Friday, August 03, 2012

ဒါတွေ ဒီလိုဖြစ်သွားခဲ့တယ်...


အားလုံးပဲ မင်္ဂလာပါခင်ဗျာ…

ဒီရက်ပိုင်းအတွင်း ကျွန်တော့်ရဲ့ ဘလော့ဂ်ဒိုမိန်းကို Renew လုပ်တာမှာ အဆင်မပြေတာလေးတွေ ဖြစ်သွားခဲ့ရပါတယ်။

ဖြစ်ပုံအကြောင်းစုံကတော့ လက်ရှိသုံးနေတဲ့ Hosting Site ကနေ နောက်တစ်ခုကို ကျွန်တော်ပြောင်းသုံးလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ Primary Domain နာမည်ကိုလည်း ကျွန်တော်ပြောင်းလိုက်ပါတယ်။ အကျိုးဆက်အနေနဲ့ Hosting Site နှစ်ခုထဲမှာ ဘာတွေဖြစ်လို့ ဖြစ်ကုန်မှန်းကို မသိတော့ဘဲ ရှုပ်ယှက်တွေခတ်ကုန်ပါတော့တယ်။

ဒါကြောင့်မို့ လောလောဆယ် www.yanaung.net ထဲ ၀င်လာသူတွေကို www.yanaung.blogspot.com ကိုပဲ ပြန်ပြီး လွှဲပြောင်းပေးထားပါတယ်။

တစ်ဆက်တည်းမှာပဲ ရေခဲငှက်ဆိုတဲ့ ကလောင်နာမည်အတွက် ၀က်ဘ်ဆိုက်လေးတစ်ခု ခွဲထုတ်လိုက်ပါတယ်။ 

http://www.yaykhaenget.com/  ဆိုတာလေးပါ။ 

Wordpress အတွေ့အကြုံလေးတွေ လေ့လာအသုံးချချင်လို့ ဒီဆိုက်လေးကိုတော့ Wordpress Platform နဲ့ ရေးထားပါတယ်။

စာတွေကို တတ်နိုင်သလောက် အချိန်လေးပေးပြီး ရေးနိုင်အောင် ကြိုးစားသွားပါမယ်..

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ..

ခင်မင်လျက်

ရန်အောင်

2 comments:

အမ်တီအန် said...

မည်သည့် ပလက်ဖောင်းတွင်ဖြစ်ဖြစ်
ရေးသားပေးပါ...
အမြဲစောင့်ဖတ်နေပါမည်။ အကူးအပြောင်းမှာ ပို့စ်တွေ မပျောက်ပျက်သွားအောင်တော့ အထူးဂရုပြုပါလေ...။

ရွှေအိမ်စည် said...

မျက်စိနည်းနည်း လည်သွားပါတီ
လင့်ချိတ်ထားတာတောင် မှန်သေးရဲ့လား မသိပါ
ပြန်ကြည့်ရပါတော့မည်