Tuesday, March 03, 2009

မယူလိုက်က မိုက်လို့ထင်... ယူလိုက်ပြန်က ကြိုက်လို့ထင်..

ကြားဖူးကြမလားမသိဘူး. စာဆိုတော်မယ်ခွေဆိုတာလေ. သူ့ကဗျာလေးတစ်ပုဒ် ကျွန်တော် ပြန်ရေးပြမယ်နော်. သိသူတွေလည်း သိပြီးရောပေါ့..

ဆေးတံညို တညိုလောက်... ရော့သောက်တော့ပေး...
မယူလိုက်က မိုက်လို့ထင်... ယူလိုက်က ကြိုက်လို့ထင်...
သောက်စေချင်.. ကုတင်တွင်ထောင်ခဲ့ကွယ့်
ညိုနွဲ့ရဲ့လေး........

လှလိုက်တဲ့ ကဗျာလေးဗျာ. နော်.

ရှေးခေတ်က လူပျိုကာလသားတွေ လူပျိုလှည့်တော့ အပျိုလေးတွေအိမ်ကိုသွားကြတာပေါ့ဗျာ. အဲဒီ့မှာ ဇာတ်လိုက်မလေးရဲ့ ဆီးခရစ်အက်ဒမိုင်းယား ကာလသားချော နေထက်လင်း ((အဲလေ.) ယောင်လို့. ရွာတွေမှာ သူ့ကိုကြိုက်ကြတယ်ဗျ. ဤကားစကားချပ်။)

ပြန်ဆက်မယ်ဗျာ. အဲဒါနဲ့ ကာလသားချော ကိုလူပျိုက ဆေးတံကို အထာနဲ့လှမ်းပေးသတဲ့..

ယူလိုက်ပြန်ရင်လည်း သူ့ကို ကြိုက်နေတယ်လို့ ထင်ရော့မယ်. မယူလိုက်ပြန်ရင်လည်း သူ့ကိုမကြိုက်ပါဘူးဆိုပြီး လက်လျှော့နောက်ဆုတ်လို့ နောက်တစ်ယောက်ဆီ ချဉ်းကပ်ရင် ကိုယ့်အမှားဖြစ်ရော့မယ်.

ကဲ. မောင်ကြီးရယ်... သောက်စေချင်တယ်ဟုတ်... ကုတင်နားမှာ ထောင်ခဲ့ပါလားရှင်ရယ်လို့... အပျိုမလေးက ပြန်ပြောတဲ့ အခန်းလေးကို ကဗျာလေးစပ်ထားတာပါ.

ငယ်ငယ်တုန်းက လှစ်ခနဲ အမှတ်တမဲ့ဖတ်လိုက်ရတယ်. ကြိုက်ခဲ့ပါတယ်. ကြီးလာတော့ မေ့မေ့ပျောက်ပျောက်ဖြစ်နေခဲ့ရာက ဒီည ဖတ်ဖြစ်တဲ့ စာပိုဒ်လေးထဲမှာ အဲဒီ့ကဗျာလေးလည်းပါလာရော... ဘလော့ဂါ အင်စတင့် (Blogger Instinct) က ဟုန်းခနဲ ထတောက်ပါလေရောလားဗျာ...

..........

ကြည့်ပါလား.. ရေးထားတာလေးကိုက အထာလေးနဲ့. မသိရင် ဘလော့ဂါကာလသားတွေအားလုံးကိုပဲ ဆိုလိုသလိုလိုနဲ့. ရင်ခုန်သံ စက်သေနတ်ပစ်တယ်ဆိုတာ အဲလိုမျိုးပေါ့. ဘယ်သူထိထိ ထိချင်တဲ့သူထိဆိုပြီး အထာလေးနဲ့ ရေးထားတာ.

ကော်မန့်သွားရေးပြန်ရင်လည်း သူ့ကိုကြိုက်လို့ ထင်တော့မယ်. မရေးပြန်ရင်လည်း သူ့ကို ဂရုမစိုက်ပါဘူးဆိုပြီး အပြစ်တင်ရော့မယ်. အဲဒီ့ဘလော့ဂါဇာတ်လမ်းလေးတစ်ပုဒ်ကို ကျွန်တော် ကိုရေခဲငှက်နဲ့ စကားပြောဖြစ်တော့ သူက ဒီလိုလေး စပ်ပြတယ်ဗျ..

ပို့စ်တင်ခါ အသာတို့ ... ဖတ်ဖို့သူပေး...
ကော်မန့်ရေးက ခိုက်လို့ထင်.. မရေးပြန်က မိုက်လို့ထင်...
ရေးစေချင်...ကုတင်မှာထောင်ခဲ့ကွယ့်.
(အဲလေ..မွှားသွားလို့)
ရေးစေချင်...ပြင်ဆင်ပါ မော်ဒရိတ်
တိုးတိတ်တိတ်လေး....

အဟေးးဟေးး... (အဲဒါကတော့ ကိုရင်ညိမ်းကြီးရဲ့ လက်သုံးရယ်သွမ်းသွေးသံပေါ့. ဘရိတ်အုပ်လိုက်တာပါ..)

ကောင်းသောညပါ မိတ်ဆွေတို့...

ဂွတ်နိုက်နော် မ... (လွမ်းနေမယ်. အိပ်မက်ထဲထိ.)

(လောလောဆယ် ကျွန်တော်အတည်ပေါက်တွေ ရေးလို့ မရသေးလို့ပါ. ခွင့်လွှတ်နော် မ.)

အာဘွားးးး

း)

Y.

17 comments:

ကိုသားငယ် said...

မန့်ရမလား မမန့်ရဘူးလား မစဉ်းစားတော့ပါဘူး ရေးသွားပြီ ကိုရေခဲငှက်ရေ .... စကားမစပ် မ ကဘယ်သူလည်းဗျ....

WWKM said...

ဟတ်ဟတ်.. ရယ် ပြီးမန့်သွားတယ် ကိုရန်အောင်ရေ.
အမြဲတမ်း ရယ်စရာလေးတွေဖန်တီးနိုင်ပါစေရှင်။

ဝတာရှိဝ စူဂိုးခု ပျင်းနေတယ်ဒက်စ်. ကိုရန်အောင်ရဲ့ပို့စ်
လာဖတ်မှပဲ ရယ်ရတော့တယ်။ ဘာပြောပြော..ပြောချင်တာသာပြော မန့်သွားပြီနော်.. :D

Anonymous said...

ဒီလို ရီစရာလေးတွေကြောင့် ကိုရန်ကြီးရဲ့ လိုအင်ဆန္ဒတွေ တစ်လုံးတစ်ခဲ ပြည့်ဝပါစေသော်... ကိုရန်ရေ... အတည်တော့ မပေါက်နဲ့နော်။ နံတယ် နံတယ်... ဂယ်ပဲ... :P

ကိုရင်ညိန်း said...

ထိတ်လန့်တကြားပြေးလာတာ ဒါရိုက်တာရန်ရယ် ..
မင်းသားတင်ရိုက်မယ်မှတ်လို့ :P

ကျွန်တော်လည်း အဲလိုတော့ တွေးမိသားဗျ
ကြိုက်လွန်းတော့လည်း ကွန်မန့်ဖို့က လက်ခက်
မကြိုက်ပဲပေးဖို့ကလည်း လက်မသွက်
ဒါနဲ့ပဲ
ီစီဘောက်စ် မှာပဲ ဟက်ဟက် (ဒါရိုက်တာရန်ရဲ့ လက်သုံးရယ်သံ ပြန်သုံးတယ် :D) လုပ်ခဲ့ရတယ်ဗျာ ။

မေ့သမီး said...

အဲဒီကဗျာကို တော်တော်ကြိုက်ခဲ့တာပါ။ (ကွန်မန့်လဲ ပေးရင်ကောင်းမလား။ မပေးရင်လည်းမိုက်တယ် ထင်ဦးမယ်):P

Rita said...

အသစ်တွေ စောင့်ရတာ ကြာပါပကာ

မင်းမြတ်ဘုန်း said...

ကိုရန်အောင် ကျွန်တော်တစ်ခုမေးချင်လို့။ ကျွန်တော့် ဘလော့ဂ် ကိုဖွင့်ရင် alert message တစ်ခုပေါ်လာတယ် 'ဟေ့ဟေ့. သတိထားနော်. ခင်ဗျား အခုသွားနေတာ ကိုရန်အောင်ရဲ့ ဘလော့ဂ်ဗျ. ဟတ်ဟတ်ဟတ်.'
အဲ့ဒါဘာကြောင့်လဲဗျ။ ကျွန်တော်လည်း ဘလော့ဂ်ဘက်မလှည်ဖြစ်တာ အတော်ကြာသွားတယ် အဲဒါကြောင့် ဘယ်သူဝင်ကလိသွားလဲမသိဘူး ကူညီပါဦးဗျာ။ ဘယ်နေရာကနေသွားဖျက်ရမလဲ ဟဲဟဲ။

khin oo may said...

ဘယ်သူများပါလိမ့်။ မတွေ့မိပါလား။

မသက်ဇင် said...

လွမ်းနေမယ်--မ
မ-ကို ကိုရန်အောင့်အစားပြောပေးတာ--

Layma said...

မ.. သာမကယ်ရင်.
ကိုကို ကာလသားက ပျိုပျို ဘလော့ဂ်ဂါများကို ရိသဲ့သဲ့လုပ်တယ်လို့  အပြောခံရဦးတော့မှာ....။

ကိုရန်အောင်ရဲ့ အရွှန်းဖောက်ရေးတတ်တဲ့ ပညာလေးကို ခေါက်သိမ်းမသွားပါစေနဲ့ ... မ.. ရေ...။

တီချမ်း said...

ကျေးဇူးပါတော်

“မ၀ယ်ဘူး မယ်ခူးတဲ့ဖက်စို” ပဲကြားဖူးတာ

တကယ်ပါ မယ်ခွေကိုကြိုက်တယ်
နာမည်နဲ့တင်ကြိုက်တာ
ကျုပ်ကလဲအားရင်ခွေနေချင်တာဆိုတော့လေ
တွေ့လားနာမည်တောင် ခခွေး ပါအောင်ပေးထားတာသာကြည့်တော့

မန့်ချင်ပေမယ် ထောင်ရင်လဲမှာစိုးတာကြောင့်
နောင်မှပဲ
“မ” နဲ့တွေ့ရင်ပြောလိုက်မယ်
ဒါရိုက်တာ ရန်ကြီးလွမ်းနေတယ်လို့ နော်
အဟွင်းဟွင်းဟွင်း

ကိုရင်နော်ခင်လေးငယ် said...

မန့်မှာပဲ မန့်မှာပဲ..း)

Pinkgold said...

ဆေးလိပ်သောက်ထားတဲ့ ပါးစပ်ကြီးနဲ့တော့ မ ကို သွားမနနမ်းနဲ့နော်.. မောင်းထုတ်နေမှ ပြေးပေါက်မှားမယ်.. အဟေး ဟေး (ကရင်ညိမ်း ဆီမှ အတုခိုးသည်)

လင်းဦး(စိတ်ပညာ) said...

အဟဲ.. ဆေးလိပ်ကြိုက်ဘူး ကိုရန်အောင်က... :)

မေဓာဝီ said...

ဗျို့ ကိုရန်လေး ...
ဆေးတံတို တညိုလောက် မဟုတ်ဘူးလား။
တို နဲ့ ညို လွဲနေသလိုပဲမို့ ... ။
ကြည့်ရတာ ကိုရန်လေးရဲ့ "မ" နာမည်က "ညို" ပါသလားမသိဘူး။ တညိုညိုနဲ့ :D

ရေခဲညှပ် ကဗျာလေး မိုက်တယ်။
မော်ဒရိတ်တော့ ပြင်နိုင်ဘူးနော် ...
ချစ်သူတွေများနေလို့ ဟဲဟဲ

"ဂွတ်နိုက်နော် မ" က ဘာမှလဲ ဆိုင်ဘူးနော်။
ဇွတ်ပါလား။

ဒါနဲ့ ... ရေရော ချိုးပြီးရဲ့လား။ :P

MELODYMAUNG said...

ိထင်ချင်ရာသာထင် ကြုံတုန်းမန်တယ်ကွာ
ဘာဖစ်လဲ ဘာဖစ်လဲ :P
အော် စကားမစပ် ရေခဲညှပ်ရဲ့ “မ” နဲ့လဲ မိတ်ဆက်ပေးသေးဘူး :)

သုမွန် said...

ရယ်ရတယ်..ဗျို့။ စိတ်နှလုံးထဲထိ တကယ့်ကို ဟက်ဟက်ပက်ပက်ပါပဲ။ တစ်နေ့လုံး ပင်ပမ်းခဲ့သမျှ စိတ်ထဲက အစိုင်အခဲတွေ ပုတ်ထုတ်လိုက်တဲ့အတိုင်းပဲ။ ကျေးဇူးစင်္ကြာဝဠာပါနော်..။ :)