Thursday, January 10, 2008

ဘလော့ဂါသံဝေဂ


ဘ၀င်မကျနိုင်ဘု

ရင်ဝကိုတဲ့ ထုချင်တယ်၊

မှိုင်အတွေး ထိုင်မငေးနိုင်လို့၊

ဒီဘလော့ဂါ အရှုပ်အရှင်းမှာ၊

ပါခဲ့မိတယ်။ ။


သရုပ်သကန်

ဟုတ်မှန်စွာတင်ကာပြ၊

ထောမနာပ ပြုကြတယ်၊

မချယ်လှယ်ဝံ့ပါလေး။ ။


ကြည်ရွှင်စွာ၊

မရေးနိုင်ပါ စိုးထိတ်တာမို့၊

ဒီတစ်ခါ ဘလော့ဂါတွေ ငြိကြရင်ဖြင့်၊

ငါမသိ နှာစေးဟန်ဆောင်ကာပြ၊

ချောင်ကုတ်ကာ ပညာသိုတော့မယ်၊

ပျိုပျိုအို ဘလော့ဂါတို့ရယ်၊

ပြေးဝေါင်ဝေါင်ရှေး။ ။

lol

(ဘလော့ဂ် ဋီကာ လေးဆစ်)


မင်းရန်အောင်

6 comments:

Anonymous said...

lol (lots of love)

Anonymous said...

ဒီကဗျာလေး အရမ်းကောင်းပါသည်

မေဓာဝီ said...

မင်းရန်အောင်ရဲ့ ကဗျာတွေ မဖတ်ရတာကြာလို့ ဖတ်ချင်နေတာ ... ဒီနေ့တော့ ၂ ပုဒ်တောင် ဖတ်လိုက်ရတယ်။
တယ်လက်စွမ်းထက်ပါလား .... ချီးယားစ် ... ။

Yan said...

အမည်မသိတစ်ယောက်၊ မအိမ့်ချမ်းမြေ့ နှစ်ယောက်၊ မမေဓာဝီ သုံးယောက် အားလုံးပေါင်း သုံးယောက်လုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ.

Anonymous said...

နှေးစေးနေလို့၇မတဲ့လား.. ဘလော့ဂ်တွေ မှိုလိုပေါက်လာအောင် သူပဲ စွဲဆောင်ခဲ့ပြီးတော့.

Kaung Kin Ko said...

နည်းယူသွားပြီဗျို့ ။ :-D အနော်လည်း သံဝေဂ ရပြီ။