Monday, October 18, 2010

မော်နီတာကို ကြာကြာကြည့်စေနိုင်ဖို့ ဒါကိုသုံးပါ...

အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

ဒီတစ်ခါတော့ ကွန်ပြူတာနဲ့ အမြဲတစေ ထိတွေ့ကိုင်တွယ် အသုံးပြုနေရတဲ့ ညီအစ်ကိုမောင်နှမတွေအတွက် ကျန်းမာရေးအရ အသုံးတည့်မယ့် ဆော့ဖ်ဝဲလ်လေးတစ်ခု လက်ဆင့်ကမ်းမျှဝေချင်ပါတယ်.

ကွန်ပြူတာကို အမြဲလိုလိုအသုံးပြုနေရသူတွေမှာ ဖြစ်တတ်တာတွေက အညောင်းမိတာ၊ ခါးနာတာ၊ မျက်ရည်ပူတွေ ကျလာတာ စတဲ့လက္ခဏာတွေဖြစ်တတ်ပါတယ်. ခါးနာတာတို့ အညောင်းမိတာတို့အတွက် နောက်ဆုံးပေါ် memory foam လို့ခေါ်တဲ့ ခေါင်းအုံးလေးတွေ၊ ကျောမှီလေးတွေနဲ့ အဆင်ပြေအောင် ပြုပြင်လို့ရပါတယ်.



မျက်စိညောင်းတာ၊ မျက်ရည်ပူကျတာတွေကို ကာကွယ်ဖို့အတွက်ကတော့ ကျွန်တော်တို့တွေ သိပ်ပြီး အာရုံစိုက်လေ့ မရှိတတ်ကြပါဘူး. ကျွန်တော်ဒီနေ့ ပြောချင်တာကတော့ အဲဒီ့ ပြဿနာပါပဲ.

များသောအားဖြင့် မျက်စိကို မထိခိုက်စေချင်ရင် မော်နီတာရှေ့မှာ Filter အပြားလေးခံလို့ရပါတယ်. ဒါပေမယ့် အဲဒါက Desktop monitor အကြီးကြီးတွေ သုံးသူတွေအတွက်ပဲ အသုံးဝင်မှာပါ. Laptop ကွန်ပြူတာလေးတွေ သုံးနေသူတွေအတွက်ကတော့ မော်နီတာရှေ့မှာ Filter ပြားခံဖို့ အဆင်မပြေနိုင်ပါဘူး. ဒါကြောင့် အခု ကျွန်တော်ပေးမယ့် ဆော့ဖ်ဝဲလ်လေးကို အင်စတောလ်လုပ်လိုက်ရင် ဒီပြဿနာကို ဖြေရှင်းပြီးသားဖြစ်သွားမယ့်အပြင် ရေရှည်အတွက်လည်း အကျိုးများစေပါလိမ့်မယ်.

နာမည်က F.lux ပါ. သူ့ရဲ့ အထူးပြုအကြောင်းအရာကတော့ မော်နီတာတွေအတွက် အလင်းရောင်ကို အလိုအလျှောက်ချိန်ပေးတာပါပဲ.

နေ့ခင်းမှာ နေ့ခင်းအလျှောက်၊ ညနေခင်း အလင်းရောင်နည်းသွားချိန်မှာ နည်းသွားတဲ့အလျှောက်၊ ညဉ့်နက်သန်းခေါင် သန်းလွဲအချိန်မှာလည်း သူ့အချိန်အခါအလျှောက် ရှိသင့်တဲ့အလင်းရောင်ပမာဏကို ချိန်ပေးသွားတာပါ.

Download Links:

1. For XP/Vista/Windows 7 Users

2. For Mac OS X

3. For Linux Users



သုံးစွဲကြည့်လိုက်ပါ. ကြိုက်ရင်ဆက်သုံးပါ. မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းတွေကိုလည်း မျှဝေပေးလိုက်ပါ.

မကြိုက်ရင်တော့ ပြန်ဖြုတ်လိုက်ပါ. No Big Deal!

း)

အားလုံးပဲ ကိုယ်ပိုင်ဆိုင်တဲ့ မော်နီတာလေးတွေကို အားရပါးရ မျက်စိမညောင်းတမ်း ရှုစားအရသာခံနိုင်ကြပါစေဗျားးးးး

မှတ်ချက်။

ဒီနေရာက ပို့စ်လေးကို သင့်တော်သလို ဘာသာပြန်ရေးသားထားတာ ဖြစ်ပါတယ်.

ချစ်ခင်စွာဖြင့်

ရန်အောင်.

17 comments:

သဒ္ဓါလှိုင်း said...

ဖတ်သားမှတ်သားသွားပါတယ်ကိုရန်အောင်..။
အမြဲကွန်ပြူတာနဲ့ထိတွေ့နေသူတွေအတွက်
အဆင်ပြေမှာပါ...

ခင်မင်စွာ
သဒ္ဓါ

. said...

ဒီဆော့ဝဲလေးကို သုံးကြည့်နေပြီ။ အရမ်းမိုက်တယ်။း)

ral said...

thank you very Much

snowlover said...

သိုင်းကျူး ပါဆရာ.........နောက်တခါ သိုင်းကျူး

Unknown said...

ကျေးဇူးတင်ပါတယ်ဗျာ ။ အခုပဲသုံးနေပါပြီ ။

.ုko.net2net@gmail.com said...

သံဂဟေလုပ်ပြီးအမြင်အာရုံအားနည်းသွားသော.
ညီကိုယ့် အတွက်အဆင်ပြေသွာပြီ.(ရွေညီကိုယ်).
thank u infinity...ပါ.
ယာယီ---မလေးရှား

motherland said...

အကိုေ​၇ အ၇​မ်းကျေး​ဇူး​တင်ပါ​တယ်ဗျာ....အ၇​မ်း​ဂွတ်တယ်ဗျာ.......

Anonymous said...

အကိုရေ သဘောကျလို့ ကျွန်တော်သူငယ်ချင်းတွေအတွက် ကော်ပီလုပ်ယူသွားတယ် ခွင့်လွှတ်နော် ကျေးဇူးအများကြီးတင်ပါတယ်

Unknown said...

ကျေးဇူးပါ အကို

Unknown said...

ကျေးဇူး အထူး တင်ရှိ ပါတယ် သူငယ်ချင်း အခုအရမ်း အဆင်ပြေ ကွာ။ Thank you so much my fri.

လရိပ်အိမ် said...

ကျေးဇူးတင်ပါတယ်

yannaung said...

ကိုရန်အောင်ရေ ကျေးဇူးအထူး တင်ပါရဲ့ ဗျာ။
သူငယ်ချင်းများကို ဆက်လက်ဖြန့် ဝေခွင့်ပြုပါဗျာ။

aunglaykhaing said...

ကိုရန်အောင်ခင်ဗျား။ကျေးဇူးအရမ်းကိုတင်ပါတယ်။လွန်ခဲ့တဲ့တစ်ပတ်က ကျနော်blogတွေလိုက်ဖတ်ရင်းမျက်စိနာခဲ့ပါတယ်။မျက်လုံးတွေနီရဲပြီးလေးရက်တိတိ ခံစားခဲ့ရပါတယ်။ဒါကြောင့်computerကြည့်တာကိုလျော့ခဲ့ရပါတယ်။အစ်ကိုပေးတဲ့F.luxကိုတွေ့တော့အရမ်းဝမ်းသာသွားပါတယ်။ယူပြီးတော့သုံးနေပါပြီ။ကျနော့်အတွက်တော့F.luxကဆေးတခုပါပဲ။ကျေးဇူးတင်ပါတယ်လို့ထပ်ပြောပါရစေ။လေးစားလျက်ပါ။အောင်လေးခိုင်။

aunglaykhaing said...

ကျေးဇူးတင်ပါတယ် ကိုရန်အောင်။ယူပြီးသုံးနေပါပြီ။

aunglaykhaing said...

Thank you,sir.

dreamerlay said...

ကျေးဇူးကိုရန်အောင်ရေ၊
အခုပဲဒေါင်းပြီးသုံနေပြီဗျာ။သူငယ်ချင်းတွေကိုလည်း ရှယ်လိုက်မယ်နော့ :D

yelinn said...

thank youuuu