ဘ၀င်မကျနိုင်ဘု
ရင်ဝကိုတဲ့ ထုချင်တယ်၊
မှိုင်အတွေး ထိုင်မငေးနိုင်လို့၊
ဒီဘလော့ဂါ အရှုပ်အရှင်းမှာ၊
ပါခဲ့မိတယ်။ ။
သရုပ်သကန်
ဟုတ်မှန်စွာတင်ကာပြ၊
ထောမနာပ ပြုကြတယ်၊
မချယ်လှယ်ဝံ့ပါလေး။ ။
ကြည်ရွှင်စွာ၊
မရေးနိုင်ပါ စိုးထိတ်တာမို့၊
ဒီတစ်ခါ ဘလော့ဂါတွေ ငြိကြရင်ဖြင့်၊
ငါမသိ နှာစေးဟန်ဆောင်ကာပြ၊
ချောင်ကုတ်ကာ ပညာသိုတော့မယ်၊
ပျိုပျိုအို ဘလော့ဂါတို့ရယ်၊
ပြေးဝေါင်ဝေါင်ရှေး။ ။
(ဘလော့ဂ် ဋီကာ လေးဆစ်)
မင်းရန်အောင်
6 comments:
lol (lots of love)
ဒီကဗျာလေး အရမ်းကောင်းပါသည်
မင်းရန်အောင်ရဲ့ ကဗျာတွေ မဖတ်ရတာကြာလို့ ဖတ်ချင်နေတာ ... ဒီနေ့တော့ ၂ ပုဒ်တောင် ဖတ်လိုက်ရတယ်။
တယ်လက်စွမ်းထက်ပါလား .... ချီးယားစ် ... ။
အမည်မသိတစ်ယောက်၊ မအိမ့်ချမ်းမြေ့ နှစ်ယောက်၊ မမေဓာဝီ သုံးယောက် အားလုံးပေါင်း သုံးယောက်လုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ.
နှေးစေးနေလို့၇မတဲ့လား.. ဘလော့ဂ်တွေ မှိုလိုပေါက်လာအောင် သူပဲ စွဲဆောင်ခဲ့ပြီးတော့.
နည်းယူသွားပြီဗျို့ ။ :-D အနော်လည်း သံဝေဂ ရပြီ။
Post a Comment