရာမညသား: မူရင်းအဆိုရှင် တက္ကသိုလ်အေးမောင် ဗားရှင်းကို ကျနော် အကြိုက်ဆုံးပဲ။ တင်ပေးထားတဲ့ မအေးနန္ဒာ ကို ကျေးဇူးတင်ပါတယ်။
4 Sep 08, 11:21
ရာမညသား: ကိုရန်အောင်လိုချင်တဲ့ "ဘယ်ပန်းချီရေးလို့ မမှီ" http://www.youtube.com/watch?v=9SVnBDBv9Ek ကို တွေ့လို့ မျှဝေတာပါ၊

2 Sep 08, 07:39
ငွန်ငယ်: အကို ရေ.. အကိုလိုချင်တဲ့ သီချင်းတွေက မြန်မာပြည်ကအိမ်မာဆိုရှိတယ်။ပိုတတ်တဲ့သူမရှိလို. ။ဒီမှာတော့ တက္ကသိုလ်မောင်ဆွေတင့်ရဲ ဘယ်ပန်းချီရေးလို့မမှီတော့ရှိတယ်ပို့ပေးလိုက်ပါမယ်နော့..

1 Sep 08, 15:01
.: http://rapidshare.com/files/141885958/Bae_Pa_Chi_Yae_Lo_Ma_Mee.DAT.html

အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ.

ခင်မင်လေးစားလျက်

ရန်အောင်

2 comments:

Forget-Me-Not said...

ပိုလာဘဲ မိသားစုပုံလေးကြိုက်လို့ ကူးသွားလိုက်တယ်။

Rita said...

ပူဆာလို့ ရမလား
"ပါရမီတော်" သီချင်း နားထောင်ချင်နေတယ်..
ရီရီသန့် version နော်

AMMK