
၂၀၀၈ ခုနှစ်၊ မေလ (၁၅ - ၁၆) ရက် ကြာသပတေး၊ သောကြာနေ့တွင် ကုလသမဂ္ဂရုံးရှေ့၌ သာသနာ့ဥသျှောင် ဆရာတော်များက ဦးဆောင်ကာ အသံတိတ်တရားထိုင်၍ မြန်မာနိုင်ငံတွင်း သေဆုံး ဒုက္ခရောက်နေကြသော ပြည်သူများအား ပြည်တွင်းပြည်ပမှ ထိရောက်စွာ ၀င်ရောက်အကူအညီပေးနိုင်ရန် အစာငတ်ခံဆန္ဒပြတောင်းဆိုသွားမည် ဖြစ်ပါသည်။
အမျိုး၊ ဘာသာ၊ တိုင်းပြည်ကို ချစ်မြတ်နိုးကြကုန်သော ဒကာဒကာမများအားလုံး သာသနာ့ဥသျှောင်နှင့်အတူ…
(၁) နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်း တစ်တိုင်းလုံး ဒုက္ခများခံစားနေရသည်ကို ကုလသမဂ္ဂမှ ဒုက္ခသည်များထံ အမြန်ဆုံး အရောက်သွား၍ ထိရောက်စွာ အကူအညီပေးရန်၊
(၂) ပြည်တွင်းပြည်ပမှ စေတနာရှင် အကူအညီပေးသူများအား စစ်အစိုးရက တားဆီးပိတ်ဆို့နေမှုကို ရပ်ဆိုင်းရန်၊
(၃) ဆရာတော် သံဃာတော်များ ဦးဆောင်၍ ပြည်သူများအား အသက်ရှင်ရေးအတွက် လုပ်ဆောင်နေမှုများအပေါ် အနှောင့်အယှက်ပေးခြင်းကို ရပ်ဆိုင်းရန် တောင်းဆိုသွားမည် ဖြစ်ပါသည်။
နေရာ။ ။
United Nations
1st Ave & 43rd Street
Manhattan, New York
အချိန်။ ။
3 pm to 6 pm (Thursday)
1 pm to 6 pm (Friday)
နေ့ရက်။
May 15, 2008 (Thursday)
May 16, 2008 (Friday)
ဆရာတော်ဦးဝိလာသ
ဒုတိယ ဥက္ကဋ္ဌ ဆရာတော်
သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်
နယူးယောက်။ ။





ဓာတ်ပုံတွေကို ဘားမားပွိုင့် ဘလော့ဂ်မှ ရယူပါတယ်.
No comments:
Post a Comment